မနက်ခင်း ကျေးငှက်အော်သံတွေနဲ့အတူ Jeon စံအိမ်ရဲ့မီးဖိုချောင်လေးထဲမှာ ချစ်ကြည်နူး တစ်တီတူးသံလေးတွေနဲ့သာယာနေတော့သည်။
"ဟား ဟား ဟား......လူကြီး!မလုပ်နဲ့လို့!ဒီမှာ အကုန်မောက်ကုန်မယ်~"
ဟင်းချက်နေတဲ့အိမ်သူလေးကို အနောက်ကနေဖက်ကာ ပွတ်သီးပွတ်သက်လိုက်လုပ်နေတဲ့ ဥက္ကထ Jeon...ဟင်းကြော်နေတဲ့ သူမခါးလေးကိုတို့လိုက်တော့ တွန့်တတ်သွားတဲ့သူမ......
"ကကျိ!!...Yah~မလုပ်ပါနဲ့ဆိုနေမှ!"
"ဟား ဟား ဟား...ယောင်တာကလဲကကျိတဲ့...ဟား ဟား ဟား...ဘာလဲ ကကျိက?"
"ဘယ်သိမလဲ?!လန့်ပြီးပါးစပ်ကထွက်ချင်တာထွက်သွားတာပေါ့။"
"ကကျိ!"
"မပြောနဲ့!"
"ကကျိ!"
"မပြောနဲ့လို့!"
"ကကျိ!"
"Yah~!"
"ကကျိ!"
"Jeon Jungkook ...ခင်ဗျားသေပြီပဲ!!"
ဟင်းအိုးခလုတ်အားပိတ်ကာ ဟင်းကြော်တဲ့ဇွန်းကြီးကိုင်ပြီးလိုက်တဲ့ သူမကြောင့် သူ့မှာတန်းနေအောင် ပြေးတော့သည်။ကလေးမဟုတ်သူငယ်မဟုတ် မီးဖိုခန်းထဲ ပတ်ပြေးနေကြတဲ့ Jeon မောင်နှံပါလေ~~
..
.
.
Jungkook ကထမင်းစားဝိုင်းခုံမှာထိုင်နေပြီး သူ့အရှေ့မှာ ဟင်းရည်ပန်းကန်အားချကာ ဘေးမှာဝင်ထိုင်လိုက်တဲ့ Tae......"ဝါး~စားကောင်းမဲ့ပုံပဲ။...အင်း~ကိုယ်တော့ ကလေးလက်ရာမှမဟုတ်ရင်မစားတတ်တော့ဘူးထင်တယ်။"
ဟင်းအားမြည်းကာ ပြုံးပြုံးကြီးနဲ့ပြောလာတဲ့ Jungkook ကို Tae က...
"Arjushi~တော်ရုံပဲပြောပါနော်။"
"တကယ်ပြောတာ။"
"မမြှောက်လဲ နေ့တိုင်းဟင်းချက်ကျွေးပါ့မယ်။"
"ဟုတ်လား?...အဲ့ဒါဆိုမမြှောက်တော့ဘူးနော်!"
"လူကြီး!"
တီတောင်း တီတောင်း......
သူတို့ထမင်းစားနေကြတုန်း အိမ်ရှေ့က လူခေါ်ခေါင်းလောင်းသံကြားလိုက်တာမို့ Tae ကော Jungkook ကောအိမ်ရှေ့ထွက်လာကြသည်။Jungkook ကတံခါးဖွင့်လိုက်တော့ ...
YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...