16 (Unicode)

374 65 17
                                    

ဘယ်မှာမှ ရှာလို့မတွေ့။ ဖုန်းကလည်းမကိုင်။ သူ့ကိုစိတ်ပူအောင်လုပ်တဲ့နေရာ တကယ်ပဲ Bang Yedamဆိုတဲ့ Hyungက ထိပ်ဆုံးကနေ ပြိုင်ဘက်ကင်းပဲ။

Park Jeongwooက သူတို့သွားနေကြ နေရာတွေမှာလိုက်ရှာပေမယ့် မတွေ့တော့တာကြောင့် Daeguမှာရှိတဲ့ဆိုတဲ့ Hyungရဲ့အိမ်ကို လိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။အမှန်တော့ Hyungမှာ မိဘတွေမရှိကြတော့မှန်း သူသိခဲ့ရတာ သိပ်မကြာသေး။ဒါတွေလည်း သူ့ကိုပိပိရိရိ ဖုံးထားနိုင်ပြီး တစ်ယောက်တည်း ကြိတ်ခံစားနေလေရဲ့။ များသောအားဖြင့် ညည်းညူခြင်းမရှိဘဲ အလုပ်ကြိုးစားတဲ့သူ့ကောင်လေးက အမျိုးကောင်းသား အလိမ်မာတုံးလေး။

အမှန်တော့ တွဲလာတဲ့နှစ်တွေမှာ Hyungက သူ့ကို လျှိုထားတာတွေများသလို ဘာကိုမှထုတ်မပြော။အဲ့တော့လည်း အရူးအမူးဖြစ်နေတဲ့ သူကပဲ အကုန်လိုက်စုံစမ်းပြီး အကြိုက်တွေ မကြိုက်တာတွေကို သတိထားဖို့လုပ်ခဲ့ရတယ်။

Noteထဲမှာ ချမှတ်ထားဖူးတဲ့ လိပ်စာလေးကိုတစ်ချက်ကြည့်ရင်း Jeongwooက သူ့ရဲ့ စလုံး​ကားအပြာလေးကို Daeguမြို့ဆီ ဦးတည်လိုက်တယ်။ချမ်းစိမ့်စိမ့်ရာသီဥတုက သူနဲ့အတူလိုက်ပါလာတယ်။ Hyungက အနွေးထည်မှ ဝတ်သွားရဲ့လားမသိဘူး တကယ်ပါပဲ!

.........................

"အဘွား~ နေကောင်းရဲ့လား"

စိုက်ပျိုးရေးတွေလုပ်ကြတဲ့ Hyungရဲ့အဘိုးအဘွားနှစ်ယောက်ကို သူရင်းနှီးနေပါသည်။လစဥ် ဒီကို Hyungမသိအောင် အလည်လာနေတော့ သူတို့ဆက်ဆံရေးက ကြားလူဝင်စရာမလို။

"အိုက်ဂူး ဒါဘယ်သူလေးတုန်း! Jeongwooလား"

"Nae ဘွားဘွား"

"အဘွားက မင်း လာမယ်လာမယ်နဲ့ဟိုတလောကတောင် ေစာင့်နေတာ အခုမှ ဗြုန်းစားကြီး ဘာလာလုပ်ရတာတုန်း အလည်လာတာလား"

လယ်စိုက်တဲ့ ဖိနပ်အမည်းကြီးတွေစီးထားပြီး တခြားလမ်းကနေ ပြန်လာတဲ့ အဘိုးဖြစ်သူနဲ့ အဘွားဖြစ်သူကို Jeongwoo​က ခေါင်းရမ်းပြလိုက်ပြီး အနားကိုတိုးသွားရင်း

"ဘယ်ကလာ ဒီတစ်ခေါက်က မြေးတောင်းဖို့ ရောက်လာတာလေ ဘွားဘွားရဲ့။ Yedamie Hyungရှိတယ်မလား"

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now