Part9

295 45 14
                                    

''အမေနဲ့အဖေကို သားပြောစရာလေးရှိလို့''

''ပြောလေ သား ဘာပြောမလို့လဲ''

''ဟို....သား တိုက်ခန်းဌားပြီး တစ်ယောက်တည်းနေချင်လို့ပါအမေ''

တစ်ခါမှ အိမ်နဲ့မခွဲဖူးတဲ့ကလေးက တစ်ယောက်တည်းနေချင်တယ်ဆိုတော့

''ဘာများဖြစ်လို့လဲသား''

''အထွေအထူးတော့ မဟုတ်ပါဘူးအမေ...
သားအလုပ်လုပ်တဲ့companyနဲ့ အိမ်နဲ့ကဝေးတော့ သွားရလာရတာအဆင်မပြေဘူးလေ
ပြီးတော့နောက်ပိုင်းover timeဆင်းရရင် နောက်ကျမှာ
အဲ့ကျရင် busတွေမရှိတော့မှာလဲ စိုးတယ်
ဒါကြောင့် companyနဲ့နီးတဲ့နေရာလေးမှာ တိုက်ခန်းဌားပြီး နေမလားလို့ပါ''

''ခွင့်ပြုပေးမယ်မလား အဖေနဲ့အမေ''

''သားအဆင်ပြေသလိုလုပ်ပါ အဖေကတော့ သားအဆင်ပြေရင် အားလုံးOkပဲ''

jinတစ်ယောက် သူ့အဖေဆီက ခွင့်ပြုချက်ရလိုက်ပြီမို့ ပျော်ရွှင်သွားခဲ့တယ်
ဒါပေမယ့် အမေ.......အမေ့မျက်နှာက မကောင်းဘူး။ကြည့်ရတာ အမေက သဘောမတူဘူးထင်ပါတယ်

''ကယ် မေကြီးရယ် ခွင့်ပြုပေးလိုက်ပါ
သားလေးလဲ အရွယ်ရောက်နေပြီပဲ''

''ဒါပေမယ့် သားက ကျမတို့နဲ့ တစ်ခါမှ မခွဲဖူးတာဟာ''

''အမယ်လေး မမလေးကင်မ် အဲ့လိုမျိုးသာပြောနေမယ်ဆိုရင်လေ သားမိန်းမယူသွားရင် ဘယ်နှယ်လုပ်မတုန်း''

''ရှင်ကလဲ သားမိန်းမယူသွားလဲ သားကို အိမ်မှာပဲ ခေါ်ထားမှာပေါ့''

''မေကြီးရယ် ခွင့်ပြုပေးလိုက်ပါတော့ သူများcompanyမှာ အလုပ်လုပ်နေရတာလေကွာ သားပြောတာလဲ မှန်ပါတယ် လုပ်ပါ မေကြီးရာ''

jinအမေတစ်ယောက် သားဖြစ်သူနဲ့မခွဲနိုင်တာကြောင့် jinတို့သားအဖနှစ်ယောက်အား ကျောပေးကာ ထိုင်နေသည်

jinအဖေတစ်ယောက် jinဘက်အားလှည့်ကား မျက်စိမှိတ်ပြပြီး သူ့အမေကို မေးငေါ့ပြသည်

ပြောချင်တာကာ မင်းအမေကို ချွဲတော့ပေါ့

''အမေ.........လုပ်ပါနော်......ခွင့်ပြုပေးပါနော်
အမေပြောတော့ သားကိုစိတ်ချမ်းသာစေချင်တယ်ဆို နော် အမေ နော်...နော်...နော်..မေမေနော်......''

တိတ်တခိုးချစ်ရသူWhere stories live. Discover now