14 (Unicode)

346 58 22
                                    

"ဟေ့ကောင် ဟေ့ကောင် မင်းတော်တော့ များနေပြီ"

"ဖယ်စမ်းပါ မှာပြီးရင် ကုန်အောင်သောက်ရမှာလေ လူသားဆန်ပစ်လိုက်စမ်းပါ"

Yoon Jaehyukက စားပွဲပေါ်ကနေ ခေါင်းမထောင်နိုင်တော့တာတောင် ဆက်သောက်ဖို့ကြိုးစားနေတဲ့ ဂျစ်ကန်ကန်ကောင်ကို ဆက်ပြီးမတားဖြစ်​တော့။သူ တားလို့လည်း ရမှာမဟုတ်တာကြောင့် တားနိုင်မဲ့သူတွေဆီကိုပဲ ဖုန်းဆက်ခေါ်ဖို့ လုပ်ရတော့တယ်။

ဖုန်းထုတ်ပြီးထသွားမယ်ကြံတော့ အင်္ကျီစကို ဆွဲထားပြီး မူးမူးရူးရူးနဲ့ စကားလာပြောနေတဲ့ Jeongwooကို သူပြန်ဖြေပေးလိုက်တယ်။

"မင်း ဘယ်သူ့ဆီခေါ်မလို့လဲ"

"မင်းအိမ်ကိုလေ!"

"အိမ်ကိုမခေါ်နဲ့... Damie Hyungကိုခေါ်ပေး! သူမလာရင် ငါမပြန်ဘူး"

မူးနေတာတောင် ဒီကောင်က သူ့ကို ဒုက္ခပေးနိုင်ဖို့ ပလန်ကြိုဆွဲထားသလားပဲ။သူ့ရည်းစားဟောင်းဆီ လှမ်းခေါ်လို့ ဟိုက လာဆွဲထိုးသွားရင် ခံရမဲ့သူက ဒီက Yoon Jaehyukပဲကို..ဟူးး ရူးချင်တာပါပဲ။

"Hello! Yedamလား"

"အင်း ပြော"

"ဒီမှာ Jeongwooမူးပြီးမှောက်သွားလို့"

"အဲ့ဒါ ဘာလုပ်ရမှာလဲ သူ့ရည်းစားကို သွားပြောလိုက်လေ"

တစ်ဖက်လူဆီကနေ စိတ်ဆတ်ဆတ်နဲ့အအော်ခံလိုက်ရတာကြောင့် Yoon Jaehyukက မှောက်လဲနေတဲ့ စားပွဲပေါ်က ငမူးကောင်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။တော်တော် ဂျုိမွှေတဲ့ကောင်စုတ်လေး!

"အဲ့ဒါကြောင့်ပဲ အခု သူ့ရည်းစားကို ဖုန်းဆက်ခေါ်လိုက်တာလေ"

"......"

ဖုန်းကျသွားသည်လားမသိ အသံမကြားရတော့တာကြောင့် ဖုန်းကို နားနားဘေးကနေခွာပြီးကြည့်ပြန်တော့လည်း ဖုန်းက မကျသွားသေးပါဘူး Bang yedamဆီက အသံမကြားရတော့တာကြောင့် Jaehyukက ဟယ်လို ဟယ်လိုနဲ့ ေပြာရတာပင် ဖတ်ဖတ်မောနေပြီ။အဆုံးသတ်မှာတော့ တစ်ဖက်လူက ဆောင့်ကြီးအောင့်ကြီးနဲ့ပြန်ပြောလာတယ်။

"လိပ်စာပို့လိုက်!"တဲ့။ အမှန်ဆို သူတို့ကိုလည်း ကိုယ်က ကူညီပေးရသေးတယ်မဟုတ်လား? ဒါဘယ်လိုကျေးဇူးကန်းမှုကြီးလဲ? အသွင်တူလို့ အိမ်သူဖြစ်တယ်ဆိုတဲ့ စကားဟာအဆန်းတော့မဟုတ်။ နှစ်ယောက်လုံးက မာနကြီးတစ်ခွဲသားနဲ့ မျက်နှာအရမ်းပြောင်းကြတာချင်းတူလို့လည်း တွဲဖြစ်သွားကြတာနေမယ်။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now