''သား. . . . . . ''
Jkတစ်ယောက်ကျောင်းမှပြန်လာပြီး အိမ်ထဲသိုဝင်ရုံပဲရှိသေး ဧည့်ခန်းမှမာမီရဲ့ခေါ်သံကြောင့် ကြည့်လိုက်ကာ
''ဒီမှာ ခဏလောက်လာထိုင်ပါအုံး. . . . . မာမီသားကိုပြောစရာလေးရှိလို့''
Jkသူမာမီရှိရာသို့သွားရင် သူ့မာမီနဲ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်ကာ
''ဘာပြောစရာရှိလို့လဲ မာမီ''
''ဂျီဆွန်း ဒီနေ့ပြန်ရောက်တယ်''
Jkနားမလည်တဲ့ပုံစံဖြင့် သူ့မာမီကိုကြည့်လိုက်သည်. . . .
''ဂျီဆွန်းဆိုတာ သားနဲ့စေ့စပ်မယ့်ကောင်မလေးနာမည်ပါ Golden Company ဉက္ကဌယွန်းရဲ့ တစ်ဉီးတည်းသောသမီး ယွန်းဂျီဆွန်း''
''အဲ့တော့ ဘာဖြစ်လဲ သားကဘာလုပ်ပေးရမှာလဲ''
''သူနိုင်ငံခြားကပြန်ရောက်တဲ့အတွက် ကြိုဆိုတဲ့အနေဖြင့် ဉက္ကဌယွန်းက သူ့အိမ်မှာ ပါတီပွဲလုပ်လို့ မာမီတို့ကိုဖိတ်ထားတယ်. . . . . အဲ့ဒါသားပါလိုက်ခဲ့ရမယ်''
''သားကဘာလိုက်လုပ်ရမှာလဲ မာမီ့ဘာသာမာမီသွားစမ်းပါ''
''သားမလိုက်လို့မရဘူးလေ သားကဂျီဆွန်းနဲ့စေ့စပ်မဲ့သူလေ ပြီးတော့ဉက္ကဌယွန်းကလဲ သားကိုပါခေါ်လာခိုင်းလိုက်တယ်''
''သားမအားဘူး စာမေးပွဲရှိတယ် 3ရက်လောက်နေ့ရင် စာမေးပွဲဖြေတော့မှာ အဲ့လိုတွေလိုက်ဖို့ အချိန်မရှိဘူး''
''ခဏလေးပါပဲသားရယ် ပြီးတော့အဲ့ပွဲမှာ စီပွါးရေးလုပ်ငန်းရှင်တွေအများကြီးလာမှာ သားနဲ့မာမီဆက်ဆံရေးဒီလိုအေးစက်နေတာကို သူတိူ့ကိုမသိစေချင်ဘူး ပြီးတော့ မာမီမျက်နှာမပျက်ချင်ဘူး သား. . . . ဒါကြောင့်မို့မာမီတောင်းဆိုတာပါ ခဏလေးပဲလိုက်ခဲ့ပေးပါ သားရယ်...''
''ဘယ်ချိန်လဲ. . . . . . ''
''ဒီည7နာရီ''
''ကောင်းပြီ သားလိုက်ခဲ့မယ်''
Jkသူ့မာမီကို ထိုသို့ပြောခဲ့ပြီး သူ့အိပ်ခန်းဆီသို့သွားလေသည်
Jkမာမီတစ်ယောက် Jkစကားကြောင့် အတိုင်းမသိပျော်မိသည်
''သားလေးက ငါ့ကို အရမ်းကြီးမမုန်းသေးပါဘူး''''ပြန်ရောက်ပါပြီ''
''သားလေး ကျောင်းမှာပျော်ခဲ့ရဲ့လား''
''ဟုတ်ကဲ့ ပျော်ခဲ့ပါတယ်အမေ''
''ဟုတ်ပါပြီ အခုရေမိုးချိုးအဝတ်စားလဲပြီး အောက်ဆင်းလာခဲ့ ညစာစားဖို့စောင့်နေမယ် ''
''ဟုတ်ကဲ့''Jkတစ်ယောက်သူ့အခန်းထဲသို့ဝင်ကာ လွယ်အိတ်ထဲမှPhကိုထုတ်လိုက်ရင်းVideoတစ်ပုဒ်ကိုပြန်ကြည့်ကာ ရီနေမိသည်
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .