Episode 24

1.1K 75 22
                                        

သုဿန်......ဒီနေရာဟာ လူတွေအတွက်ဝမ်းနည်းပူဆွေးမှုတွေသာရှိသည့်နေရာ...ထိုနေရာကိုမည်သူမှလာချင်မည်မဟုတ်ပါ။

ထိုနေရာကို သူမကတော့ပန်းစည်းလေးကိုင်ကာရောက်လာခဲ့သည်။နေရာတနေရာရောက်တော့ရပ်လိုက်ကာပန်းစည်းကိုချလိုက်ပြီး...

"လူကြီး~လာပါ။နှုတ်ဆက်လိုက်ဦး။"

သူမနဲ့အနည်းငယ်အလှမ်းဝေးတဲ့နေရာမှာ ရပ်နေတဲ့လူကြီးကိုသူမလှမ်းခေါ်လိုက်သည်။အခုသူမတို့ လူကြီးရဲ့မိဘတွေအုတ်ဂူဆီရောက်လာကြတာပါ။

သူအနားလာရင်ငိုမိမှာစိုး၍ အဝေးမှာသာနေနေသည့် လူကြီးကိုအနားလာခိုင်းလိုက်သည်။အုတ်ဂူကိုကြည့်နေတဲ့ လူကြီးရဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေဝိုင်းလို့နေသည်။
ဒီနေ့က လူကြီးဆေးရုံမှာနှလုံးရပ်သွားတဲ့နေ့နဲ့ဆိုရင် ၁နှစ်ကြာသွားခဲ့ပြီ။

ထိုနေ့က နှလုံးရပ်ပြီးကံကောင်းစွာလူကြီးရဲ့နှလုံးဟာပြန်လည်အသက်ဝင်လာခဲ့တယ်။သို့သော် သူ coma ဝင်သွားခဲ့သည်မှာ ၆ လကြာခဲ့သည်။

သတိရလာတော့ လူကြီးဟာ စိတ်မကောင်းဖြစ်နေသလို တမှိုင်မှိုင် တထွေထွေမို့သူမမေးကြည့်တော့ လူကြီးဟာသူမျှောနေစဉ် သူ့ရဲ့ဆုံးသွားတဲ့မိဘတွေနဲ့တွေ့ခဲ့ရပြီး သူ့မိဘတွေဟာ သူတို့ကိုဆုံးပြီးကတည်းက လာမတွေ့၍ စိတ်ဆိုးနေကြောင်းပြောလာတယ်ဟုဆိုသောကြောင့် အခုသူတို့နှစ်ယောက် လူကြီးရဲ့မိဘအုတ်ဂူဆီရောက်လာကြသည်။

ထိုနေ့ကသာ လူကြီးနှလုံးပြန်မခုန်လာခဲ့ရင် သူမအခုချိန် ဒီနေရာကိုသူမတယောက်တည်းလာရပြီး ငိုနေမိမှာအသေချာပါ။မျက်ရည်မကျစေရန်တင်းခံနေတဲ့ လူကြီးရဲ့လက်ကိုဆုပ်ကိုင်လိုက်တော့ လှည့်ကြည့်လာလေသည်။

ငိုချင်ရင်ငိုချလိုက်ပါလူကြီးရယ်~သူမမျက်ဝန်းတွေကတဆင့်ပြောလိုက်တဲ့စကားကို နှလုံးသားချင်းရင်းနှီးနေတဲ့ လူကြီးကနားလည်စွာငိုချလိုက်တော့ သူမမှာသူမရဲ့အိမ်ထောင်ဦးစီးကြီးကိုနှစ်သိမ့်ရလေသည်။

လူကြီးအခုလို ငိုတယ်ဆိုတာ သိပ်ရှားတဲ့အဖြစ်အပျက်မို့ လူကြီးဘယ်လောက်ဝမ်းနည်းနေမလဲ သူမနားလည်ပါသည်။

Guardian Husband Where stories live. Discover now