8 (Unicode)

375 61 4
                                    

"ဟတ်ချိုး!!"

ရုံးခန်းထဲမှာ နှာချေသံခနခနမြည်နေတာကြောင့် ရုံးခန်းထဲက အဝတ်ချုပ်နေတဲ့သူတွေက သူ့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့။

"အဖွဲ့မှူး နေမကောင်းဘူးလား"

"နေကောင်းပါတယ် အအေးပတ်သွားတာထင်တယ် မနေ့ညက ရေချိုးလိုက်မိတော့"

ဆင်စွယ်ရောင် သိုးမွှေးခေါင်းစွပ်အထည်လေး တစ်ထည်ဝတ်ထားရင် ချမ်းသလိုခံစားရတာကြောင့် Bang yedamက လက်ပိုက်နေရင်းကနေ သူ့လက်မောင်းတွေကို လက်ဖျားနဲ့ပွတ်သပ်နေတယ်။

"အိမ်ပြန်လိုက်မလား"

"ဒီနေ့ အပေါ်ပိုင်းချုပ်တာကို အပြီးသတ်မလို့လုပ်ထားတာ ပြန်လို့တော့ မဖြစ်ဘူးထင်တာပဲ"

"ဒါဆို တစ်ခုခုစားပြီး ဆေးသောက်ထားလိုက်ပါ့လားဟင်?"

စိတ်ပူပြီးမေးနေတဲ့ Eunbyulကိုခေါင်းငြိမ့်ပြလိုက်ပြီး အဖြူရောင်သတို့သမီးhanbokပေါ်မှာ ပန်းဇာထိုးနေလိုက်တယ်။အဖြူပေါ် အဖြူထပ်တာကြောင့် ထင်သာမြင်သာရှိအောင် ထိုးရုံနဲ့​ြပီးမသွား။ပန်းထိုးထားတဲ့ အကွက်ပေါ်မှာ ရွှေမှုန်တချို့နဲ့ စိန်ပွင့်တွေကပ်ရအုံးမှာမို့ အလုပ်ကတော့ ဒီနေ့နေ့လည်တစ်ခုလုံးများအုံးမည်ထင်ပါသည်။

လက်နဲ့ထိုးရတာဖြစ်တဲ့အတွက် စက်သုံးတာထက် လက်ထိုးကိုပိုပြီးဖိအားပေးနေရရင် အပ်မထိုးမိအောင်သတိထားနေရတယ်။ပန်းအကွက်တွေ ဖော်နေရင်း Maskတစ်ခုတပ်ထားဖို့လည်း Bang Yedamတစ်ယောက်မမေ့ပါ။သူ ခနခနနှာချေနေတော့ ရုံးကလူတွေအနှောင့်အယှက်ဖြစ်လိမ့်မယ်မလား

ဆေးလာတိုက်တဲ့ Eunbyulဆီကနေ ရေတစ်ခွက်နဲ့ ဆေးကိုယူပြီးသောက်လိုက်ရင်း ဇာကွက်ဖော်တာပြီးသွားတဲ့အထည်ကိုကြည့်လိုက်တယ်။လှပေမယ့် တစ်ခုခုလိုနေသေးတာပဲ

"မနက်က Seon Jewelryကလာပို့သွားတဲ့ ရတနာတွေ ဒီနားမှာလာချပေးအုံးနော် Eunbyulရေ"

"အခုပဲသွားယူလိုက်မယ် အဖွဲ့မှူး"

စိန်ပွင့်အသေးလေးတွေပါတဲ့ ဘူးအပြာနဲ့ ရွှေမှုန်တွေပါတဲ့အနီရောင်ဘူးအပြင် ပိုးဖဲစလေးတွေ အသင့်ညှပ်ထားပြီးသား ဘူးတွေပါ ချလာပေးတယ်။လက်သုံးလိုက် ကော်သုံးလိုက်နဲ့ တဖြေးဖြေးအချိန်တွေကုန်သွားခဲ့တယ်။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now