ဒေါက် ဒေါက် ဒေါက်''အကိုလေးရှင့် နိုးနေပြီလား''
''နိုးနေပါပြီ အန်တီမွန် ဘာကိစ္စရှိလို့လဲ''
''သခင်မကြီးက မနက်စာတူတူစားဖို့ခေါ်ခိုင်းလိုက်လို့ပါ အကိုလေး''
*မာမီကလား တစ်ခါမှထမင်းလက်စုံမစားဘူးတဲ့မာမီက*
''ဟုတ်ကဲ့အန်တီမွန် ကျတော်အဝတ်စားလဲပြီးဆင်းလာခဲ့ပါ့မယ်''
Jkတစ်ယောက်အဝတ်အစားလဲက အောက်ထပ်ကသူ့မာမီရှိရာထမင်းစားပွဲသို့လျှောက်လာကာထိုင်လိုက်ရင်း
''ထူးထူးဆန်းဆန်းမာမီကကျတော်နဲ့ထမင်းအတူစားတာဆိုတော့ ဘာပြောချင်တာများရှိနေလို့လဲ''
''အခုတစ်လောမာမီသားအပေါ်မိခင်တစ်ယောက်ရဲ့တာဝန်ပျက်ကွက်ခဲ့တယ်ထင်လို့ပါ''
''ဟက် မိခင်တစ်ယောက်ရဲ့တာဝန်ပျက်ကွက်ခဲ့တယ်. . . အခုမှမဟုတ်ပဲအရင်ထဲကမာမီကျတော်အပေါ်ပျက်ကွက်ခဲ့တာပါ . . မာမီအရင်ပုံစံတိုင်းပဲနေစမ်းပါဗျာ ကျတော့်ကိုနှစ်သိမ့်ပေးဖို့အတွက်ဟန်ဆောင်ပြီးလုပ်နေစရာမလိုပါဘူး. . . .
ကျတော်ကျောင်းသွားတော့မယ်''
Jkတစ်ယောက်ထိုသို့ပြောရင်း ထမင်းစားပွဲမှထကာ လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ရင်း အိမ်မှထွက်လာခဲ့တယ်
''သား အဖေဒီနေ့ကိစ္စလေးရှိလို့ ကျောင်းလိုက်မပို့တော့ဘူးနော်''
''ရပါတယ်အဖေရယ် သားက ကလေးလား သားဘာသာသွားလို့ရပါတယ် နောက်နေ့လဲလိုက်မပို့နဲ့ သားဘာသာ လမ်းလျှောက်သွားမယ် ကျန်းမာရေးနဲ့တောင်ညီညွတ်သေးတယ်''
''ဟုတ်ပါပြီဗျာ မိန်းမရေ တို့သားကတော့ တကယ့်အလိမ္မာတုံးလေးကွာ''
''ဟုတ်ပါ့ရှင် ဒါကြောင့်ဒီသားလေးကိုချစ်လို့မဝဖြစ်နေတာ အားရီဂူး အမေ့ချစ်သားလေး''
Jinအမေတစ်ယောက်Jinမေးစိလေးကိုကိုင်ကာ ပြောလိုက်သည်. . . . .
''အဖေနဲ့အမေ သားကျောင်းသွားပြီနော် တာ့တာ ''
''ဖြေးဖြေးနဲ့ဂရုစိုက်သွားနော်သား''
''ဟုတ်ကဲ့. . . ''Jinတစ်ယောက်အိမ်မှထွက်လာကာ ကျောင်းသို့သွားလိုက်သည်. . .
အတန်းထဲသို့ရောက်သောအခါ ခုံပေါ်တွင်ခေါင်းမှောက်အိပ်နေသောJkဘေးနားတွင်ဝင်ထိုင်ကာ မုန့်စားနေလိုက်သည်. . . . ရှင်းရှင်းပြောရရင်ကျတော်က အစားကိုအလွန်နှစ်သက်သည် အစားစားနေရသည်ကိုလျှင်ပျော်မိနေတာ
Jkတစ်ယောက် အိပ်နေစဉ် ဘေးနားမှာ ကြွပ်ကြွပ်အိတ်အသံကြောင့် ခေါင်းထောင်လိုက်ကာ
''ဒီမှာ မင်းလူလိုနားမလည်ဘူးလား လူတစ်ယောက်ဘေးနားမှာ အိပ်နေတာကို ဘာလို့အဲ့လောက်တောင် စားနေရတာလဲ''
''ဘာဖြစ်လဲ ငါ့ဘာသာငါ့ပါးစပ်နဲ့ငါစားတာ မင်းပါးစပ်ငှားစားနေတာမှမဟုတ်ပဲ''
''ငါ့နားလာပြီး လာဆူမနေနဲ့ စားချင်ရင်အပြင်ထွက်စား''
''ဘာရယ် အပြင်ထွက်စား ဟုတ်လား.....မထွက်စားနိုင်ဘူးကွာ မင်းမကျေနပ်ရင် မင်းဘာသာအိမ်ပြန်ပြီးအိပ်နေလိုက်......တကယ်ပဲ သူ့အပိုင်တွေများမှတ်နေလားမသိဘူး ရုပ်ချောသလောက်အပေါက်ကလဲဆိုးတာ ဒါကြောင့် သူငယ်ချင်းမရှိ ရည်းစားမရှိပဲ Faအကြီးစားဖြစ်နေတာ ဟွန့်...''
