2 (Unicode)

482 65 8
                                    

Jeongwooမရှိတော့တဲ့ တိုက်ခန်းမှာ သူတစ်ယောက်တည်းရှိနေတာ တစ်လပြည့်သွားပြီ...သူကတော့ အခုထိ move onမလုပ်နိုင်သေးဘူး။အလုပ်ကိုလည်း....သူမသွားနိုင်သေးဘူး! ဒါကြောင့် fileတွဲတစ်ချို့ကိုလာပို့ခိုင်းပြီး တစ်ယောက်တည်း ကြိုးစားနေရတာကြောင့် အရင်ကထက် ပိုအလုပ်ရှုပ်တတ်လာတယ်။အလုပ်ရှုပ်တာလည်း ကောင်းပါတယ် လွမ်းဖို့စဥ်းစားလိုက်တိုင်း သူ ထိုလူသားကိုချစ်တယ်ဆိုတဲ့စကားကို အော်ညည်းနေမိအုံးမှာ...

အလုပ်ကိုမသွားနိုင်တာကလည်း အဲ့ဒီမှာရှိနေနိုင်တဲ့ Jeongwooကိုသွားမတွေ့ရဲတာကြောင့်သာ။ ဒါတွေက ဘယ်သူ့အမှားများလဲ? ကိုယ့်သူဌေးရဲ့သားတစ်ယောက်နဲ့ တွဲမိတဲ့ သူ့အမှားပဲလား?

ခွင့်လွန်သွားတဲ့အနေနဲ့ Companyက ဖုန်းဆက်လာတာကြောင့် ဒီနေ့မှာတော့ Bang Yedamဟာ သူဝတ်နေကျ ပေါ့ပေါ့ပါးပါး cardiganလေးတစ်ထည်ထုတ်ဝတ်ရင်း ရုံးကိုလာရတော့တယ်။ ကိုရီးယားရိုးရာအဝတ်အစားတွေကို costumeချုပ်ပေးရတဲ့ အလုပ်ကြောင့် သူဌေးနဲ့တော့ တိုက်ရိုက်တွေ့စရာမလိုပါ။တွဲခဲ့တဲ့အချိန်တုန်းကတော့ သူတို့ဌာနကိုအမြဲလာနေတတ်တဲ့ Jeongwooလည်း....အခုချိန်မှာတော့ သူ့ကိုတကူးတကလာတွေ့ချင်မှာ မဟုတ်လောက်တော့ဘူးထင်ပါတယ်။

"အဖွဲ့မှူးBang လာပြီလား"

"အင်း လွန်ခဲ့တဲ့လအတွက် တောင်းပန်တယ်နော် အခုတော့ အလုပ်လေး စလိုက်ရအောင်"

Bang Yedamဟာ အမြဲချိုသာတဲ့အပြုံးလေးတွေနဲ့ သူ့ရဲ့ဒီဇိုင်နာအလုပ်ကိုစိတ်ပါလက်ပါလုပ်တတ်တာကြောင့် local fashionလောကမှာ နေရာတစ်နေရာရထားပြီးသား သူ ဖြစ်တယ်။သူတို့အဖွဲ့ဆီကို အလုပ်လာအပ်ကြတဲ့သူအများစုက အမျိုးသမီးငယ်လေးတွေဖြစ်ကြပြီး လက်ထပ်ပွဲတွေ မင်္ဂလာဆောင်တွေမှာ ဝတ်လို့ရနိုင်မဲ့ ခေတ်ပေါ်Hanbokလေးတွေ လာအပ်ကြတာမျိုးသာ။

"ဒီလအတွက် အမှီချုပ်ပေးရမှာက ဒီတစ်ယောက်အတွက်ပဲတဲ့ အဖွဲ့မှူး"

လက်ထောက်အဖွဲ့မှူးပြောလာတဲ့ အချက်အလက်fileလေးကိုတစ်ချက်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ လဝက်လောက်က အလုပ်လာအပ်ထားတာဖြစ်နေတယ်။နောက်ပြီး fileအပေါ်နားမှာ စတစ်ကာအနီရောင်ကပ်ထားတာဖြစ်တာကြောင့် ဒီလာအပ်တဲ့သူက VIPမှန်းသိလိုက်တယ်။ Bang Yedamလည်း အားနာသွားတာကြောင့် ခပ်သွက်သွက်မေးရတော့တယ်။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now