Episode 23

945 77 14
                                    

Hanwon ဆေးရုံထဲသို့ အလောတကြီးဝင်လာတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ယောက်နဲ့ကျောင်းသူတယောက်...ကျောင်းသူလေးရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေဟာ ရစ်သီနေသလို ကျောင်းသားလေးနှစ်ယောက်ရဲ့မျက်ဝန်းတွေထဲမှာလဲ စိုးရိမ်မှုပုံရိပ်တွေအပြည့်ကိုမြင်နေရသည်။

အပေါ်ဆုံးထပ်က အရေးပေါ်ခန်းရှေ့ဆီရောက်တော့ Jungkook ရဲ့ဦးလေး Jeon Jihyungနဲ့ မန်နေဂျာ ကိုတွေ့လိုက်ရတယ်။

"Samchon!..."

"Tae Tae yah~"

"Samchon !...Jungkook Oppa ရဲ့အခြေနေဘယ်လိုလဲ?"

"အခုထိဘာမှမသိရသေးဘူး။အရေးပေါ်ခန်းထဲဝင်သွားကတည်းက အခုထိဆရာဝန်တယောက်မှ မထွက်လာကြသေးဘူး။အခုဆို ၁နာရီတောင်ကျော်လာပြီ။"

"......"

Tae ကခွဲစိတ်ခန်းဘက်ကိုသာ မျှော်ကြည့်ပြီး မျက်ရည်တွေဝိုင်းကာ လက်လေးတွေအချင်းချင်းဆုပ်ကိုင်ထားတာမို့ Jihyung က......

"အဲ့လောက်လဲ စိတ်မပူပါနဲ့။Jungkookie ပြန်ကောင်းလာမှာပါ။သူက သန်မာပါတယ်။"

"ခွဲစိတ်တာအဲ့လောက်ကြာလို့လား?!...လူကြီးတခုခုဖြစ်ရင်~"

ပြောပြီး မျက်ရည်တွေကျလာတဲ့ Tae ကို Soobin ကဖက်ထားပေးလိုက်ကာနှစ်သိမ့်ပေးလိုက်တယ်။အားလုံးလဲ မျက်နှာတွေမလှကြဘူးပေါ့။

သုံးနာရီလောက်ကြာသွားပေမဲ့လဲ ဘာမှမထူးခြားလာပါ။အားလုံးရဲ့မျှော်လင့်ချက်တွေဟာ တဖြေးဖြေးနဲ့ပိုမို မှေးမှိန်လာတော့သည်။

"Taegom ah!"

"Unnie!!!ဟင့်!"

ငိုချင်နေတဲ့ ကလေးအမေတွေ့သလို Chim ကိုတွေ့တာနဲ့ရင်ခွင်ထဲဝင်ကာ ပြေးငိုတော့သည်။Tae က Chim ရင်ခွင်ထဲငိုနေတာမို့ Yoongi လဲ Jihyung Samchon ဆီကိုသာသွားလိုက်သည်။

"Jungkook ကဘယ်လိုဖြစ်တာလဲ Samchon..."

"ဆောက်ထဲကိုသွားစစ်ရင်းနဲ့ထိခိုက်မိလာတာတဲ့။"

"Jungkook လိုလူကလေ?"

"........."

"သတိအဲ့လောက်ကြီးတဲ့ Jungkook လိုလူက ထိခိုက်မိတယ်ဆိုတာ သိပ်တော့ ရုပ်တိမရှိဘူးလားလို့။"

Guardian Husband Where stories live. Discover now