''ဘာပြောတယ် မင်းဘာပြောလိုက်တာလဲ''
''ကြားတဲ့အတိုင်းပဲလေ ဘုကလန့်ကောင်ရဲ့''
''မင်း. . . . . . . . . ''ထိုအချိန် ဆရာမမှ ''ကယ် သားတို့သမီးတို့ရေ စာသင်ကြမယ် စာအုပ်ထုတ်ကြတော့''
ဆရာမအခန်းထဲဝင်လာတော့မှ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲလည်းပြီးသွားခဲ့တာပေါ့. . . . . .
ဒီလိုနဲ့ သူတို့နှစ်ယောက်တိုက်ပွဲဖြစ်လာခဲ့တာ တစ်ဖြေးဖြေးနဲ့အထက်တန်းကျောင်းပြီးဆုံးတော့မယ့်ရက်ကို ရောက်လာခဲ့တာပေါ့
''ကယ် မင်းတို့တွေအခုဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုဖို့ရက်လဲနီးလာပြီ စာတွေလဲအမြဲတမ်းကျက်နေရတော့ ပင်ပန်းနေကြမှာ ဒါကြောင့် ဆရာမတို့ကဒီတစ်ပတ်သောကြာနေ့မှာ ထုံးစံအတိုင်းကျောင်းပိတ်ပွဲလေးလုပ်ဖို့စီစဉ်ထားတယ်''ဆရာမစကားဆုံးတာနဲ့ အတန်းထဲကကျောင်းသားများ၏အသံများသည် ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်
''ရေး. . . . . . . . ပျော်စရာကြီးကွ . . . . . . . . . ''
''ကျောင်းလာချင်တဲ့သူကလာ မလာချင်လို့အိမ်မှာပဲနေချင်တဲ့သူကနေပေါ့ ဒါပေမယ့် ကျောင်းလာတယ်ဆိုပြီး လမ်းတစ်ဝက်မှာ ပျောက်လို့မရဘူးနော် ဆရာမပြောတာ နားလည်လား''
''နားလည်ပါတယ်ဆရာမ''
ဒီလိုနဲ့ညနေကျောင်းဆင်းချိန် Jkတစ်ယောက်အတန်းထဲမှထွက်ရန်ပြင်နေသောJinအား စကားလှမ်းပြောလိုက်သည်
''မင်းမနက်ဖြန်ကျောင်းလာမှာလား''
Jinတစ်ယောက် အံ့သြမိသည် သူ့ကိုဆိုအမြဲအမြင်မကြည်ပဲ ဘုကလန့်လိုက်ပြောအပြစ်လိုက်ပြောနေတဲ့သူဆီက ကြားလိုက်ရသောကြောင့်အနောက်သို့ပြန်လှည့်ကာ
''အင် လာမယ် ဘာဖြစ်လို့မေးတာလဲမင်းက''
''ဘာမှမဖြစ်ပါဘူး ဒီအတိုင်းပဲ ကောင်းကောင်းပြန်''
Jinတစ်ယောက်Jkဆီကကောင်းကောင်းပြန်ဆိုတဲ့စကားကြောင့် မျက်လုံးပြူးမျက်စံပြူးဖြင့်အံ့သြနေမိသည်
Jkတစ်ယောက်ထိုသို့ပြောရင်း Jinကိုကျော်ကာ အတန်းထဲမှာထွက်ပြီး လေသံတိုးတိုးဖြင့်
''ဘာရုပ်လေးလဲမသိဘူး အူကြောင်ကြောင်နဲ့. . .အင်း. . . ဒါပေမယ့် ချစ်ဖို့တော့ကောင်းသား
ဟက်. . . . . ''Jkတစ်ယောက်ထိုသို့ပြောရင်းအသံထွက်အောင်ရီလိုက်သည်
တစ်ဖက်ကJinမှာတော့ အိမ်သို့ပြန်သောလမ်ူတွင်Jkပြောခဲ့သောစကားကို စဉ်းစားကာ
