''အကို လာပြီလားဗျ''
''omm jimin..ဒီနေ့အဖွဲ့မှုးအသစ်ရောက်မှာဆိုတော့ နောက်ကျလို့မဖြစ်ဘူးလေ''
''ဟုတ်တယ်...အသစ်ရောက်လာတဲ့အဖွဲ့မှုးက မိန်းကလေးဆိုတော့ သဘောကောင်းမယ်ထင်တယ်နော်..ဟီးး....''
''omm ဟုတ်မယ်''
ထိုအချိန် ဌာနရဲ့တံခါးရှေ့မှာရပ်နေသော အသက်ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်
သူမရဲ့ဝတ်စားဆင်ယင်မှုကိုကြည့်ရုံဖြင့် ဘယ်လောက်ချမ်းသာကြွယ်ဝကြောင်းသိနိုင်တယ်jiminနဲ့jinထိုမိန်းကလေးအားကြည့်ကာ
''ဘယ်သူ......''
jiminတစ်ယောက်သူ့မေးစကားမဆုံးခင် ဖြတ်ပြောလာသောသူမ
''ယွန်းဂျီဆွန်း...ဒီဌာနကိုအသစ်ရောက်လာတဲ့ အဖွဲ့မှုး ရပြီလား''
''Arr...မင်္ဂလာပါ အဖွဲ့မှုး...''
jinနဲ့jimin ရှေ့မှာရပ်နေသော သူမကိုနှုတ်ဆက်လိုက်တယ်
''အဲ့တာထား....ဘယ်မှာလဲ ငါ့နေရာ''
''ဟုတ်သားပဲ ဒီဘက်မှာပါ''
ဂျီဆွန်း သူ့နေရာကိုသွားလိုက်ကာ စားပွဲခုံပေါ်တွင် တင်ထားသော ပန်းစည်းကိုကြည့်ကာ
''ဒါဘာလဲ......''
''အဲ့တာပန်းစည်းပါ အဖွဲ့မှုး''
''ပန်းစည်းဆိုတာငါသိတာပေါ့ ဘယ်သူကမသိပဲနေမှာလဲ ငါမေးတာက ဘာလုပ်တာလဲလို့''
''Arr...အဖွဲ့မှုးရောက်လာတာကိုကြိုဆိုတဲ့အနေနဲ့ကျတော်တို့အဖွဲ့သားတွေက ပန်းစည်းပေးတာပါ''
''မလိုဘူး....လွှတ်ပစ်လိုက်''
''ဗျာ........
jinနဲ့jiminအံ့သြမိပါတယ် ကိုယ်တွေအဖွဲ့သားတွေက စေတနာနဲ့ပေးတာကို သူကဘာလို့ဒီလို လွယ်လွယ်ပြောနိုင်ရတာလဲ
''ငါ့ခုံပေါ်မှာ မလိုအပ်ပဲ အမှိုက်ရှုပ်တာတွေ မလိုချင်ဘူး.....နောက်တစ်ခါ မလိုအပ်ပဲ အပိုအလုပ်တွေမလုပ်နဲ့ ငါမကြိုက်ဘူး''
jinတစ်ယောက် သူတို့ရဲ့စေတနာကိုအစော်ကားခံလိုက်ရတာကြောင့်
''အဖွဲ့မှုး ဘာလို့ ဒီလိုစကားပြောရတာလဲ...အဖွဲ့မှုးမကြိုက်ရင်တောင် ဟန်ဆောင်ပြီး ကျေးဇူးတင်ပေးလို့မရဘူးလား''
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .