10 (Unicode)

345 59 14
                                    

နေရောင်တွေ ထိုးဖောက်နေတဲ့ မနက်ခင်းတစ်ခုမှာ အချမ်းဓာတ်က အရင် ဝင်ရောက်လာတာကြောင့် လွတ်နေတဲ့ ခြေထောက်ပိုင်းကို စောင်ထဲထည့်ပြီးကွေးလိုက်တယ်။

မှုန်တီမှုန်ဝါး မျက်လုံးများကိုဖွင့်ပြီး နာရီကိုလှမ်းကြည့်လိုက်တော့ မနက်8နာရီ။ ခေါင်းတွေမူးနေသေးတုန်းပဲ။ အလုပ်တွေကမပြီးသေး ဒါတွေတွေးမိပြန်တော့လည်း စိတ်ညစ်ရပါသည်။

Bang Yedamက မြန်မြန်ထထိုင်လိုက်ပြီး ရေချိုးခန်းဝင်ရင်း သွားတိုက်နေတယ်။ဘဲလ်တီးသံကြားတာကြောင့် သွားတိုက်တံကို ပါးစပ်မှာတပ်ထားရင်းနဲ့ပဲ တံခါးသွားဖွင့်ပေးလိုက်တယ်။

"နိုးတောင်နေပြီလား ငါက အခုပဲဖုန်းဆက်နှိုးတော့မလို့"

"Asahi??? ဒီကိုဘာလို့ရောက်လာတာလဲ"

"မင်းဖျားနေတယ်သတင်းကြားလို့လေ လူနာလာမေးတာ! မြန်မြန်မျက်နှာသွားသစ်စမ်းပါကွာ ကြည့်ရတာ စိတ်လေလိုက်တာ"

ဒီလောက်ချောမောနေတဲ့ လူချစ်လူခင်ရုပ်ကလေးကို နှာခေါင်းတရှုံ့ရှုံ့နဲ့ လုပ်ပြနေတဲ့ လူပျိုကြီးဘဲရကောင်ကို Bang Yedamခေါင်းရမ်းပြရင်း ရေချိုးခန်းဆီပြန်သွားလိုက်တယ်။

အရင်တုန်းက ပိတ်ရက်တွေဆို သူတို့တိုက်ခန်းကို Jeongwooရဲ့သူငယ်ချင်းနှစ်ယောက်လာနေကြ။သူတို့လို ကောင်လေးအချင်းချင်း ကြိုက်ကြတဲ့အတွဲဖြစ်နေတာကအကြောင်း၊ သောက်ဖော်သောက်ဖက်လုပ်လို့ရတာကတစ်ကြောင်း ခင်သွားကြတဲ့ကာလက သုံးလေးနှစ်လောက်ရှိရောပေါ့။Jeongwooနဲ့ သူ ပြတ်သွားတာကို Asahiကတော့ သိသေးမည်မထင်ပါ။

မျက်နှာသုတ်ပဝါနဲ့အမြန်သုတ်လိုက်ပြီး နှဖူးကိုကမန်းကတန်းစမ်းကြည့်တော့ ကိုယ်နည်းနည်းပူသေးသည်။

"ပြောစမ်းပါအုံး ဘာကိစ္စ"

"Jaeဆီက ကြားလာတာ မင်းဖျားနေတာ ဂရုစိုက်မဲ့သူမရှိရှာဘူးတဲ့ သနားလို့ သတင်းလာမေးတာ! မနက်စာ ဆန်ပြုတ်လား ဆီချက်လား"

"ငါ မနေ့က မူးလဲသွားတော့ မင်းရည်းစားဆီ ဘယ်သူက ခေါ်သွားပေးတာလဲ"

"ဘယ်လိုလုပ်...ငါကသိမလဲ"

ဟိုကြည့်သည်ကြည့်နဲ့ မီးဖိုခန်းထဲဝင်သွားတဲ့ Asahiကို ဂရုစိုင်မနေတော့ပဲ မှတ်ဉာဏ်တွေပြန်ခေါ်ကြည့်ပေမယ့် မမှတ်မိ။Eunbyulနဲ့ ပါတီအတူတက်လဲ့တာအထိတော့ သတိရပါသည်။အဲ့ဒီနောက်ဘာဆက်ဖြစ်သွားလဲ သူမသိ။ဖုန်းဆက်ပြီးမေးကြည့်ဖို့သာ Yedamတွေးမိလိုက်တယ်။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now