ဂျပန်က ဥက္ကထ Jeon ဟာထူးထူးဆန်းဆန်းအလုပ်လုပ်တာ စိတ်မပါနေပါ။သူ့ရဲ့အိမ်သူလေးဟာ သူ့ဖုန်းကိုမကိုင်တာ သုံးရက်ရှိသွားပြီ။
Yoongi Hyung ကိုလှမ်းဆက်ပြီး Tae အခြေနေမေးတော့လည်း ပုံမှန်ပဲတဲ့...ဒါဆိုဘာဖြစ်လို့ကိုယ့်ဖုန်းမကိုင်ရတာလည်းကွာ~ဒီနေ့တော့ အလုပ်တွေအကုန်ဖျက်ပြီး ကိုရီးယားသို့စောပြန်ရန်စီစဉ်ထားသည်။
"ဥက္ကထ~ဘာကိစ္စများရှိသေးလည်းမသိဘူး။"
"လေယာဉ်လက်မှတ်ဖြတ်လိုက်။"
"ဗျာ?"
"ကိုရီးယားပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်လိုက်တော့ ဒီနေ့ညနေအတွက်။"
"ဗျာ?"
ဥက္ကထကတော့ ရစ်ပြီ...ညနေအတွက်ဘယ်လိုလုပ်ဖြတ်ရမှာလဲ?လေယာဉ်လက်မှတ်ဆိုတာ ကြိုမှာရမဲ့ဟာကို အခုချိန်က ဂျပန်မှာ ဆာကူရာပန်းတွေပွင့်ချိန်မို့ ခရီးသွားများတဲ့အချိန်ဆိုတော့ပိုဆိုးတာကို...
"ဥက္ကထ~ညနေအတွက်အခုမှဖြတ်ရင်တော့မရတော့ဘူးထင်တယ်။"
"မရရအောင်ဖြတ်။နောက်ဆုံးမရရင် လေယာဉ်စင်းလုံးငှါးလိုက်။"
"ဗျာ?!"
ဥက္ကထ Jeon ဟာကိုယ်ပိုင်လေယာဉ်တောင်အပိုင်ဝယ်နိုင်တဲ့ထိ ချမ်းသာပေမဲ့ ဘယ်တုန်းကမှပိုက်ဆံပိုမသုံးခဲ့ပေ...
brand အင်္ကျီတောင်သိပ်ဝယ်တဲ့လူမျိုးမဟုတ်...
အခုကျတော့ လေယာဉ်စင်းလုံးငှါးခိုင်းတာဟာ အလွန်ထူးဆန်းနေသည်။"Yah!Bo Yoojin !!မင်းဘာလို့နှစ်ခါ နှစ်ခါပြန်ပြန်မေးနေတာလဲ!!ငါစိတ်သိပ်မရှည်တော့ဘူးနော်!"
"Nae~သိပါပြီ~"
"သွားမြန်မြန်!"
ဒီတော့မှ ခပ်သွက်သွက်ထွက်သွားတဲ့ Yoojin ...Jungkook လည်းခုံပေါ်ပြန်ထိုင်ပြီး သက်ပြင်းချလိုက်သည်။သူမလေးဘာတွေဖြစ်နေတာလည်း~ဘာတွေပဲဖြစ်နေဖြစ်နေ ကိုယ်ကဖြေရှင်းပေးမှာမို့ စိတ်ချလိုက်ပါ ကလေးရယ်~
—————-\\ Guardian Husband//—————
သူမဒီရက်ပိုင်းအတွေးတွေများနေခဲ့တာမို့ ကောင်းကောင်းလည်းအိပ်မပျော် ကောင်းကောင်းလည်းစားမဝင်ဖြစ်နေခဲ့သည်။
YOU ARE READING
Guardian Husband
Romansaဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...