Part17

291 19 2
                                    

တီးတောင်...တီးတောင်...တီးတောင်

''လာပြီ ဘာလို့အဲ့လောက်တောင်တီးနေရတာလဲ''

''Morning jin....''

''Taehyung....မနက်အစောကြီး ဘာကိစ္စလဲ''

''မင်းနဲ့မနက်စာ တူတူလာစားတာ...တိုက်ခန်းမှာငါတစ်ယောက်ထဲဆိုတော့ ပျင်းစရာကြီးလေ''

''မင်းရုံးမသွားသေးဘူးမလား...''

''အင် ခဏနေမှသွားမှာ''

''ဒါနဲ့ Taehyung မင်းအဲ့လိုအသင့်စားတွေပဲ စားနေတော့မှာလား...''

''ငါမှ မချက်တတ်တာ...ဘာလဲ မင်းချက်ကျွေးမလို့လား''

''အင်းးးးငါချက်တာနဲ့ကြုံရင် လာဝင်စားလေ..အသင့်စားတွေစားတာ ကြာလာရင် မင်းရောဂါရမယ်''

''စိုးရိမ်နေတယ်ပေါ့လေ....''

''တကယ်ပြောနေတာ..စပ်ဖြဲစပ်ဖြဲ လုပ်မနေနဲ့..မျက်နှာပိုးသတ်''

''ဒါနဲ့ မင်းမိဘတွေဆီကိုရော မပြန်ဘူးလား''

''မပြန်ဘူး...ပြန်ရင် ငါ့ကိုပွားအုံးမှာ...အထူးသဖြင့် ဒယ်ဒီပဲ...
အခုချိန်ထိ အလုပ်မလုပ်ပဲ လေလွင့်နေတယ်ဆိုပြီး''

''ဒါတော့မင်းဒယ်ဒီမှန်တယ်....မင်းကတစ်ဉီးတည်းသော သားမလား...မိဘကို အလုပ်ကူလုပ်ပေးရမှာပေါ့...ပိုက်ဆံဆိုတာ သိပ်ရှာရခက်တယ်Tae..မင်းမိဘတွေက မင်းကို လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနေတော့ မင်းက ပေါ့ပေါ့နေနေတာ''

''jinကလဲ ဒယ်ဒီရှာထားတာတွေက ငါ့တစ်သက်သုံးလို့တောင်ကုန်မှာမဟုတ်ဘူး''

''ဘယ်အရာမှ မတည်မြဲဘူးTae ...မင်းဒီလိုအမြဲသုံးဖြုန်းနိုင်ပြီး ချမ်းသာနေမှာမှမဟုတ်ပဲ...မင်းရင့်ကျက်သင့်ပြီ''

Taeတစ်ယောက်jinပြောတဲ့စကားတွေက အမှန်ဖြစ်နေတာကြောင့် ငြိမ်နေခဲ့တယ်

''ဒါကြောင့် မင်းအဆင်ပြေရင် အလုပ်လုပ်ဖို့ကောင်းနေပြီ''

''ငါနားလည်ပါပြီ...''

——————————————————
ဟန်ဂျွန်းတစ်ယောက် Jungkookရုံးခန်းရှေ့ Taehyungရပ်နေတာကိုတွေ့တာကြောင့်

''ဟာ..အကိုTaehyung..မျက်စိလည်လမ်းမှားလာတာလား''

''ဘာမှမျက်စိလဲမလည်ဘူး လမ်းလဲမမှားဘူး ဒီကိုတည့်တည့်မတ်မတ်နဲ့ကိုလာတာ''

တိတ်တခိုးချစ်ရသူWhere stories live. Discover now