ဒီနေ့တော့ Kim Taegom တို့တက္ကသိုလ်ပထမဆုံးနေ့ဖြစ်ပါသည်။စောစောထတတ်တဲ့သူမို့ ဒီနေ့လဲသူမဟာ ခါတိုင်းလို့ပြင်ဆင်ပြီးလို့ ကျောင်းသွားရန်အဆင်သင့်ဖြစ်နေပြီ သူ့လူကြီးအတွက် မနက်စာပြင်ပေးဖို့လဲမမေ့မရော့ပေါ့။
"ကလေးကအားလုံးအဆင်သင့်ဖြစ်နေပြီပဲ..."
"အင်း...ဟုတ်တယ်။ဒီမှာလာစားလေ...ပြီးရင် Tae လဲကျောင်းသွားတော့မယ်။"
"Ok လေ...ကိုယ်လိုက်ပို့ပေးမယ်။"
"ဟမ်?...မပို့ပါဘူး။ကိုယ့်ကိုယ်သွားမှာပေါ့။"
"မရပါဘူး။"
"ဟာ~ဘာလို့ပို့မှာလဲ တက္ကသိုလ်ပဲရောက်နေပြီကို။"
"စကားမများနဲ့တော့ စား!ပြီးရင်လိုက်ပို့ပေးမယ်။"
"Arjushi~ကျမကလေးမဟုတ်တော့ပါဘူးနော်!"
"သိတယ်လေ။"
"ဟာ!ခင်ဗျားလိုက်ပို့ရင် ကျမကိုသူများတွေရယ်ကျမှာပေါ့။"
"ကိုယ်ပါနေတာ သူတို့ရယ်ရဲမှာတဲ့လား?""Hol~ဘာလို့မရယ်ရဲမှာလဲ?...မရဘူး မရဘူး။ကိုယ့်ကိုယ်ပဲသွားမယ်။"
"ဒါဆို အပေးယူလုပ်မလား?"
"ဘာလဲ?"
"ကိုယ့်Company မှာ စနေတနင်္ဂနွေတိုင်းအလုပ်ဆင်းရမယ်။အတွင်းရေးမှူး အဖြစ်...အတွင်းရေးမှူး Choi နဲ့အတူ...ခြောက်လတိတိ..."
Jungkook စကားကြောင့် Tae မျက်နှာကြီးကရှုံ့တွဆူပုတ်လာတော့သည်။နှုတ်ခမ်းတွေလဲကိုက်လို့...Jungkook ကတော့ မုန့်ကိုတကိုက်ကိုက်လိုက်ရင်း သူမကိုဘယ်လိုလဲဆိုတဲ့ပုံဖြင့် မေးဆက်ပြသည်။နောက်တော့ သူမကခြေဆောင့်ပြီး...
"လက်ခံတယ်!!လက်ခံရင်ရပြီမလား?!သွားတော့မယ်!ဟွန့်!...ဘာမှန်းလဲမသိဘူး။သူများကိုအမြဲတမ်း}^|*]+။¥~¥|£"
ကားသော့ကြီးဆွဲယူပြီး သူ့ကိုပွစိပွစိရွတ်ကာထွက်သွားတဲ့ ဇနီးဖြစ်သူကြောင့် သူကော်ဖီသောက်ရင်း ပြုံးလိုက်တယ်။သူမဒီလိုလုပ်မယ်ဆိုတာသိသားပဲ...
သူမတက္ကသိုလ်ကိုလုံးဝအိမ်ကလိုက်ပို့တာမခံဘူးဆိုတာ......အလုပ်ခွင်ထဲဝင်ရင် လူတွေဟာရင့်ကျက်သွားတတ်တာမို့ သူဒီလိုအပေးယူလုပ်လိုက်ခြင်းပင်......
YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...