6 (Unicode)

341 60 4
                                    

အဖွဲ့ကလူတွေက တဖြေးဖြေးနှုတ်ဆက်ပြီး ပြန်သွားကြပြီ။ လက်ထပ်ပွဲအတွက် ကြိုပြောထားတဲ့ ရက်နီးလာလေလေ သူတို့အတွက် ပိုအလုပ်ရှုပ်လေသာ။ဝတ်စုံအတွက် ကုန်ကြမ်းတွေအပြည့်အစုံက မနေ့တနေ့ကမှ ရလာတာကြောင့် အခုချိန်ကြမှ ကုန်းရုန်းပြီးချုပ်နေကြရသည်။

တစ်ဖက်အခန်းက မှိန်ပြပြမီးအလင်းရောင်ကြောင့် Bang Yedamက သူ့လက်ထောက်ကိုမေးလိုက်တယ်။

"EunByulမပြန်သေးဘူးလား ခနနေ Noaပြန်ရင် အတူလိုက်သွားလေ"

"အဲ့ကြ ​အဖွဲ့မှူးတစ်ယောက်တည်းကျန်ခဲ့မှာပေါ့ မဖြစ်ပါဘူး"

"ဖြစ်ပါတယ် ပြန်မှာသာပြန်တော့ Eunbyulက မိန်းကလေးလေ အရမ်းနောက်ကျရင်မကောင်းဘူး"

ချုပ်စက်ကို ကိုင်ရင်း ဘီးလုံးလှည့်နေတဲ့ Yedamက အဝတ်စကိုပြောင်းပြန်လိုက်ပြီး စက်လိုက်ချုပ်နေရင်း ဆူငေါက်ငေါက်လေး ပြောတာကြောင့် Eunbyulတစ်ယောက် နာရီလေးကြည့်ကာကြည့်ကာနဲ့ တစ်ဖက်အခန်းက ဘော်ဒါကြီးဆီ အမြန်သွားရတော့တယ်။

သူမရဲ့စိတ်ရှည်လှတဲ့ အဖွဲ့မှူးလေး စိတ်တိုရင် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ သူမ အသိဆုံးသာ။
ခနအကြာမှ သူ့ကိုလာနှုတ်ဆက်ပြီး တူတူပြန်ဖို့အတင်းခေါ်နေကြပေမယ့် နောက်တစ်ပတ်လောက်ဆို လက်ထပ်တော့မဲ့ သူနှစ်ယောက်အတွက် သူ့အလုပ်ကိုအနားပေးလိုက်ပါက အားနာစရာဖြစ်မှာအသေအချာပင်။ခေါ်လို့မရတဲ့အဆုံးတော့ လက်လျှော့ပြီး ပြန်သွားကြတဲ့ နှစ်ယောက်ကို Bang yedamက ပြုံးပြီးသာကြည့်နေလိုက်တယ်။

"အ!"

လက်ကို စူးရှသွားစေတဲ့ အပ်ပေါက်ရာက သွေးစက်လေးထွက်လာသည်။လက်က ဒဏ်ရာသေးသေးမွှားမွှားလေးကိုမြင်မိတော့ ရင်ဘတ်ကြီးထဲနစ်ဝင်နေအောင် ခံစားမိပြန်သည်။ဦးနှောက်ထဲကို လျင်မြန်စွာဝင်ရောက်လာတဲ့ Jeongwooနဲ့သူ့ရဲ့အမှတိတရတွေက တဖန်အသက်ပြန်ဝင်လာပြန်သည်။

"အိုက်ဂူး နမောနမဲ့နိုင်လိုက်တာ!"

သူ့အနားကို အမြန်ပြေးလာတဲ့ Jeongwooက သူ့လက်တွေကို တယုတယဆုပ်ကိုင်ထားခဲ့တယ်။ခရမ်းချဥ်သီးလှီးရင်း ရသွားတဲ့ သူ့လက်ညိုးရဲ့ ရှရာဆီကနေ ထွက်နေတဲ့ သွေးတချို့ကို Jeongwooက ပါးစပ်နဲ့စုပ်ယူပေးနေတယ်။

"ဘာလုပ်နေတာလဲ လွှတ်လိုက်တော့ ဒဏ်ရာက ရေဆေးလို့ရနေတာကို"

"မဖြစ်ဘူးလေ ရေဆေးရင် သွေးကဆက်ထွက်နေအုံးမှာကို... ဒီလိုလုပ်ပေးမှ သွေးမထွက်ပဲ အမာရွတ်လည်း မကျန်ခဲ့မှာ"

