Part2

521 48 6
                                    

Jkတစ်ယောက်ပြုံးစိစိဖြင့်ကျောင်းဝန်းထဲကထွက်လာကရှေ့တွင်အသင့်စောင့်နေသောကားပေါ်သိုတက်လိုက်သည်။
''အကိုလေး ဒီနေ့ကျောင်းတက်ရတာအဆင်ပြေရဲ့လားဗျ''
''ပြေပါတယ် ဉီးလေးရိန်''Jkပြုံးရင်းဖြေလိုက်သည်။
''အကိုလေး ဒီလိုမပြုံးတာကြာပြီနော် ကြည့်ရတာကျောင်းမှာပျော်စရာရှိလာတဲ့ပုံပဲ''
''ဟက် နည်းနည်းပါ ဉီးလေးရိန် . . . ဒါနဲ့မာမီရော ဒီနေ့စောစောအိမ်ပြန်လာမှာလား''
''သခင်မကြီးက company မှာနည်းနည်လုပ်စရာလေးရှိနေလို့ နောက်ကျမှပြန်လာမယ်လို့ပြောပါတယ် အကိုလေး''
ဘယ်ချိန်ဖြစ်ဖြစ်မာမီအကြောင်းမေးလိုက်တိုင်း company မှာလုပ်စရာရှိလို့ ကိစ္စပေါ်လာလို့ ဒါပဲအမြဲပြောခဲ့တယ် ငယ်ငယ်လေးကတည်းက ကျတော်ဟာ ဒီစကားလုံးတွေနဲ့နေသားကျနေခဲ့ပါပြီ. . . . . . . .
''ပြန်ရောက်ပါပြီ အဖေနဲ့အမေ''
''ကယ် သား ရေမိုးချိုးအဝတ်စားလဲပြီးအောက်ဆင်းလာခဲ့ အမေတို့ညစာစားဖို့စောင့်နေမယ်''
''ဟုတ်ကဲ့အမေ''
Jinတစ်ယောက်သူ့အခန်းထဲရောက်တာနဲ့ စားပွဲခုံပေါ်လွယ်အိတ်တင်ကာ တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ငန်းကို အစပြုလိုက်တယ်. . . . . ထို့နောက် အောက်ထပ်သို့ဆင်းကာ ထမင်းစားပွဲတွင်ထိုင်ကာ ထမင်းစားနေခဲ့တယ် ထိုချိန်
''သား ဒီနေ့ ကျောင်းမှာဘယ်လိုလဲ အဆင်ပြေရဲ့လား အတန်းဖော်တွေကရော သားအပေါ်ကောင်းရဲ့လားသား''
Jinတစ်ယောက်ထမင်းစားနေရင်းရှေ့ကအမေဖြစ်သူရဲ့မေးစကားကြောင့်
''အဆင်ပြေပါတယ်အမေ အတန်းဖော်တွေအားလုံးကလဲ သားအပေါ်ကောင်းပါတယ်''
*ဟိုမာနတစ်ခွဲသားကောင်ကလွဲရင် ကျန်တာအကုန်အဆင်ပြေတယ်အမေရေ*
''သား အဆင်ပြေတယ်ဆိုပြီးတာပါပဲ သူငယ်ချင်းရောရနေပြီလား သား''
''ဖြေးဖြေးပေါ့ အမေရာ အခုမှကျောင်းတက်တာတစ်ရက်ပဲရှိသေးတယ် ချက်ချင်းကြီး သူငယ်ချင်းရမလာဗျ''
''သားရယ် ချက်ချင်းကြီးသူငယ်ချင်းမရသေးရင်တောင် သားဘေးမှာထိုင်တဲ့သူတော့ရှိမှာပဲလေ သူနဲ့ဘယ်လောက်ထိခင်နေပြီလဲ''
Jinတစ်ယောက်အမေစကားကြောင့်စားနေရင်း
*အမယ်လေး အပေါက်ဆိုး မာနတစ်ခွဲသားရုပ်နဲ့သူနဲ့များခင်ပါ့မလား လူကိုတွေ့တာနဲ့ရန်ထောင်နေတာ*အပြင်တွင်တော့
''နည်းနည်းတော့ခင်ပါတယ်အမေ သူ့ပုံစံကြည့်ရတာ သူ့ဘာသာနေတဲ့ပုံပေါ်လို့ သိပ်ပြီးတော့စကားမပြောဖြစ်ပါဘူးအမေ''
''ကယ် မိန်းမရေ မင်းဒီနေ့သားကိုမေးမြန်းတာတွေပြီးတော့မှာလား သားထမင်းကောင်းကောင်ထမင်းစားပါစေကွာ''
