11 (Unicode)

331 58 14
                                    

"143735"

မပြောင်းလဲသွားတဲ့ codeနံပါတ်နဲ့ ရိုးအေးအေးတုံးအအ သူ့ရဲ့ချစ်ရတဲ့ ကောင်လေးကြောင့် Park Jeongwooက တိုက်ခန်းတံခါးကိုဖွင့်နေရင်းနဲ့ နှုတ်ခမ်းတွေတွန့်ကွေးတက်လာတယ်။

ဒီနံပါတ်လေးတွေက သာမန်ထင်ရပေမယ့် သူတို့အတွက်တော့ အဓိပ္ပာယ်တွေပြည့်ဝနေတဲ့ ကိန်းဂဏန်းတွေသာ။1437- အမြဲတမ်းအတွက် ချစ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့အတူ သူတို့ရဲ့မွေးနေ့ရက်နှစ်ခုကို ပေါင်းထားတဲ့ 35ဆိုတဲ့ နံပါတ်လေးရောက ရိုးအီမသွားနိုင်တဲ့ Hyungနဲ့သူနဲ့ကြားက အချစ်ဒဿနတွေ။

တံခါးကိုအသာလေးတွန်းဖွင့်ပြီး ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ Asahiဆိုတဲ့ ဂျပန်ကောင်ဟာ ပျောက်တော်မူသွားလေရဲ့။တံခါးလော့ချပြီးအိပ်တတ်တဲ့ သူ့Hyungကို အားနာမိပါသည်။ညတိုင်း ဖက်အိပ်ဖို့အတွက် သူ့တွင် သော့ပိုတွေ အများကြီးရှိသေးကြောင်း Bang Yedamဆိုတဲ့ ဒီဇိုင်နာလေး မသိပါချေ။ Park Jeongwooက အိပ်ယာပေါ်မှာကွေးနေတဲ့ ဖြူလုံးလေးကို မထိရက်မကိုင်ရက်နဲ့ ရပ်ကြည့်နေမိတယ်။

သူအရမ်းကို လွမ်းနေခဲ့တာ။ ဒီလူသားကို အနီးကပ်အကြာကြီးထပ်ကြည့်ရဖို့ ဘယ်လောက်ထိ စိတ်ကူးနဲ့ရူးခဲ့ရလဲ ဘယ်သူမှမသိပေ။

ပြန့်ကျဲနေတဲ့ Hyungမျက်နှာပေါ်က ဆံပင်စတွေကို သပ်ဖယ်ပေးလိုက်ရင်း မထိရတာကြာပြီဖြစ်တဲ့ ပါးအိအိတွေကို အသာအယာကိုင် ကြည့်လိုက်မိပြီ။ဒီအထိအတွေ့တွေက 5°Cလောက် အေးခဲနေတဲ့ ရာသီဥတုမှာ​တောင် သူ့နှလုံးသားကို အရည်ပျော်စေတဲ့ အထိအတွေ့တွေ။ ခင်ဗျားကို ကျွန်တော် သိပ်ချစ်တာပဲဗျာ!

"အင်း....~"

အိပ်ရင်း ယောင်နေတဲ့ လူသားက သူ့ကိုဖက်နေရင်တောင် နိုးလာမည်မဟုတ်။အရမ်းကိုပင်ပန်းနေပြီနဲ့တူပါတယ်။ကိုယ်ပူနေတဲ့ နှဖူးလေးကို ရေခဲဝတ်တင်ပေးရင်း လက်လေးတွေကိုဆုပ်ကိုင်ထားလိုက်တယ်။

"ဖျားနေတဲ့သူကိုတောင် အရမ်းတွေ အသားယူ​ေနလိုက်တာ!"

နောက်ကနေ ထွက်လာတဲ့ အသံကြောင့် Jeongwooက လှည့်ကြည့်လိုက်တော့ သူ့ကိုလက်ပိုက်ပြီး ပြန်ရပ်ကြည့်နေတဲ့ Asahiက နေကာမျက်မှန်ကြီးနဲ့မိန့်မိန့်ကြီး ရှိနေတာကိုတွေ့ရတယ်။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now