"အနာကပ် ပလာစတာ ကပ်လိုက်ရင်ရတာပဲကို"

သံရှည်ဆွဲပြီး ချစ်ဖို့ကောင်းစွာပြောနေတဲ့ သူ့Hyungကို Jeongwoo​က မျက်စောင်းသဲ့သဲ့ထိုးလိုက်ပြီး မီးဖိုချောင်ကနေ လက်ဆွဲခေါ်လာတော့တယ်။နို့မို့ဆို ဟင်းဆက်ပြီးချက်နေအုံးမဲ့ပုံ။

"ဒဏ်ရာကို ရေနွေးနဲ့အရင်ဆေးရမယ် ဒီမှာထိုင်နေနော် ကျွန်တော် ရေနွေးမပူမအေးလေး သွားလုပ်လာခဲ့မယ်"

ပျာယာခတ်စွာနဲ့ စိတ်ပူပေးနေတဲ့ လူသန်ကြီးကို Bang yedamက သဘောတကျကြည့်ပြီး ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောနေသေးတယ်။သိပ်မကြာခင် သူ့လက်ညိုးက ကြက်သီးနွေးလေးပူနေတဲ့ ရေနွေးခွက်ထဲ နစ်ဆေးခံရပြီး တစ်စုံတစ်ယောက်ရဲ့ ဆုပ်ကိုင်ထားခြင်းကိုခံရတော့တယ်။

"စပ်ရင် ကျွန်တော့်ပုခုံးကို ဆွဲကုတ်လိုက်နော် သိရဲ့လား"

ပြောပြောဆိုဆိုနဲ့ ပုခုံးကြီးအနားတိုးပေးပြီး ဂွမ်းစတစ်ခုနဲ့ အရက်ပြန်ကိုကိုင်ထားတဲ့ Jeongwooကို Yedamက "ဒဏ်ရာကဖြင့် ပုစိကွေး​လေးကို..."လို့ အော်ပြောနေရင်းနဲ့ပဲ သူ့ရဲ့လက်တွေကို Jeongwooပုခုံးကို ဆွဲကိုင်မိတော့တယ်။တကယ်ပါပဲ ဒီအရက်ပြန်တွေက စပ်လိုက်တာ.....

"ဖူး~~ဖူး~~"

အရက်​ပြန်အတို့ခံရတဲ့ ဒဏ်ရာကို ပါးစပ်နဲ့မှုတ်ပေးပြီး ပလာစတာလေးကပ်ပေးတဲ့ သူ။ ပလာစတာလေးက ဒိုရေမွန်အရုပ်လေးနဲ့....တကယ်ပါပဲ သူ့ချစ်သူက ကလေးဆန်လိုက်တာ!

"မစပ်တော့ဘူးမလား အခု"

"အွန်း!!!!"

အတိတ်က ပုံရိပ်တွေ မြင်ယောင်ရင်း အလိုလိုကျလာတဲ့ မျက်ရည်တွေကို Bang Yedam အခုချိန်မှာတော့ မတားဆီးမိတော့ပါ။သူ့ကို ဂရုတစိုက်စိတ်ပူပေးတဲ့ Jeongwooက အခုနေများမှာတော့ တခြားမိန်းကလေးကို စိတ်ပူပေးနေတော့မှာပဲ။ သူအပိုင်မရနိုင်တဲ့ ဒီအမျိုးသားလေးကိုမှ ချစ်မိနေသေးတာ အပြစ်တင်ချင်စရာသိပ်ကောင်းတာပဲ!

ဆေးတွေဆောင်မထားတတ်တဲ့ သူ့ကို ဆေးတွေဂရုတစိုက် အချိန်မှန်မှန် လာတိုက်ပေးမဲ့ သူမရှိတော့တာကြောင့် အလုပ်ဆက်လုပ်ဖို့လည်းမတွေးမိတော့။ပြန်ဖို့အတွက် ပစ္စည်းတွေကို တခြားလက်တစ်ဖက်နဲ့ပဲ သိမ်းကြုံးထည့်ရင်း ကုမ္ဘဏီထဲက ထွက်လာလိုက်တယ်။အချိန်က 12နာရီတောင်ကျော်နေပြီမို့ Busကားရှိနေဖို့ဆိုတာ မဖြစ်နိုင်တော့။လမ်းမထက်မှာ လက်ပြပြီး တက်စီငှားပြန်ရုံမှလွဲ၍ သူမတတ်နိုင်ပါချေ။

.............................

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now