12 (Unicode)

332 57 2
                                    

ဘယ်အချိန်တုန်းက စေ့စပ်ကြောင်းလမ်းခဲ့ပါသည်လဲ? သိချင်မိပါသည်။ သူနဲ နှစ်ယောက်တည်း မျက်နှာချင်းဆိုင်ရှိတဲ့အခါ ဘယ်ကတည်းက ဖုံးကွယ်ထားခဲ့တာကိုလည်း မေးချင်သည်။ဒါက အပြစ်တင်ဖို့တော့ မဟုတ်ဘူး။ သူ့ဆီက ဆင်ခြေတွေကို ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် နားလည်ပေးဖို့ကြိုးစားနေမိတာ!

သေချာတာတော့ သူ Jeongwooကိုမမုန်းပါဘူး ဘယ်တော့မှလည်း မုန်းနိုင်မှာမဟုတ်ဘူး စိတ်ပျက်မှာလည်းမဟုတ်ဘူး ဒီလိုအခြေအနေတွေဖြစ်လာစေတဲ့ ကံတရားကို မုန်းရမှာပေါ့။ Jeongwooမှ အပြစ်မှမရှိတာ!

"အိုးးးမိုးးး လှလိုက်တာ အဖွဲ့မှူးBang"

အရုပ်မကိုဝတ်ပေးထားတဲ့ Hanbok ဝတ်စုံအဖြူရောင်လေးက လှပဝင့်ထည်စွာနဲ့ အခန်းထဲမှာ နေရာယူထားတယ်။အဖွဲ့သားတွေက သူ့ကိုဝိုင်းချီးကျူးတဲ့အနေနဲ့ လက်ခုပ်ဝိုင်းတီးကြပေမယ့် Eunbyulကတော့ အနားကိုလာပြီး တအံ့တဩနဲ့ ဂုဏ်ယူတဲ့အပြုံးတွေ ပြုံးပြလာတယ်။

"Eunbyulကျေးဇူးတွေလည်း အများကြီးပါတယ်လေ"

"မဟုတ်တာ နေမကောင်းတာတောင် မနားပဲ အလုပ်ကိုအလေးထားတဲ့ အဖွဲ့မှူးကို ကျွန်မက ခြေမှုန်တစ်မှုန်တောင် မမှီရပါဘူးနော်"

သူတို့ရဲ့ဝတ်စုံက P&K Designဌာနမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတယ်။အဓိကကတော့ ဥက္ကဌရဲ့ချွေးမက ဒီဝတ်စုံ ဝတ်မှာလေဆိုတဲ့ စိတ်မျိုးနဲ့ လာကြည့်ကြတာဖြစ်ပါလိမ့်မယ်။ အနားနားမှာ လာရပ်ပြီး တီးတိုးပြောနေကြတဲ့ ဝန်ထမ်းတွေဆီက ​စကားသံတချို့က ကြားနေရတယ်။

"တကယ်မထင်ထားဘူးဟယ် ဟိုနေ့ကတောင် ဥက္ကဌကြီးရဲ့ သားကို ငါတွေ့လိုက်သေးတယ် သူကလေ သူ့ချစ်သူကို သိပ်ဂရုစိုက်တာပဲဟယ်" တဲ့။

"နင် ပါတီပွဲသွားတက်သေးတာလား"

"ငါတို့ဌာနက ဌာနမှူးကိုခေါ်တော့ ငါလည်း လိုက်သွားတာ... အဲ့မှာ ဥက္ကဌရဲ့သားလေးက ကြည့်လို့ကောင်းချက်ပဲ သူ့ချစ်သူလေးကို ဘယ်သူမှ အထိမခံဘူး"

နောက်ကျောဘက်ကနေ တိုးတိုး တိုးတိုး ပြောနေကြတဲ့ အမျိုးသမီးဝန်ထမ်းနှစ်ယောက်ရဲ့ စကားဝိုင်းကို Bang Yedam ဆက်ပြီးနားမထောင်ချင်တော့တာကြောင့် ကုမ္ဘဏီမြေညီထပ်က ကန်တင်းကို လျှောက်လာလိုက်တယ်။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now