''သိပါတယ်ရှင့် သားအခြေနေလေးကိုသိချင်ယုံပါ''
''သိချင်တာတော့သိချင်တာပေါ့ကွာ ကလေးကိုလဲ ထမင်းစားချိန်လေးပေးမှပေါ့မင်းကတရစပ်ကိုမေးနေတော့တာပဲ''
''ဘာလည်း ရှင်အခုပြောချင်တာက ကျမကိုပါးစိပါးစပ်များတယ်လို့ပြောချင်နေတာလား''
''မဟုတ်ရပါဘူး မိန်းမရာ ကိုယ်က. . . ''
''တော်တန်တိတ် ကျမဘာမှမကြားချင်ဘူး ဟွန့် ရှင်ကြပ်ကြပ်သတိထား''
Jinအဖေတစ်ယောက်သူ့မိန်းမရဲ့ပြောစကားကြောင့် ပါးစပ်ကိုလက်မနဲ့လက်ညိုးကိုအသုံးပြုကာဇစ်ပိတ်သလိုပုံစံမျိုးဖြင့် ပြုလုပ်ကာ ထမင်းစားနေလိုက်သည်
Jinတစ်ယောက်သူ့အဖေရဲ့အပြုအမူကြောင့် သဘောတကျရီကာ ထမင်းဆက်စားတော့သည်
At jk home
''အကိုလေး ကျောင်းကပြန်လာပြီလား ထမင်းစားဖို့ အန်တီမွန် ပြင်လိုက်ရတော့မလား''
''မပြင်နဲ့တော့ အန်တီမွန် ကျတော်ဗိုက်မဆာဘူး''
''ဗိုက်မဆာသေးဘူးဆိုလဲ တစ်ခုခုတော့အချိန်မှန်စားမှရမယ် မဟုတ်ရင် သခင်မကြီးစိုးရိမ်နေလိမ့်မယ်''
Jkတစ်ယောက်အန်တီမွန်ဆီက သခင်မကြီးစိုးရိမ်နေလိမ့်မယ်ဆိုတော့ စကားကြောင့်
''ဟက် မာမီလား ကျတော့်ကိုစိုးရိမ်မှာ သူ့အလုပ်နဲ့တောင်သူမအားတာ ကျတော့်ကိုလဲစိတ်ဝင်စားမယ့်ပုံမပေါ်ပါဘူး''
''သခင်မကြီးက အကိုလေးကိုချစ်ပါတယ် သူကထုတ်မဖော်ပြတတ်လို့ပါ အကိုလေးရယ်''
''ချစ်တယ် ဘာကိုချစ်တာလဲ ငယ်ငယ်လေးကတည်းက အလုပ်ကိုပဲဖိလုပ်နေခဲ့တာ ကျတော်မာမီလက်ထဲမှာအချီခံရပြီး ကြီးပြင်းခဲ့ရတာမျိုးရှိလား. . . မရှိဘူး. . အန်တီမွန်လက်ထဲမှာပဲကြီးပြင်းခဲ့ရတာ ကျတော့်ကို လူအများကြားထဲမျက်နှာမငယ်ရအောင် တင့်တောင့်တင့်တယ်နေရအောင်လုပ်ပေးနေတာကို ကျေးဇူးတင်ပေမယ့် ကျတော်လိုနေတာက ဘာလဲဆိုတာ အန်တီမွန်သိမှာပါ. . . . .
တော်ပါပြီအဲ့ကြောင်းတွေမပြောချင်တော့ဘူး
ကျတော်သွားနားတော့မယ်''
Jkတစ်ယောက် အန်တီမွန်ကို ရင်ထဲမှာခံစားရတာတွေကိုပြောရင်း အပေါ်ထပ်ကသူ့အခန်းသို့တက်သွားခဲ့တယ်။
အခန်းတံခါးကိုစောက်ပိတ်လိုက်ကာ လွယ်အိတ်ကိုမွေ့ယာပေါ်သိုပစ်ချရင်း အရှေ့ဝရံတာသို့ထွက်ကာ ကောင်းကင်ကြီးကိုမော့ကြည့်ရင်းပြောလိုက်တာက
''ပျော်ရွှင်မှုဆိုတာ မွေးကတည်းက ငါ့ဆီမှာမရှိတာထင်တယ်. . . . ဘယ်တော့အခါမှ ပျော်ရွှင်မှုက ကျတော်ဆီရောက်လာမှာလဲ........''

ဖတ်ပေးတဲ့သူတစ်ဉီးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့််🎋💚

တိတ်တခိုးချစ်ရသူWhere stories live. Discover now