ဒီနေ့လဲ Jungkook နဲ့အတူအီးမှန်နေတဲ့ ရုပ်နဲ့ Company ကိုပါလာတဲ့ Tae ရယ်ပါ။ရုံးခန်းထဲဝင်ခံနီး အတွင်းရေးမှူးစားပွဲရှေ့ရောက်တော့ ...
"မင်္ဂလာပါ ဥက္ကထ နဲ့ ဥက္ကထကတော်။"
"အင်း......အတွင်းရေးမှူး Choi..."
"Annyeong Unnie..."
ထို့နောက် Jungkook ကရုံးခန်းဆီသို့လှမ်းလိုက်ပေမဲ့ Tae ကအတွင်းရေးမှူး Choi ဆီကိုသွားရန်ပြင်လိုက်သည်။Jungkook လဲသူမလက်ကိုအမြန်ဆွဲလိုက်တော့ လှည့်ကြည့်လာသည်။
"ဘယ်သွားမလို့လဲ?"
"Bora Unnie ဘေးသွားထိုင်မလို့လေ။"
"ကိုယ့်ရုံခန်းထဲသွားမယ်။"
"မသွားချင်ဘူး။"
"Kim Tae Tae ...ပြောစကားနားထောင်စမ်း။"
"ခင်ဗျားကြီးရုံခန်းထဲမှာပျင်းတယ်။"
"မပျင်းအောင် အလုပ်ပေးမယ်လာ!"
ပြောပြီးတာနဲ့ လက်ကိုဆွဲကာထွက်သွားတဲ့ ဥက္ကထကြီးနောက်ကိုယှက်ကန်ယှက်ကန်နဲ့ပါသွားတဲ့ Kim Tae လေး......
—————-\\ Guardian Husband//—————
"ဒါဘာလဲ?"
"စာရင်းတွေလေ။"
"သိတယ်လေ...ဘာလို့ကျမကိုလာပေးနေတာလဲ?"
"တွက်ဖို့ပေါ့။"
"ဘာ?Jeon Jungkook!!ဒါကလွန်လွန်းတယ်မဟုတ်ဘူးလား?!"
"Jeon Jungkook?ကိုယ့်ထက်အကြီးကို!"
"စိတ်တိုရင်တော့ခေါ်မှာပေါ့။...ကျမကခင်ဗျာရဲ့ဝန်ထမ်းမဟုတ်ဘူး!!အလုပ်ခိုင်းနေရအောင်......"
"သိတာပေါ့။မင်းက ကိုယ်လက်ထပ်ထားတဲ့ ကိုယ့်ချစ်ဇနီးလေးပဲဟာ။"
"ခင်ဗျာအဲ့လိုမပြောနဲ့!!!"
"အဲ့လိုမပြောတော့ ဘယ်လိုပြောရမှာလဲ?အမျိုးသမီးလို့ပြောရမှာလား?အာ~မင်းက မိန်းမလို့ပြောတာကြားချင်တယ်ထင်တယ်~~"
"ဝေါ့...ကြားချင်မနေဘူး!စာရင်းလဲမတွက်နိုင်ဘူး!ခင်ဗျားကြီး Company မှာလဲမနေဘူး!သွားမယ်!"
ပြောပြီးတာနဲ့ ကားသော့ဆွဲကာအပြင်ထွက်ရန်ပြင်နေတဲ့ Tae က Jungkook စကားကြောင့်ခြေလှမ်းတွေရပ်တန့်သွားသည်။

YOU ARE READING
Guardian Husband
Romanceဆိုးသွမ်းလွန်းကာ ဘဝကိုပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းပြီးအမြဲလွှဲနေတတ်တဲ့ ၁၈ နှစ်အရွယ် Kim Tae Tae ဆိုတဲ့ကောင်မလေးက သူ့ထက် ၁၂နှစ်လောက်ကြီးပြီး ငယ်ငယ်တည်းက မိဘတွေဆုံးသွားတာမို့ Company ကြီးကိုဦးစီးရကာ အရာရာတိကျသေချာတဲ့ အသက် ၃၀ အရွယ် Maze Company ရဲ့ဥက္ကထ J...