Episode 20

1.1K 84 9
                                    

လူကြီးနှိုးတော့ Tae အိမ်ချင်မူးတူးနဲ့ အိမ်ထဲကိုဝင်သွားလိုက်တယ်။သူမ ဧည့်ခန်းရှေ့ကဖြတ်တော့ ထွက်ပေါ်လာတဲ့ မိန်းမသံကြောင့်လှည့်ကြည့်လိုက်တော့ သူမအိပ်ချိန်စိတ်တွေတောင်ပျောက်သွားရသည်။

"ပြန်ရောက်လာကြပြီလား?"

Yoon Nabi လူကြီးရဲ့ငယ်ချစ်ဦး......ထက်မြက်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တဦးဆိုလဲ မမှားတာမို့ သူမအမြဲသိမ်ငယ်နေခဲ့တဲ့ သူမ......သူမကဘာသဘောနဲ့သူတို့ကိုရောက်လာရတာလဲ?ထိုအချိန်သူမနားကိုလူကြီးရောက်လာသည်။

"Jeon !!!"

လူကြီးကိုခေါ်တာတောင် "Jeon "တဲ့...သူမချစ်ရသူကိုသူမရှေ့မှာလာဖက်နေတော့ သူမသဝန်တိုမိတာတော့ အမှန်ပင်...

"Jeon ကိုလွမ်းနေခဲ့တာ။အခု Jeon ခေါ်လို့အရောက်လာခဲ့ပြီ။"

သူမစကားကြောင့် သူမအံ့ဩကာ ဝမ်းနည်းစိတ်တို့ကြောင့် မျက်ရည်တွေဝေ့တက်လာတာကို တားဆီးကာလူကြီးကိုကြည့်လိုက်မိသည်။လူကြီးကလဲသူမကိုခေါင်းခါပြသည်။

"မင်းဘာမဟုတ်တာတွေပြောနေတာလဲ Yoon Nabi!"

Tae ထိုနေရာကနေလှည့်ထွက်လာတော့ လူကြီးကသူမလက်ကိုဆွဲကာတားလေသည်။Tae လှည့်မကြည့်ပဲသာပြန်ပြောလိုက်သည်။

"Tae နေလို့သိပ်မကောင်းလို့နားတော့မယ် လူကြီး...."

"ကလေးနေမကောင်းဘူးလား?"

ချက်ချင်းသူမကိုကိုယ်ပူလာစမ်းတဲ့လူကြီးကြောင့်သူမအနည်းငယ်တော့ ကျေနပ်မိပါသည်။သူမကတရားဇနီးမယားမလား?ဘာကြောင့်ကြောက်နေရမှာလဲ?

"အရမ်းတော့မဟုတ်ပါဘူး။နားလိုက်ရင်ပျောက်သွားမှာ...ဧည့်သည်ရောက်နေတော့ ယောက်ျားက စကားပြောလိုက်ဦးပေါ့ ။"

မြွေမြွေချင်းခြေမြင်ဆိုသလို သူမကို"ဧည့်သည်"ဟုသုံးပြီး လူကြီးကို"ယောက်ျား"လို့ခေါ်လိုက်ချိန်မှာ မျက်နှာပျက်သွားတဲ့ Yoon Nabi ကိုသတိထားလိုက်မိတယ်။

သူမဘယ်လိုပဲကြိုးစားစား ကိုယ်ကစင်ပေါ်ကပဲဆိုတာကို သွယ်ဝိုက်ပြီးပြောလိုက်မှန်းလဲ သူမလဲသိမှာပဲ။ဘယ်လောက်ပဲစိုးရိမ်စိတ်ဖြစ်နေပါစေ...ကိုယ်စိတ်ပူနေတယ်ဆိုတာကို ဖုံးကွယ်ထားလိုက်တာ Kim Tae Tae ရဲ့မာနပေါ့။

Guardian Husband Where stories live. Discover now