13 (Unicode)

388 59 24
                                    

"ပြပါအုံး နာသွားသေးလား"

Bang yedamက သူ့လက်ကို တယုတယနဲ့ စိတ်ပူစွာ ကိုင်ကြည့်နေတဲ့ သူ့ရှေ့က Jeongwooကို ကြောင်ကြည့်နေမိတယ်။

"နောက်တစ်ခါ အဲ့လူနဲ့ စကားမပြောနဲ့! သတိထားမှပေါ့ လက်မှာ သွေးချေဥနေပြီ ဒီမှာတွေ့လား"

"အင်... ဘာလာလုပ်တာလဲ"

"ဝတ်စုံရပြီဆိုပြီး Eunbyulက message လှမ်းပို့လာတယ်ထင်တာပဲ အဲ့ဒါ Yeriက အရမ်းတွေကြည့်ချင်နေပါပြီဆိုလို့ ဒီကို လိုက်ပို့ပေးတာ"

"အော်"

လက်ကို မလွှတ်သေးဘဲ စကားတွေပြောနေတဲ့လူက သူ့အပေါ် ခံစားချက်တွေရှိနေသေးတာလား? ဟုတ်တယ်မလား? ဘာလို့မျှော်လင့်ချက်တွေ လာလာပေးရတာလဲ Jeongwooရာ!

"အဲ့ဒီမှာ ဘာထိုင်လုပ်နေခဲ့တာလဲ? သူက ခင်ဗျားခါးကိုတောင် ကိုင်ဖို့လုပ်နေပြီကို! ကျွန်တော် စိတ်ပူအောင် ဘာလို့လုပ်ရတာလဲ"

"မင်းက ဘာလို့စိတ်ပူတာလဲ! ငါတို့က ချစ်သူတွေမှ မဟုတ်ကြတော့တာ"

"ဒါပေမယ့်လည်း ကျွန်တော် စိတ်ပူတယ်"

"မရဘူး မင်း ငါ့ကိုဒီလိုလုပ်လို့မရတော့​ဘူးလေ Jeongwooရဲ့"

Bang Yedamက သူ့လက်တွေကို Jeongwooဆီကနေ ဆွဲယူပစ်ပြီး တဖြေးဖြေး နောက်ကိုဆုတ်သွားတယ်။အနားမှာ ဘယ်သူမှမရှိဘူးလို့ခံစားရပေမယ့် အနည်းဆုံးတော့ Jeongwooပေါ်လာပေးလို့ သူ ပျော်ပါသည်။ဒါပေမယ့် သူတို့က အရင်လိုမျိုးမှ မဟုတ်တော့ဘဲ။Jeongwooက လက်ထပ်တော့မှာမလား....

"ငါ့ဘက်က မင်းကိုချစ်နေပေမယ့် မင်းဘက်ကတော့ ချစ်လို့မရတော့ဘူးလေ Kim Yeriအပေါ်ကိုတော့ မင်း သစ္စာထပ်ဖောက်လို့မဖြစ်ဘူးလေ"

"ဟမ်?"

ပြေးထွက်သွားတဲ့ Hyungကို Jeongwooက ငိုင်တိုင်တိုင်လေး ကြောင်ကြည့်နေလိုက်တယ်။မဟုတ်မှလွဲ Hyungက သူနဲ့ ဟိုယွစိန်မကို အထင်လွဲနေတာတော့....မဟုတ်ဘူးမလား?

အခုချိန်အထိ ထုတ်ပြောလို့မရသေးပေမယ့် တစ်ချိန်ချိန်တော့ Hyungက သူ့ကိုနားလည်လာပေးမယ်လို့ Jeongwoo မျှော်လင့်မိနေတယ်။ ပူပြင်းတဲ့ နေ့လည်ကြီးမှာ နေလုံးကြီးဟာ ခေါင်းပေါ်တည့်တည့်ရောက်နေပေမယ့်လည်း Hyungရဲ့ သူစိမ်းဆန်ဆန် စကားတွေကြောင့် Park Jeongwooရဲ့ ရင်ဘတ်ကြီးကတော့ အေးစက်သွားပြီသာဖြစ်တယ်။

.............................

