"အတွင်းရေးမှူး Choi...ဒီမှာဥက္ကထကိုပြရမဲ့စာရင်းတွေပါ။"
"ဟုတ်ကဲ့ပါ မန်နေဂျာ Yoon ..."
"ခနနေပါဦး။"
စာရင်းစာရွက်တွေယူကာ ဥက္ကထရုံးခန်းထဲသွားတော့မဲ့ အတွင်းရေးမှူး Choi ကိုသူမလှမ်းတားလိုက်တော့ သူမကိုပြန်ကြည့်လာသည်။
"ဘာများပြောမလို့လဲ မန်နေဂျာ Yoon?"
"ဟို~ဒီနေ့ဥက္ကထရဲ့ schedule လေးသိလို့ရမလား?"
သူမကိုအကဲခတ်သလိုကြည့်လာတဲ့ အတွင်းရေးမှူး Choi ကြောင့်သူမမြန်မြန်ဖြေရှင်းချက်ထုတ်ရသည်။
"ဟို Tae လေးကမေးခိုင်းလို့ပါ။"
"အာ~ဒါဆို ဒီမှာပါ schedule ။"
"ဟုတ်ကဲ့...ဒါဆို တာဝန်ကျေလိုက်ပါဦး။"
ပြောပြီးသူမလည်း Jungkook ရဲ့ scheduleကိုယူကာ ထွက်လာလိုက်သည်။သူမထွက်သွားတော့မှ အတွင်းရေးမှူး Choi လည်း ဥက္ကထရုံးခန်းထဲလာလိုက်သည်။
..
.
.
Knock knock ✊"ဝင်ခဲ့ပါ။"
"ဥက္ကထ...စာရင်းတွေလာပို့တာပါ။"
"ဟုတ်ပြီထားခဲ့လိုက်။ပြီးရင် အလုပ်သင် Yol ကိုငါ့ရုံးခန်းထဲလာဖို့ပြောလိုက်ပါ။"
"ဟုတ်ကဲ့ပါ ဥက္ကထ။"
"ခနနေရင် နိုင်ငံခြားသားနဲ့နေ့လည်စာစားစရာရှိတယ်မလား?...ပြင်ဆင်ထားလိုက်ပါ။"
"ဟုတ်ကဲ့ပါ ဥက္ကထ။"
Jeon Jungkook ဆိုတာထိုကဲ့သို့လူပါ။တပတ်စာ schedule ကိုတခါပြထားရုံနဲ့အားလုံးမှတ်ထားတတ်သည်။သူမတောင်နေ့တိုင်းပြန်ပြန်ကြည့်နေရတဲ့ အရာတွေကိုသူကတော့ အားလုံးပြန်သတိပေးစရာမလိုအောင် သိနေတတ်သည်။
"ကျနော်ရောက်ပါပြီ ဥက္ကထ။"
"အင်း~မင်းကအလုပ်သင်ဝင်တာဘယ်လောက်ကြာပြီလဲ?"
"တပတ်ရှိပါပြီ။"
"တပတ်ရှိပြီဆိုတော့ ဆိုက်ထဲရောက်ပြီးပြီပေါ့။"
"ဟုတ်ကဲ့...ဟိုတနေ့က စီနီယာတယောက်ကခေါ်သွားလို့ရောက်ဖူးပါတယ်။"

YOU ARE READING
Guardian Husband
Romansaဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...