Episode 15

1.3K 81 8
                                        

"Yeabo!!"

"Jeon Jungkook?"

"ကိုယ်တောင်းပန်ပါတယ်ကွာ~စိတ်မဆိုးနဲ့တော့နော်~အိမ်ပြန်လိုက်ပါကွာ..."

"ခင်ဗျားဘာတွေပြောနေတာလဲ?"

"စိတ်မကောက်နဲ့တော့နော်~တပတ်လုံးကိုယ်ရူးတော့မလိုပဲ~မိန်းမရဲ့!!!!အီးဟီးးးးးး..."

အသံအကျယ်ကြီးနဲ့အော်ပြီး အော်ကြီးဟစ်ကျယ်အော်ငိုပြနေတဲ့ Jungkook ကအရင်နေ့တွေကသူတွေ့နေကြ ဥက္ကထ Jeon မှဟုတ်ရဲ့လား?

သိက္ခာတရားကိုသိပ်တန်ဖိုးထားတဲ့ ဥက္ကထ Jeon ကအခုတော့လူကြားထဲအရှက်မရှိအော်ငိုပြနေသည်။သူတော့မသိဘူး သူမကတော့လူတွေကြည့်လာတာမို့ ရှက်လာရသည်။

"Yah!Yah!ခင်ဗျား!!မငိုနဲ့လေ!မရှက်ဘူးလား?"

"အီးး...အွန်းးးး..."

အာပြဲကြီးနဲ့ငိုနေတဲ့ ပါးစပ်ကိုစွတ်ပိတ်နေပြီး ဘေးကိုပတ်ကြည့်နေတဲ့ Tae...
*ဒီဦးလေးကြီး ဒီနေ့မှဆေးမသောက်ခဲ့လာဘူးလား မသိဘူး။ထူးဆန်းလိုက်တာ။*

"မိန်းကလေး~ဒါမင်းယောက်ျားလား?"«အဒေါ်ကြီး»

"ဟုတ်ပါတယ်!ကျနော်ကသူ့ယောက်ျားပါ။ကျနော့်ကိုစိတ်ဆိုးပြီးအိမ်ပေါ်ဆင်းသွားလို့လာချော့တာပါ။"«Jungkook »

ဆိုင်ရှင်အဒေါ်ကြီးက သူမကိုမေးတာပေမဲ့ ကြားထဲကဝင်ဖြေလိုက်သူဟာ အဲ့စိတ်လွှတ်နေတဲ့ ဥက္ကထစုတ်ကြီး~မျက်နှာလေးကိုညိုးငယ်ထားပုံက သူများတွေကြောက်ရတဲ့ ဥက္ကထ Jeon မဟုတ်သလို...

"မိန်းမရယ်~ပြန်လိုက်ခဲ့ပါကွာ~အိမ်မှာကလေးတွေကလဲငိုနေကြပြီ။သူတို့ Omma ကိုလွှမ်းလို့တဲ့~သနားရှာပါတယ်။"«Jungkook »

"ကလေး?..."« Tae »

"မိန်းကလေး...အဒေါ်ကြီးနဲ့တော့ မဆိုင်ပေမဲ့ပြောပြမယ်နော်။လင်နဲ့မယားဆိုတာ လျှာနဲ့သွားပါ။
အခန့်မသင့်ရင်တော့ကတောက်ကစဖြစ်မှာပဲ။

ကလေးတွေ မျက်နှာကြည့်ပြီးပဲဖြစ်ဖြစ် ...
ပြန်လိုက်သွားလိုက်ပါနော်။
ပြီးမှ ပြန်ဆွေးနွေးကြပေါ့။"« အဒေါ်ကြီး»

"မဟုတ်...မဟုတ်..."« Tae »

"Yeabo~အိမ်ပြန်ရအောင်နော်~သားလေးနှစ်ယောက်ကလဲမအိပ်ကြဘူး။သမီးလေးနှစ်ယောက်ကလဲ ငိုနေကြတာ...အမွှာလေးတွေကလဲ!"« Jungkook »

Guardian Husband Where stories live. Discover now