''ရော့.....''
jinတစ်ယောက်jkအား ထမင်းလိပ်နဲ့အအေးဘူးပေးလိုက်ကာ
''ဘာကြည့်နေတာလဲ မစားဘူးလား...ဆိုင်ကောင်းကောင်းမှာ ကျွေးဖို့ ပိုက်ဆံလဲ မရှိသေးသလို အချိန်လဲမရှိဘူး''
''ငါ့နှဖူးကို ဒီလိုသွေးထွက်အောင်လုပ်ပြီး ထမင်းလိပ်တစ်လိပ်နဲ့အအေးတစ်ဗူးနဲ့ကျေနပ်ခိုင်းနေတာလား...မင်းshoeဖိနပ်နဲ့ထုတာ ဘယ်လောက်နာလဲသိလား''
''ငါ့လက်စငါသိလို့ မင်းကို ထပ်မစဖို့ပြောတာလေ မင်းကလာစတာကို အဲ့တာ မင်းထိုက်နဲ့မင်းကံပဲ ငါ့ကိုအပြစ်လာမပြောနဲ့''
''အအေးဗူးလဲပေး...... ငါဒီအအေးမသောက်ဘူး...မင်းလက်ထဲကbanana milkဗူးပေးငါ့ကို''
''ဟက်....ဇီဇာကလဲကြောင်သေး.... ရော့...အသက်ကဖြင့်ကြီးနေပြီ ခုထိbanana milkသောက်တုန်း''
''ဘာဖြစ်လဲ အသက်ကြီးတာနဲ့ banana milkမသောက်ရဘူးလို့ မင်းကိုဘယ်သူကပြောလဲ....အဲ့လိုပြောတဲ့မင်းကရော ဘာလို့banana milkဝယ်လာတာလဲ''
''အအေးဗူးကုန်နေလို့ပေါ့ကွ ရှိတာပဲ ဝယ်ခဲ့ရတာပေါ့''
''မင်းလဲ ဘာထူးလဲ အသက်ကဖြင့် ကြီးနေပြီ မုန့်စားရင် အမြဲပါးစပ်မှာ ပွေပွနေတာ''
''ဘာဖြစ်လဲ ပွေပွတော့ ဘယ်သူကလိုက်ကြည့်နေမှာလဲ....''
''ငါကတော့ကြည့်တယ်.......''
jkတစ်ယောက်ထိုသို့ပြောရင်း jinအား ဆွေးရိပ်သန်းနေသော မျက်လုံးလေးဖြင့်ကြည့်လိုက်သည်
jinတစ်ယောက် သူ့ကို ဆွေးဆွေးလေးကြည့်နေသော jkရဲ့မျက်လုံးနဲ့စုံမိခိုက် ရင်ထဲမှာ အမျိုးအမည်မသိတော့ ခံစားချက်လေး ဖြစ်ပေါ်လာခဲ့တယ်
''ငါ့ကြောင့် မင်းနှဖူးပေါက်သွားတာဆိုတော့ ငါတာဝန်ယူပါ့မယ်''
''ဘယ်လိုတာဝန်ယူမှာလဲ....''
''တအားအကြီးကြီးလဲ မဟုတ်တော့ အနာကပ်ပလာစတာ ကပ်ရင် အဆင်ပြေပါတယ်....ရော့ ငါဝယ်လာတာ ကပ်လိုက်''
''ငါ့ဘာသာကပ်ရမှာလား.....''
''အေ့လေ....မင်းမကပ်လို့ ဘယ်သူကပ်ပေးမှာလဲ''
''မင်းငါ့ကိုကပ်ပေးပေါ့jin....ငါ့ကမှမမြင်ရတာ တော်ကြာငါ့ဆံပင်ကိုကပ်ပြီး ဆံပင်တွေကျွတ်ကုန်ရင် ဘယ်လိုလုပ်မလဲ''
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .