Episode 16

1K 76 9
                                    

Tae တယောက်ဒီနေ့အိန္ဒြေမရပါ။မနေ့ညက လူကြီးနဲ့နမ်းခဲ့ပြီးမှ မျက်နှာချင်းမဆိုင်ရဲဖြစ်နေကြသည်။ဖြစ်ချင်တော့ ဒီနေ့မှ ကျောင်းပိတ်ရက်နဲ့လာတိုးနေသည်။
ဒီနေ့တနေကုန် သူဘယ်လိုရှောင်ရမလဲ?မနက်စာပြင်ပြီးတာနဲ့ ချက်ချင်းအိမ်ပေါ်တက်ကာ Soobin ကိုဆက်လိုက်တယ်။

"ပြော Taegom ..."

"Soobin ah ဒီနေ့နင်အားလား?"

"မအားဘူး...ငါအခုတောင် ဆိုးလ်မှာမရှိဘူးဟ..."

"ဟမ်?...နင်ကဘယ်ရောက်နေတာလဲ?"

"ငါ gwanju မှာ..."

"ချီးပဲ...ဒါဆိုလဲဒါပဲဟာ..."

"အေး အေး..."

နောက်တခါကျ Beomgyu ဆီသို့ဆက်လိုက်သည်။

"ဟယ်လို?"

Beomgyu ရဲ့ဖုန်းခေါ်လိုက်ပေမဲ့ ပြန်ထူးလာတာက Beomgyu အသံဟုတ်မနေ...ယောက်ျားသံကြီး...Yeonjun Oppa အသံမဟုတ်သလို Abeoji အသံလဲမဟုတ်...

"Choi Beomgyu ဖုန်းမဟုတ်ဘူးလား?အခုပြောနေတာဘယ်သူလဲ?"«Tae»

"အာ...ဟုတ်ပါတယ်။အခု Choi Beomgyu က သန့်စင်ခန်းသွားနေလို့ပါ။ဘယ်သူလို့ပြောပေးရမလဲ?"«Taehyun»

"အော်~Kim Tae Tae ဖုန်းဆက်တယ်လို့ပြောပေးပါနော်။"«Tae»

"...အာ အခုပဲသူလာနေပြီ။Beomgyu yah...Kim Tae Tae တဲ့။"«Taehyun»

"ဟုတ် Hyung...Taegom ah...ဘာလဲ?"«Beomgyu»

"နင်ခုနကဘယ်သူတုန်း?"«Tae»

"အာ~Taehyunie Hyung Taehyunie Hyung..."«Beomgyu»

အသံတိုးတိုးလေးနဲ့ဖြေလာတဲ့ Beomgyu...
အော်~Dr.Kang နဲ့ဆိုတော့ ဒင်းက သာယာနေမှာပေါ့။

"နင်အရမ်းသာယာနေတာပေါ့။"«Tae»

"ဒါပေါ့။"«Beomgyu»

"ဟယ်~အရှက်မရှိလိုက်တာ။ငါကနင့်ကိုအပြင်သွားဖို့ခေါ်မလို့။အခုတော့ ခေါ်လို့မရတော့မဲ့ပုံပဲ။"«Tae»
"သိလဲပြီးရော...ဒါပဲ။"«Beomgyu»

"Yah...Yah!နှာဘူးကောင်!စကားတောင် မဆုံးသေးဘူး။ဒီနေ့မှဘာလို့အားလုံး မအားကျတာလဲ!!စိတ်ညစ်လိုက်တာ!အာ~Unnie!Unnie ကိုဆက်ရမယ်။"«Tae»

"Taegom ah~ပြောလေ။"«Chim»

"Unnie!Tae နဲ့ဒီနေ့မလည်ချင်ဘူးလား?"«Tae»

Guardian Husband Where stories live. Discover now