''ကျမလွှတ်လိုက်တာ....''
''မင်းက ဘာကိစ္စအဲ့ကို လွှတ်လိုက်တာလဲ.....ဒီဇိုင်းဌာနနဲ့အရောင်းဘက်က ဘာမှမသက်ဆိုင်ဘူးဆိုတာ မင်းမသိတာလား......ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား''
''CEOကလည်း ကျမမသိပဲ နေပါ့မလား....သိပ်သိတာပေါ့...ဒါပေမယ့်သူတို့က ဌာနကို တင်ပြပြီး လူလိုကြောင်းလာပြောတော့ ကျမကဘယ်လိုလုပ်မသိချင်ယောင်ဆောင်ပြီး လူမလွှတ်ပဲ နေနိုင်ပါ့မလဲ''
''ငါပြောတဲ့စကားကို မင်းနားမလည်ဘူးလား...အခုမင်းကိုပြောတာက လူလွှတ်လိုက်လို့အပြစ်ပြောနေတာမဟုတ်ဘူး....ဘာလို့ ဒီဇိုင်းဌာနက လူကို အဲ့ကိုပို့ရတာလဲဆိုတာ....မင်းပို့ချင်ရင် ဒီဌာနကလူမဟုတ်ပဲ တရားဝင်ဝန်ထမ်းမဖြစ်သေးပဲ အစမ်းခန့်ကာလမှာရှိနေတဲ့ ဝန်ထမ်းကို လွှတ်ပေးရမှာမဟုတ်ဘူးလား''
''Arr....ကျမသိပါတယ်...ဒါပေမယ့်ကျမက ကောင်းစေချင်တဲ့ သဘောမျိုးနဲ့ kim seokjinကို ပို့ပေးလိုက်တာပါ....''
jiminတစ်ယောက် ဂျီဆွန်းရဲ့ ကောင်းစေချင်တဲ့သဘောမျိုးနဲ့ ပို့ပေးတယ်ဆိုတဲ့စကားကြောင့်
တစ်ကိုယ်တည်းကြားရုံမျှအသံဖြင့်''စောက်ပိုတွေ မြွေပွေးမ ကောင်းစေချင်တဲ့သဘောမျိုးနဲ့ပို့တာ...ဟက်....ရီရလွန်းလို့ ရူးပါရူးချင်သွားတယ်....ဒီစကားကို ဖြတ်သွားတဲ့ ခွေးကြားရင်တောင် ရီသွားအုံးမယ်''
''ကျမပြောချင်တဲ့သဘောက kim seokjinက ဒီဌာနကို ရောက်တာ မကြာသေးဘူးလေ....ပြောရရင် လူသစ်ပေါ့...အဲ့တော့ ဒီကသက်တမ်းကြာနေပြီဖြစ်တဲ့ သူတွေလို customer ကဘာကြိုက်လဲ ဘယ်လိုပုံစံမျိုးကြိုက်လဲ ဆိုတာကို သူမသိဘူးလေ...ဒါကြောင့်အဲ့ကိုလွှတ်လိုက်တာပါ..ဒါမှ ဒီဇိုင်းဌာနထဲ ပြန်လာတဲ့အခါ သူ့အတွက်ပိုပြီးလွယ်ကူပြီး အထောက်အကူဖြစ်မှာပါ''
''အဖွဲ့မှုးယွန်းဂျီဆွန်းက တစ်ဖက်သားလူအတွက် ဒီလောက်ထိတွေးပေးမယ်လို့မထင်ထားဘူး''
''CEOက မြင်အောင်မကြည့်လို့ပါ....ကျမက တစ်ဖက်သားလူအပေါ် အရမ်းတွေးပေးတတ်ပါတယ်...ကျမကိုတွေ့တာနဲ့ ရန်ရှာချင်နေတဲ့CEOစိတ်ကြောင့် ကျမရဲ့ကောင်းတဲ့စိတ်ထားလေးကို မမြင်တာပါ''
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .