3 (Unicode)

389 61 7
                                    

"နောက်ဆုံးတော့ တွေ့ရပြီ! တွေ့ရတာဝမ်းသာပါတယ် Bang Designer-nim.... ညီမနာမည်က Kim Yeriပါ"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်"

စားပွဲပေါ်မှာ ချထားတဲ့ လက်ဖက်ရည်ခွက်အသေးလေးကို တင်းနေအောင်ဆုပ်ထားရင် စားပွဲတစ်ဖက်မှာ ထိုင်နေတဲ့ အမျိုးသမီးကို လှမ်းနှုတ်ဆက်လိုက်မိပေမယ့် စိတ်ထဲကတော့ သူမဘေးမှာထိုင်နေတဲ့ Jeongwooဆီကို အာရုံရောက်နေမိတာ ခက်တာပဲ!

"ညီမက USမှာ နေခဲ့တာလေ အဲ့ဒီမှာလုပ်တဲ့ fashionပွဲတိုင်းလိုလို Bang Designer-nimရဲ့ hanbokတွေ တွေ့နေကြဆိုတော့ အရမ်းတွေ့ဖူးချင်နေခဲ့တာ"

"အာ...ဟုတ်ကဲ့"

"နောက်ပြီး ဘဝမှာတစ်ခါပဲရမဲ့ လက်ထပ်ပွဲလိုဟာမျိုးမှာလဲ Bang Designer-nimချုပ်ပေးတာပဲ ဝတ်ချင်တာဆိုတော့ သူ့ကိုအပူကပ်ရတော့တာပေါ့"

ကောင်မလေးက ပြုံးရယ်ရယ်မျက်နှာလေးနဲ့ Jeongwooပုခုံးကိုအသာအယာပုပ်ပြီး ရီနေတယ်။ကြားထဲက ကသိကအောင့်ဖြစ်နေတဲ့ စိတ်လေးကို Bang Yedamက မနည်းလျှော့ချလိုက်ရပြီး ပြုံးပြရင်း အလုပ်မှာ အာရုံစိုက်နိုင်ဖို့ပဲဖိအားပေးနေမိတယ်။

"Kim Yeri-shiရဲ့ အင်္ကျီကို ကျွန်တော့်ဘက်က အကောင်းဆုံးချုပ်ပေးမှာမို့ ဘာမှစိတ်မပူပါနဲ့နော်"

"ဒါပေါ့ ညီမ ယုံပြီးသားပါ"

"ဒါဆို ဘယ်လိုဒီဇိုင်းမျိုးလိုချင်လဲ စပြောကြမလားဟင်"

ဒီလိုနဲ့ သူ့ရဲ့ tabletကိုဖွင့်လိုက်ပြီး အကြမ်းဖျင်းဆွဲထားတဲ့ ဗြောင်အဖြူရောင်ဝတ်စုံပေါ်မှာ အဆင်တစ်ခုချင်းစီနဲ့ပက်သက်ပြီး စဆွေးနွေးလိုက်တယ်။EunByulကတော့ သူတို့စကားဝိုင်းထဲကို ဝင်မပါ နောက်ကနေ ဘောပင်တစ်ချောင်းကိုင်ပြီး လိုက်မှတ်တာမျိုးပဲအမြဲလုပ်တတ်သည်။နောက်ပြီး ကျန်နေတဲ့ လူတစ်ယောက်ကိုတော့ ဘယ်လိုဘယ်ပုံရှိနေလဲ သူမကြည့်ရဲပါ။ခိုးပြီးကြည့်ဖို့ရာလည်း ရိပ်မိသွားရင် ဘောင်ကျော်မိမှာ စိုးတယ်။နောက်ပြီး သိပ်မကြာခင်မှာပဲ အိမ်ထောင်ပြုတော့မယ့် လူတစ်ယောက်ကို အချစ်တွေပြည့်ဝနေတဲ့မျက်ဝန်းတွေနဲ့ စည်းကျော်ပြီး ကြည့်တာမျိုး မလုပ်ချင်ဘူး။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now