''ဘာလား ဒီကောင် ဂေါက်များဂေါက်သွားတာလား မပြောဖူးတဲ့ စကားတွေလာပြောနေတယ် ကြက်သီးထဖို့ကောင်းလိုက်တာ. . . . . ဒါနဲ့နေပါအုံး ငါ့ကိုဆို ဘုကလန့်အမြဲပြောတဲ့လူက ဒီတစ်ခါစကားအကောင်းပြောတာဆိုတော့ နေ့ထူးနေ့မြတ်ပဲ. . . ''Jinတစ်ယောက် မေ့စေ့ကို လက်ညိုးဖြင့်ပွတ်ကာ''ဘာလုပ်ရင်ကောင်းမလဲ. . .အာသိပြီ ချဲထိုးရမယ် သူငါ့ကိုပြောတာ ကောင်းကောင်းပြန်ဆိုတော့ 'က'ကြီးက မြန်မာအက္ခရာမှာ ပထမဆုံးဆိုတော့ အင်း. . . . . . 1ယူတယ်ကွာ 'က'ကြီးနှစ်လုံးဆိုတော့1,1 ဟုတ်ပြီ. . . . ပြန်ဆိုတော့ 'ပ'က မြန်မာအကခရာမှာ21လုံးမြောက်ဆိုတော့ 2ယူတယ်ကွာ ဒါဆို ပေါင်းလိုက်တော့112. . . Ok ရပြီကွ ချဲထိုးပစ်မယ်''Jinတစ်ယောက်ထိုသို့တွေးရင်းအိမ်ရှေ့ရောကနေတာကိုမသိလိုက်ခဲ့ဘူး အပြင်မှာထွက်စောင့်နေတဲ့ အမေဖြစ်သူရဲ့အော်ခေါ်သံကြားမှ သတိဝင်လာခဲ့တယ်
''ဟဲ့ သား အမယ်လေးဒီကလေးနှယ် ဘာတွေတွေးနေတာတုန်း အိမ်ကိုကျော်နေပြီလေ''
''ဗျာ. . . . ''Jinတစ်ယောက်ထိုသို့ပြောကာ ကြည့်လိုက်တော့ ဟုတ်ပ သူ့အိမ်တောင်ကျော်လာခဲ့တာပဲ
''အမယ်လေးနော် ဒီအမေတောင်ပြင်ထွက်မစောင့်ရင် ရှင်လေးက ဘယ်အထိသွားဖို့စိတ်ကူးရှိနေပါသလဲ''
''ဟီး. . . . ဟီး. . . . . အမေကလဲ သားနည်းနည်းတွေးစရာလေးပေါ်လာလို့ပါ လာပါ အမေရယ် အိမ်ထဲဝင်ရအောင်''Jinတစ်ယောက်သူ့အမေခါးကိုဖတ်ကာ အိမ်ထဲသို့ဝင်ခဲ့သည်
At Jk home
''ပြန်လာပြီလား သား''
''ထူးထူးဆန်းဆန်း အစောကြီးအိမ်ပြန်ရောက်နေပါလား မာမီ''
''အင် သားကိုမာမီပြောစရာရှိလို့''Jkတစ်ယောက်သူ့အမေကိုပြန်မပြောပဲနေနေတာကြောင့် Jkအမေဖြစ်သူသည် စကားဆက်ပြောသည်
''မနက်ဖြန် လေဆိပ်မှာ မာမီအသိတစ်ယောက် USကနေပြန်လာတာမိုလို့ သားသွားကြိုပေးပါ''
''ဘာလို့ သားလဲ. . . . ဉီးလေးရိန်ရှိတာပဲမလား သွားကြိုခိုင်းလိုက်ပေါ့''
''သူက တစ်ခြားသူမဟုတ်ဘူး သားနဲ့စေ့စပ်ဖို့ မိဘချင်းစကားပြောထားတဲ့ မိန်းကလေးမိုလို့ သားကိုသွားကြိုခိုင်းရတာ''
''မာမီ ဘာပြောလိုက်တာ. . . . . . . . . . . . . . . . ''ဖတ်ပေးတဲ့သူတစ်ဉီးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🎋💚
![](https://img.wattpad.com/cover/297429432-288-k520032.jpg)
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .