"ကလေး...မင်းဒီနေ့အားနေတယ်မလား?ကိုယ်နဲ့ Company လိုက်ခဲ့။"
"လိုက်ချင်ဘူး။"
"မရဘူး။"
"ဘာလို့လဲ?~မလိုက်ချင်ပါဘူးဆို။"
"ငါနှစ်ခါမပြောဘူးနော် လိုက်ခဲ့။"
"အခုနှစ်ခါပြောပြီးသွားပြီလေ..."
"ဟူး......သွားမယ်။ထ!ပြီးတော့ Abeonim တို့အိမ်လဲပို့ပေးရဦးမှာ။ကလေးဟိုတနေ့က တက္ကသိုလ် form ဖြည့်ခဲ့ပြီဆို။"
သူမကခေါင်းသာငြိမ့်ပြတယ်။
"အဲ့အကြောင်းပြောချင်လို့တဲ့။တခါတည်းလိုက်ခဲ့တော့။"
"ခင်ဗျားကြီးနဲ့အတူတူမသွားချင်ပါဘူး။"
နှုတ်ခမ်းထော်ကာ ကိုယ်နဲ့အတူမသွားချင်ကြောင်းပြောပြီးဂျစ်ကျနေတဲ့ထိုကလေးပေါက်ကိုစိတ်မရှည်ပဲ ကောက်ချီလိုက်တော့အသဲအသန်ရုန်းတဲ့ပေါက်စ......
"Yah!!!ခင်ဗျာ!!!ပြန်ချပေး!!ပြန်ချပေး!!Yah!!!ဘာလုပ်တာလဲ?"
အတင်းပြန်ချခိုင်းနေလို့ ပစ်ချမလိုလိုလုပ်ပြီလိုက်တော့လည်ပင်းကိုလက်နှစ်ဖက်ဖြင့်တွယ်ထားကာ ထအော်ပြန်သေးသည်။
"မင်းပဲချဆို။"
"ချရင် ခြေထောက်နဲ့ကောင်းကောင်းချပါလား!!"
"မသိဘူး။ငြိမ်ငြိမ်နေရင်နေ မနေကဲချခိုင်းရင် ပစ်ပဲချမယ်။"
လူကိုမကျေမချမ်းနဲ့ မျက်စောင်းခဲထားကာ နှုတ်ခမ်းကြီးဆူပြီးပြောသေးသည်......
"ဥက္ကထစုတ်!"
"ဒါဆိုမင်းလဲ ကလေးစုတ်!"
ထို့နောက်ကားနားဆီခေါ်သွားတော့ သူ့ဇနီးအသစ်စက်စက်လေးကိုတယုတယချီခေါ်လာတဲ့ သူဌေး Jeon ကြောင့်အလုပ်သမားတွေနဲ့ အတွင်းရေးမှူး Bo ဟာလဲပြုံးစိစိနဲ့...
ဒါတွေကိုသိတဲ့ Tae ကလဲရှက်ရှက်နဲ့သူမမျက်နှာကို Jungkook ရင်ခွင်နားဖွက်သတဲ့ဖွက်ထားတယ်။ထိုအခြင်းအရာကပဲ လူတွေကိုပိုပြုံးစိစိဖြစ်စေတာကိုတော့ သူမလေးမသိလေရှာ......
—————-\\ Guardian Husband//—————
ထိုနောက် Maze Group Company limited ဟုစလုံးအကြီးကြီးဖြင့်စိုက်ထွင်းထားတဲ့ အဆောက်အဦးအကြီးကြီးတခုရဲ့မြေအောက် ကားပါကင်ဆီကားရပ်ပြီးတော့ သူမကိုဆင်းရန်တံခါးလာဖွင့်ပေးတဲ့သူကြောင့် သူမမှာမနေတတ်မထိုင်တတ်တွေကိုဖြစ်လို့။

YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...