9 (Unicode)

363 59 23
                                    

"ရောက်လာပြီလား Bang designer-nim"

မီးရောင်စုံတို့ ထိုးနေကြတဲ့ ခပ်မှောင်မှောင် အခန်းကျယ်ထဲမှာ ဆိုဖာတွေလည်းရှိသလို တချို့ကတော့ မတ်တပ်ရပ်ပြီး တစ်ဖက်နားမှာရှိတဲ့ DJသမားနဲ့အတူ ကလိုက်ခုန်လိုက်လုပ်နေကြတာကိုတွေ့ရတယ်။ ထောင့်ကျကျ စားပွဲဝိုင်းကနေ သူ့ကိုဆီးကြိုနေတဲ့ Kim Yeriကို ခေါင်းငြိမ့်ပြီး နှုတ်ဆက်ရင်း Eunbyulကိုပါ သူ့အနားလာထိုင်ခိုင်းလိုက်တယ်။

"အခုချိန်အထိ မေ့နေတာ.... Bang designerကို ညီမသတို့သားလောင်းနဲ့ မိတ်ဆက်ပေးဖို့ကိုလေ"

ရှန်ပိန်ခွက်တစ်ခွက်ကို လက်နဲ့ထည့်ပေးရင်း မလှမ်းမကမ်းမှာ ရပ်နေကြတဲ့ အမျိုးသားတစ်စုကို လက်ညိုးလှမ်းထိုးပြတဲ့ Kim yeriကြောင့် ထိုလူတစ်သိုက်စီ အကြည့်ပို့လိုက်တယ်။

"ဟိုမယ်လေ အဲ့ထဲက အမည်းရောင် Hoodieနဲ့က ညီမယူမယ့်သူလေ ဟီးဟိး"

နေမကောင်းတာကြောင့်လားတော့မသိ... ရှန်ပိန်တစ်ခွက်ကိုပါးစပ်ထဲ ခုနကထည့်မိပြီး ထိုလူတစ်သိုက်ကိုလှမ်းကြည့်ရတာကိုက ခေါင်းထဲမူးနောက်နောက်ဖြစ်လာသလိုလို။မြင်နေရပေမယ့် ဝိုးတဝါးပုံရိပ်တွေကြားထဲ အမည်းရောင်ဝတ်ထားတဲ့ Jeongwooကိုတွေ့ရသည်။သူအမြင်မှားတာလား မသေချာပေမယ့် အဲ့ဒီလူက Jeongwooနဲ့ရုပ်ချင်းဆင်တာပဲလား Jeongwooလားတော့မသိပါ။

ခေါင်းထဲရိပ်ခနဲမူးဝေလာတာကြောင့် လက်နဲ့ထိကိုင်လိုက်ပေမယ့်လည်း မရတော့။တဖြည်းဖြည်းမျက်တောင်တွေက စဥ်းလာတာကြောင့် အဲ့ဒီနေရာမှာ သူတော့သွားပြီထင်ပါတယ်။

...........................

စားပွဲဝိုင်းနားကို သွားကပ်ကြည့်မိတော့ မူးလဲသွားတာကြောင့် သူ့ကိုလှမ်းခေါ်နေတဲ့ Yeriမကို မေးဆတ်ပြလိုက်တယ်။

Hyungကို လက်ညိုးတထိုးထိုးနဲ့​ ပြောတဲ့စကားက

"ရှန်ပိန်တစ်ခွက်သောက်ပြီး မှောက်သွားပြီ"တဲ့။

Jeongwooလည်း မေ့လဲနေတဲ့ သူကို အသာအယာထိကြည့်လိုက်တယ်။ကျစ်! ကိုယ်တွေပူကျစ်နေတာပဲ!ဘေးနားက သူ့လက်ထောက်ကို လှမ်းကြည့်ရင်း "သူ ဖျားနေတာလား?"လို့မေးလိုက်တော့

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now