15 (Unicode)

359 58 6
                                    

သူတို့ကြားမှာ ရှိနေတာဆိုလို့ လေထုအနည်းငယ်သာ ခြားတော့တယ်။အဓိကကတော့ Park Jeongwooဆိုတဲ့ တဇွတ်ထိုးသမားက သူ့ကိုလာဖက်ထားပြီး မလွှတ်ပေးတော့တာပဲ!

"မင်း ငါ့ကိုလွှတ်ပေးအုံး"

"ခနလေးပါ...ခနလေးပါပဲ...ကျွန်တော် ဘာမှမလုပ်ပါဘူး ဒီတိုင်းလေး..."

"ဒီတိုင်းလေး ဖက်ထားချင်လို့ပါ ငါးမိနစ်.... မဟုတ်ဘူး တစ်မိနစ်လောက်ပါပဲ"

Bang yedamက စိတ်ထဲမှာတော့ အပြည့်အဝ တွန်းထုတ်လိုက်ချင်ပေမယ့်လည်း သူ့ကိုယ်ကတော့ သူ့စကားကိုနားမထောင်နိုင်ခဲ့ဘူး။ဒီလူသားကို ထပ်ပြီး တွန်းဖယ်ပစ်လိုက်ဖို့ရာ သူ့လက်တွေက သွေးမရှိတော့တဲ့အတိုင်း ရုတ်တရပ် အားအင်ချိနှဲ့သွားသလိုပါပဲ။ တွန်းမထုတ်နိုင်ခဲ့ဘူး!

Park Jeongwooရဲ့ သူ့ရဲ့အရက်သောက်ထားတဲအရှိန်ကြောင့် နီမြန်းနေတဲ့ မျက်နှာကို Bang Yedamရဲ့ ပုခုံးတွေအပေါ် တင်ထားမိတယ်။ဖက်ထားတဲ့ လက်တွေကို လွှတ်မပေးတော့ဘဲ ပိုပြီးတင်းကြပ်လိုက်ရင်း သူနဲ့ဝေးကွာနေတာကြာခဲ့ပြီဖြစ်တဲ့ Hyungကိုယ်က baby powderအနံ့လေးကို လေထုထဲကနေတဆင့် ရှူရှိုက်နေတယ်။ဒီHyungကတော​့ အမျိုးမျိုးလည်းတတ်နိုင်ပါပေတယ် ဘယ်လိုအခြေပနေမျိုးရောက်နေပါစေ သူမှသူဖြစ်နေအောင် လုပ်တတ်တယ်။

နောက်ဆုံးတော့ လွှတ်ပေးလိုက်ပါပြီ။အကြာကြီးဖက်ထားမိရင် Hyungအသက်ရှူကြပ်သွားမှာပေါ့

"အဲ့ဒါက ဘယ်လဲ"

"Hyungပဲ ဟိုဘက်အခန်းမှာ သွားအိပ်ဆို! အဲ့ဒီကိုသွားမလို့လေ"

"အဲ့ဒါကရော ဘာဖြစ်သွားရပြန်တာလဲ"

"ဒီမှာဆက်နေရင် ကျွန်တော် စည်းကျော်မိသွားလိမ့်မယ် ဘာကိုပြောချင်တာလဲဆိုတာ Hyungသိတယ်မလား"

အခန်းထဲကနေ လေးတိလေးကိုင် ​ခြေလှမ်းတွေနဲ့ ပြောချင်ရာပြောပြီး ထွက်သွားတဲ့ Jeongwooကို သူ ကြောင်ပြီးရပ်ကြည့်နေမိတယ်။ကံတရားက မယုံနိုင်စရာပါပဲ... သူ့ဆီက ဒဏ်ရာတွေပေးလိုက် ဆေးလေးကျွေးလိုက်နဲ့ ခနခန စိတ်ခံစားချက်တွေကို လာကစားနေတဲ့ သူကိုမှ တန်းတန်းစွဲချစ်မိနေအောင် သည်းခံပေးမိနေအောင် လုပ်ထားရက်တာပဲ။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now