"Kim Tae Tae!!..."
"ဟင်?"
"ဟင်းရည်ကငံတူးနေတာပဲ!မင်း...ဒါတမင်သက်သက်လုပ်တာမလား?!"
ထိုအခါ Tae ကမျက်နှာငယ်လေးနဲ့......Kim Tae Tae တို့အကယ်ဒမီရှော့တွေစပါပြီ...
"စားမကောင်းလို့လားဟင်?"
"ဘယ်လိုလုပ်စားကောင်းမလဲ?"
"Tae ကလူကြီးကိုစားစေချင်လို့ကြိုးစားပြီးချက်ထားတာ~စားမကောင်းရင်လဲမစားပါနဲ့~Tae...Tae ပစ်လိုက်ပါ့မယ်~~"
အဆုံးသတ်မှာအသံလေးတိမ်ဝင်သွားတဲ့ ကလေးကြောင့် Jungkook စိတ်မကောင်း...သူကသူ့ကိုတမင်သက်သက်ပညာပေးတယ်ထင်လို့အော်လိုက်ပေမဲ့ ကလေးကကြိုးစားပြီးချက်ထားတယ်တဲ့လား...ဟင်းတွေသိမ်းဖို့လုပ်နေတဲ့ ကလေးကိုတားလိုက်တယ်။
"ရတယ်...စားလို့ကောင်းပါတယ်။ကလေးချက်ထားပဲကို...ကိုယ်စားလိုက်မယ်~"
ထို့နောက် စပ်တဲ့ဟာကစပ်၊ချိုတဲ့ဟာကချို၊ငံတဲ့ဟာကငံနဲ့ အစပ်ဟပ်မတည့်တဲ့ ဟင်းတွေကို သူ့ကလေးစိတ်ချမ်းသာဖို့ ကြိတ်မှိတ်စားနေတဲ့ Jungkook ကိုကြည့်ပြီး Tae ကတော့ခိုးပြုံးနေလေရဲ့...
Jungkook မသိလိုက်တာက သူ့ကလေးဟာ အိမ်မှာဆိုတအိမ်လုံးကို ထမင်းဟင်းချက်ကျွေးနေတဲ့သူဆိုတာကိုပါပဲ။—————-\\ Guardian Husband//—————
ဒီနေ့ Jungkook လေမှုတ်သံကြောင့်အိပ်ယာကနိုးလာပြီးအခန်းထဲဝေ့ကြည့်လိုက်တော့ ဆံပင်လေမှုတ်နေတဲ့ Tae ကြောင့်မျက်လုံးပြူးသွားသည်။
မနက်ဆို သူနှိုးမှမထချင်ထချင်နဲ့ထတဲ့လူကအခုတော့ အစောကြီးခေါင်းတောင်လျှော်ထားပုံရတယ်။"ကလေး~အစောကြီးနိုးနေတာလား?ဘာရှိလို့လဲ?"
"ခင်ဗျားနဲ့ Company လိုက်ရမယ်မလား?"
"ဟင်?"
ဒါဆိုအခု ကလေးကသူနဲ့ Company လိုက်ဖို့ပြန်နေတာလား?ခါတိုင်း Company လိုက်ဖို့မနည်းခေါ်ရတဲ့သူက အခုတော့ အစောကြီးတောင်ထပြီး Company လိုက်ဖို့ပြင်နေလိုက်သေးတယ်။Jungkook မွေ့ယာပေါ်မှာ ငုပ်တုပ်ကြီးအတွေးများနေတုန်း မျက်နှာရှေ့ရောက်လာတဲ့ သပတ်...
"ရော့!မျက်နှာသစ်ရေချိုးတော့...Tae မနက်စာပြင်ပြီးစောင့်နေမယ်။"
![](https://img.wattpad.com/cover/290808954-288-k264109.jpg)
YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...