"အဲ့တော့ မင်း ဘာဆက်လုပ်မှာလဲ"

Yoon Jaehyukက စီးကရက်ကို မီးညှိလိုက်ပြီး မီးခြစ်ကို သူတို့ရှေ့က စားပွဲပေါ် ပစ်ချလိုက်ရင်း မေးတယ်။စားပွဲပေါ် ခေါင်းငိုက်စိုက်ကျနေပြီး ရုပ်က depression downနေတဲ့ ရုပ်နဲ့မို့ Jeongwooရဲ့ ဖြစ်ပျက်နေတဲ့အခုရုပ်က ဘေးနားက ဖြတ်သွားတဲ့လူတောင် အသည်းကွဲနေမှန်း သိသာတဲ့ရုပ်မျိုး။

"မှိုင်မနေစမ်းပါနဲ့ အဆင်ပြေသွားမှာပါ"

"ဘယ်လိုမျိုးလဲ"

"သူတို့က ဒီလိုပဲ အတွေးလွန်ကြတဲ့သူတွေလေ... Sahiဆိုလည်း အမြဲ ငါပြန်ရောက်တာနဲ့ တစ်ခုမဟုတ်တစ်ခု ပြဿနာရှာနေကြ၊ လူနာက အထီးလားအမလားမသိ ဂျူတီကုတ်ပေါ် အမွှေးမြင်တာနဲ့ ငါက သူ့ကိုထားခဲ့တော့မလိုလို ငါကပဲ ငပွေငရှုပ်ကြီးလိုလို ဒရာမာတွေ ခင်းနေကျ"

Jeongwooက စိတ်ဓာတ်ကျနေရာကနေ သူ့ရဲ့ bestie သူငယ်ချင်းပေးတဲ့ မိုတီကြောင့် ပိုပြီးစိတ်ဓာတ်ကျသွားတော့တယ်။တကယ်ကို Hyungသာအမားမှာရှိရင် စိတ်ရှိလက်ရှိ ဖက်ထားပလိုက်ချင်တော့တယ်။

စားပွဲထိုးလာချသွားတဲ ဝီစကီပုလင်းထဲက အရက်တချို့ကို ခွက်ထဲထည့်ရင်း ရေခဲထည့်ခိုက်ပြီး လှုပ်ခါနေလိုက်တယ်။ပြီးတော့မှ သူပြောမိတာက

"မင်းဟာက အသေးစားပြဿနာလေးလေ ဒါကြီးက လက်ထ​ပ်တာအထိတွေးချလိုက်တာကွ ရွှေချချင်စရာ ဦးနှောက်လေးတွေ"

"အဲ့ဒါများ မင်းဘာလို့ တကယ်ကြီးလမ်းခွဲခဲ့သေးလဲ"

"ချစ်လို့ပေါ့ တွဲနေရင်းနဲ့ပစ်ထားမိတာထက်စာရင် မတွဲပဲ ဂရုစိုက်ပေးတာက ပိုကောင်းတယ်လေ"

"သောက်ရူးကောင်! ဒါမျိုးတော်ကီတွေ ငါ့လာမပြောဘဲ မင်းအချစ်ဆုံးကိုသွားပြောရမှာ"

အပြောတောင်မခံပဲ ထွက်ပြေးသွားတဲ့ သူ့ကောင်လေးက ဘယ်လောက်ထိ တုံးအသလဲ ဘယ်လောက်ထိအတွေးလွန်တတ်သလဲ Jeongwooကလွဲပြီး ဘယ်သူမှ သိမည်မထင်။

ပုံမှန်ဆို Jeongwooက အရက်မသောက်တတ်။ဒါကလည်း သူ့ကိုအရက်တွေသောက်လာရင် အနားကပ်မခံတဲ့ Hyungကြောင့်သာ။အခုတော့လည်း ရင်နာနာနဲ့ သောက်မိတာပါပဲ ဘေးမှာတားမဲ့လူမှမရှိတာ!

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now