"အတွင်းရေးမှူး Choi အခုချက်ချင်းအခန်းထဲလာခဲ့ပါ။"
ဥက္ကထနဲ့ဆက်သွယ်ရတဲ့ ကြိုးဖုန်းလေးမှတဆင့်ထွက်ပေါ်လာတဲ့ ဥက္ကထဖြစ်သူရဲ့ဩဇာပြည့်တဲ့အသံကြောင့် အတွင်းရေးမှူး Choi ခေါင်းကုတ်လိုက်မိသည်။
"ဒီဥက္ကထငါ့ကိုဘာပြောဦးမလို့လဲမသိဘူး။"ဟုညီးတွားရင်း ဥက္ကထရုံးခန်းသို့.........
.
.
.
.
Knock knock ✊"ဝင်ခဲ့ပါ။"
"ဥက္ကထ ခေါ်လို့ပါ။"
"အေး...ဝင်ခဲ့အတွင်းရေးမှူး Choi~"
သူလဲဝင်သွားလိုက်တော့ ဥက္ကထ Jeon က file တခုကိုင်ကာသူ့နားလျှောက်လာသည်။
"ရော့!"
"Na Nae?"
"ဘာတွေအဲ့လောက်လန့်နေရတာလဲ အတွင်းရေးမှူး Choi။"
"မ မဟုတ်ပါဘူးရှင့်။"
"ရော!"
"Nae~"
အတွင်းရေးမှူး Choi လဲကြောက်ကြောက်ဖြင့် file အားလက်လွှဲယူလိုက်သည်။အလွန်ဇီဇာကြောင်လွန်းသော ဥက္ကထကြောင့်သူမှာဘာလုပ်မိပြန်ပြီလဲဟုတွေးမိသည်။
"အဲ့မှာ~မင်းအမှားကိုမင်းသိလား?"
ဥက္ကထစကားကြောင့် သူလဲဟိုတလောက တရုတ်ပြည်ကိုပို့ရမဲ့သူ့တို့ရဲ့ဖိနပ်အသစ်စာရင်းကိုစစ်ကြည့်လိုက်သည်။
ဒါဟာမှားစရာမရှိတာသေချာသည်။ဘာကြောင့်ဆို သူမကိုယ်တိုင်လုပ်ထားတာမလို့ပင်......အခုပြန်စစ်တော့လဲ အမှာဟူ၍မတွေ့......
"ဘာ...ဘာများမှာလို့လဲမသိဘူး ဥက္ကထ~"
သူမလဲ မရဲတရဲနဲ့မေးလိုက်တော့ ဥက္ကထရဲ့ဒိုင်းခနဲရောက်လာတဲ့ အကြည့်ကြောင့်လူက ချက်ချင်းအငွေ့ပြန်ချင်သွားသည်။
"ကိုယ့်အမှားကိုမမြင်တာလား အတွင်းရေးမှူး Choi~"
"ဟို...ဟို မဟုတ်...ဟုတ် အဲ~"
ဥက္ကထကိုသူမဘာပြောရမလဲမသိတော့......အမှားကိုမတွေ့ပါဘူးလို့လဲမပြောရဲ...အမှားကလဲတကယ်ကိုမတွေ့သောကြောင့် သူ့မှာတိုင်ပတ်နေရသည်။
ဒီလူပျိုကြီး ဒင်းမြန်မြန်မိန်းမရမှအေးမယ်ဟုတွေးလိုက်မိသည်။
YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...