Episode 2

1.5K 89 6
                                        

ကလေးတွေသာအများစုလာတဲ့ကစားကွင်းထဲမှာ လူကြီးဆိုလျှင်ကလေးတွေကိုလာပို့ပေးတဲ့ ကလေးတွေရဲ့အုပ်ထိန်းသူသာရှိပေမဲ့ ကလေးကိုလာပို့တာမဟုတ်ပဲ သူတို့ဆော့ဖို့လာတဲ့ ကောင်လေးနှစ်ယောက်နဲ့ကောင်မလေးတယောက်ဟာအထူးဆန်းဖြစ်နေသည်။

မကြီးမငယ်ဖြင့်ပြေးလွှားဆော့ကစားနေကြသည်မှာ သုံးယောက်လုံး တက်ညီလက်ညီ......ကြောက်တတ်တဲ့ Beomgyu ကအားပြဲကြီးနဲ့အော်လို့ သုံးယောက်သားရန်ဖြစ်ကြပြန်သည်။ဒါပေမဲ့လဲ မကြာပါပြန်အဆင်ပြေသွားကာ ဆော့ပြန်ရော......Kim Tae Tae ကတော့ဗိုလ်ပေါ့။

ဒီလိုနဲ့ဆော့လို့မောပြီး ပြန်ရန် အပြန်လမ်းမှာ ရေခဲမုန့်ဆိုင်ရှေ့ကဖြတ်တော့ ကလေးတွေလို ဝယ်ကျွေးရန်ပူဆာပြန်တဲ့ Kim Tae Tae ......

"Yah!ငါ့ကို ရေခဲမုန့်ဝယ်ကျွေးပါလား?"

"သေလိုက်။"«Beomgyu»

"Uwu~ လုပ်ပါဟာနော်~ငါ့ကိုဝယ်ကျွေးပါ ငါပိုက်ဆံမပါတော့လို့။"«Tae»

Puppy eyes နဲ့ Beomgyu ကိုသနားစရာကောင်းအောင်ကပ်ချွဲနေတဲ့ Tae Tae...Tae ကအဲ့လိုလိုချင်တာရှိရင်လဲချွဲတတ်သေးသည်။

"ဖယ်စမ်း!...ချစ်စရာမကောင်းဘူး။"«Beomgyu»

"အဲ့ဒါဆိုလဲဝယ်ကျွေးဟာ။"«Tae»

ချွဲလို့မရတော့ ချက်ချင်းရုပ်ပြောင်းသွားပြီး သူမကိုင်ထားတဲ့ Beomgyu ရဲ့လက်မောင်းကိုတွန်းထုတ်ပြီးပြောလာတဲ့ Tae ...ဒီလိုကြမ်းကြမ်းပြောမှ Kim Tae Tae အစစ်...

"လုံးဝမဝယ်ကျွေးနိုင်တော့ဘူး။နင့်ပြောပုံက ရိုက်ပေါက်ပဲ။"«Beomgyu»

"အော်...အဲ့တော့ နင့်ပြောပုံကျတော်တော် ချစ်ဖို့ကောင်းနေတယ်ပေါ့..."«Tae»

"နာတယ်ဟ!Yah!Kim Tae Tae နင်လက်မပါနဲ့နော်!"«Beomgyu»

"ပါတော့ဘာဖြစ်လဲ?!"«Tae»

"နင်!!!"«Beomgyu»

"Yah!!!နားငြီးတယ်ဟာ~ကိုက်မနေနဲ့တော့!Taegom နင်ရေခဲမုန့်စားချင်တာမလား?ငါဝယ်ကျွေးမယ်။"«Soobin»

"Soobin ah~"«Beomgyu»

"မင်းကိုလဲဝယ်ကျွေးမယ်။လာကြတော့!"«Soobin»

Tae ကိုဝယ်ကျွေးမယ်ပြောတော့ သနားစရာမျက်နှာလေးလုပ်ပြီး "Soobin ah ~"လို့ခေါ်လာတဲ့ Beomgyu ရဲ့စကားမဆုံးခင်"မင်းကိုလဲဝယ်ကျွေးမယ်။"လို့ပြောလိုက်တော့ Soobin နောက်ကိုပြုံးရွှင်ကာလိုက်သွားကြတဲ့နှစ်ယောက်က မသိရငမုန့်ဝယ်ကျွေးမယ်လို့ပြောတဲ့ အဖေကြီးနောက်လိုက်သွားကြတဲ့ကလေးတွေလို......
.
.
.
.
.
"ကျေးဇူးပဲ Soobin ah ~မိန်းမချောချောလေးရပါစေ။ဟီး........." «Tae »

Guardian Husband Where stories live. Discover now