4 (Unicode)

377 61 6
                                    

"ဒီနေ့ Jeonjuကိုသွားမယ်မလား အဖွဲ့မှူး"

ပိုးထည်တွေသွားဝယ်ဖို့အတွက် Jeonjuက ယက်ကန်းရုံကိုသွားရမဲ့ နေ့ဖြစ်တယ်။Yedamက နာရီကိုတစ်ချက်ကြည့်လိုက်တယ်။နေ့လည် 10နာရီဆိုတာ မစောတော့ဘူးပဲ!

"အင်း သွားမှာပေါ့"

"ရထားနဲ့ပဲမလား အဖွဲ့မှူး"

"ဒီနေ့တော့ ရထားက လူကြပ်မယ်ထင်တယ် အဲ့လိုဆိုနောက်ကျသွားမလားမသိဘူး"

"တက်စီနဲ့ဆို ကျွန်မရဲ့ credit cardလေး ဘဝပျက်ရလိမ့်မယ် အဖွဲ့မှူးBang"

အပတ်စဥ် တနင်္လာနေ့ရဲ့ 9နာရီ-10နာရီဟာ ရထားလူအကြပ်ဆုံးအချိန်သာ။တခြားတော့မဟုတ်၊ Super Sandayမှာ ညနက်တဲ့အထိနေကြပြီး မနက်ကြမှ ကုန်းရုန်းထပြီး ဘူတာကိုအလျင်မှီအောင် တိုးပြီးစီးကြတဲ့ ဝန်ထမ်းတွေရဲ့သဘာဝကြောင့်သာ။

"ငါ့မှာ ကားပါတယ် လိုက်ပို့ရမလား?"

"Noaက အလုပ်ရှိတယ်မဟုတ်ဘူးလား?"

"မနက်ခင်းအချိန်ဇယားတစ်ခုလုံးက ပြီးသွားပြီ Yedamအဆင်ပြေရင် လိုက်ပို့ပေးမယ်လေ"

"ဒါဆိုလည်း အကူအညီတောင်းပါတယ်"

ဒီလိုနဲ့သူတို့က ကားအဖြူလေးပေါ် တက်လိုက်သွားပြီး Jeonjuနယ်မြို့လေးဆီကို သွားကြတော့တယ်။ရှေ့ခန်းက နေရာမှာတော့ Bang Yedamမထိုင်ဖြစ်ပါ။ ဘယ်သောအခါမှလည်း သူ lover seatမှာ ထိုင်ဖြစ်တော့မှာမဟုတ်... Jeongwooက သူ့ကိုမှာထားဖူးတယ်။ သူမောင်းတဲ့ကား မဟုတ်ရင် ဘယ်သူဘာပြောပြော အဲ့ဒီနေရာမှာမထိုင်ဖို့လေ။ဒါကြောင့် EunByulကိုပဲသွားထိုင်ဖို့ တိုက်တွန်းလိုက်တယ်။

ကားခလည်း မကုန်တော့တာမို့ Eunbyulတစ်ယောက်ကတော့ သူ့ရဲ့ဘေးလွယ်အိတ်ထဲကနေ သရေစာတွေတစ်ခုပြီးတစ်ခုထုတ်စားနေသေးတယ်။

"Ya! ငါ့ကားထဲမှာ သရေစာမစားပါနဲ့လို့ နင့်ကို ဘယ်နှခါပြောရမလဲ?"

"စားချင်စားမှာပေါ့ဟယ် ဘယ်လိုဖြစ်နေလဲ စကားကိုတအားများတယ်"

"နင့်ကိုကားပေါ်ကနေ ကန်ချပစ်မယ်"

"လာစမ်းပါ ဒါလေးစားလို့ကောင်းတယ် အာ~"

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now