7 (Unicode)

356 61 12
                                    

တက်စီကိုလက်ပြတားနေရင်းနဲ့ပဲ သူ့နားကို ကားတစ်စီးလာရပ်တာကြောင့် လှည့်ကြည့်လိုက်တယ်။

"Oh! Bang designer-nimလား အခုထိ မပြန်ရသေးတာလားဟင်"

သူ့အနားကို ထိုးရပ်လာတဲ့ ကားအဖြူရောင်တစ်စီးထဲကနေ အသံထွက်လာတာကြောင့် ပင်ပန်းနေတဲ့ကြားက ခေါင်းမော့ပြီးကြည့်လိုက်တယ်။

"Kim Yeri-shi? "

"တက်စီနဲ့ပြန်မနေပါနဲ့ ညီမတို့ လိုက်ပို့ပေးမယ်လေ"

"ဟို...ရပါတယ်"

"မရပါဘူး လာပါ တစ်ယောက်တည်းပြန်လို့ မကောင်းတဲ့ တက်စီသမားနဲ့တွေ့ရင် ညီမတော့ ရင်ကျိုးရတော့မှာပဲ"

"ဟင်"

ပြုံးစစနဲ့ သူ နားမလည်နိုင်တဲ့ စကားတွေကိုပြောနေတဲ့ တစ်ဖက်မိန်းကလေးကြောင့် Bang yedamလည်း ဘာမှပြန်မပြောနိုင်တော့ပဲ ကားနောက်ခန်းကိုအသာလေးဝင်ထိုင်လိုက်တယ်။

နောက်ခန်းမှာ အရင်ထိုင်နှင့်ပြီးသား သူနှင့် ဝေးနိုင်သမျှ အဝေးဆုံးကို တိုးပြီး ကားမှန်ဘောင်နားတိုးပြီး ထိုင်နေရသည်။ရှေ့ခန်းမှာ​တော့ Kim Yeriက ကားမောင်းနေပြီး lover seatကိုတော့ ပစ္စည်းတချို့တင်ထားတာကြောင့် သူ့မှာရွေးချယ်စရာမရှိပဲ နောက်ခန်းကိုဝင်ထိုင်လိုက်ရတာပင် ကံဆိုးချင်တော့ ရည်းစားဟောင်း ကောင်လေးက အရက်နံ့တထောင်းထောင်းနဲ့ နောက်ခန်းမှာ ထိုင်နေတာဖြစ်နေတယ်။

သူ့ဘက်ကို တဖြေးဖြေးကွေးညွှတ်ပြီး လှဲကျဖို့ကြိုးစားလာတဲ့ Jeongwooကြောင့် Bang yedamက ဘာလုပ်ရ၊ဘာကိုင်မှန်းမသိတော့။

"ဟို...ဟို... သူက မူးနေတာလားဟင် Yeri-shi"

ရှေ့ခန်းက အမျိုးသမီးကို အကူအညီ​တေညင်းတဲ့အသံနဲ့လှမ်းပြောပေမယ့် သူလည်းအဆင်ပြေတဲ့ပုံမပေါ်။သောက်တော့သောက်ထားသည်ထင်ပါ၏ နည်းနည်းရီသံနှောပြီး စကားပြန်ပြောလာရှာတယ်။

"ဟုတ်တယ် ညီမတို့ meetingတစ်ခုကနေ အလုပ်ကိစ္စနဲ့ ပြန်လာတာလေ ဟိုက လုပ်ငန်းရှင်တွေက ဇွတ်ဝိုင်းတိုက်နေလို့ မနည်းရှောင်ထွက်လာရတယ်"

"အော်~"

သူ့ပေါင်ပေါ်ကို လှဲအိပ်လာတဲ့ Jeongwooကြောင့် Bang Yedamက ကိုယ်ကို မတ်မတ် ဆန့်မိပြီး ခေါင်းကို အောက်ငုံ့မကြည့်ရဲတော့ပေ။ဒီခံစားချက်က ဘယ်လိုမျိုးကြီးလဲသူမသိ။သူတို့တွဲတုန်းကထက် ပိုပြီးခုန်နေတဲ့ မူမမှန်ရင်ခုန်သံတွေက သူ့ကိုယ်ကို သစ္စာဖောက်နေသလိုပဲ။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now