Jungkook ဒီနေ့တော့ အလုပ်နေ့တဝက်ခွင့်ယူထားသည်။သူ့အိမ်သူလေးက ဒီနေ့စာမေးပွဲဖြေပြီးတဲ့နေ့ကြောင့်မို့ဖြစ်သည်။အခုတော့ ကလေးတို့တက္ကသိုလ် ကျောင်းရှေ့ရောက်နေပြီဖြစ်သည်။
"ပေါက်သွားပြီလား မသိဘူး~"«Beomgyu»
Tae ခေါက်တာခံလိုက်ရလို့ ငြီးတွားလာတဲ့ Beomgyu ရဲ့အသံ......
"သောက်ပိုတွေမလုပ်နဲ့!"«Tae»
"နာတယ်ဟ!နင်ခံကြည့်ပါလား?သူ့အသားမနာတိုင်း မစာမနာနဲ့ ဘီးလူးမကြီး!"«Beomgyu»
"ဘာ!နင်မမှတ်သေးဘူးလား?!"«Tae»
ပြောရင်းနဲ့ နောက်တခေါက် ထပ်ခေါက်လိုက်ပြန်သည်။
"Kim Tae Tae!နာတယ်လို့!"«Beomgyu»
"သေလေ!"«Tae»
"အာရှီး!!ခွေးလိုပဲကိုက်နေကြတယ်!နားငြီးတယ်တော်တော့!"«Soobin»
"သူကမှမချိုးမပြေတာ!"«Tae»
"နင်ကကော ပြေလို့လား?!"«Beomgyu»
ပြောကာမှ သူ့ကိုအလယ်မှာထားပြီးရန်ပြန်ဖြစ်နေတာမို့ Soobin စိတ်ညစ်လာသည်။
"တော်တော့ဟာ!!နှစ်ကောင်လုံးတော်တော့!ဟိုမှာ Jungkook Hyung ရောက်နေပြီ!"«Soobin»
ထိုအခါမှနှစ်ယောက်လုံးရပ်သွားပြီး သူတို့ကို ကားမှီပြီးကြည့်နေတဲ့ Jungkook Hyung ဆီကိုလင်တရူးမက သူ့လင်တွေ့တော့ပြေးသွားသည်။
(Soobin တို့ကတော့ ကလေးကို အားကြီးနဲ့😆)
"ရုပ်ပြောင်းရုပ်လွှဲတော်တော်တတ်တယ် မိ Tae တို့က"«Beomgyu»
"ပြောမနေနဲ့တော့။သွားမယ်။"«Soobin»
..
.
.
"လူကြီး!!"သူ့ဆီလုံးတုံးတုံးလေးနဲ့ပြေးလာတဲ့ Tae ကိုကြည့်ကာ အချစ်ပိုရပြန်သည်။အသဲယားဖို့သိပ်ကောင်းလွန်းသည်။ထို့နောက် သူ့ရင်ခွင်ထဲရောက်လာတာမို့ သူလည်းတင်းတင်းကြပ်ကြပ်လေးဖတ်ထားလိုက်သည်။
"ဖြေနိုင်လား ကလေး?"
"ဟုတ်။"
"လိမ္မာလိုက်တာ~ကိုယ်ဒီနေ့ ကလေးတို့သူငယ်ချင်းသုံးယောက်ကိုအပြင်ပို့ပေးမို့လေ။"

YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...