''သားလေး ထမင်းစားရအောင် အလုပ်သွားရတော့မယ်မလားသား"
''ဟုတ် အမေ လာပါပြီ''''အမယ်လေး ငါ့သားလေးက ကြည့်ပါအုံး ခန့်ညားလိုက်တာ ကြည့်ကောင်းနေရော''
''အမေကလဲ သားကအရင်ထဲက ကြည့်ကောင်းပါတယ်နော် မွေးကတည်းကချောနေတာ''''ဟုတ်ပါပြီ ဟုတ်ပါပြီ''
''ဒါနဲ့ အဖေရော အမေ''
''ဖေကြီးကမနိုးသေးဘူး သား...အမေလဲ မနိုးတော့ဘူး ပင်စင်ယူထားပြီဆိုတော့ နားနားနေနေ နေရအောင်လို့လေ''jinတစ်ယောက် သူ့အမေပြောတဲ့စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းလေးငြိမ့်ကာ မနက်စာစားနေလိုက်သည်........
''ဒါဆိုအမေ သားအလုပ်သွားတော့မယ်နော်''
''ဂရုစိုက်သွားနော်သား နေ့လည်စာလဲအချိန်နဲ့မှီအောင်စားနော်''
''ဟုတ်ကဲ့ပါအမေ....ဒါဆိုသားသွားပြီနော်''
''အေ....အေ....''jinအမေတစ်ယောက် အလုပ်သွားသော သားဖြစ်သူရဲ့ နောက်ကျောလေးကိုကြည့်ကာ
''ဪ ငါ့သားလေးတောင် တော်တော်အရွယ်ရောက်လာပြီပဲ''jinတစ်ယောက်အိမ်ကနေလမ်းလျှောက်ကာ busကားမှတ်တိုင်တွင် အလုပ်သို့ရောက်မည့်ကားကို ရပ်စောင့်နေသည်.........
သိပ်မကြာလိုက်ပါ busကားရောက်လာသည်နဲ့busကားပေါ်သို့တက်လိုက်ကာ နောက်ဆုံးခုံမှာထိုင်ရင်း အပြင်ကအလုပ်ကိုယ်စီသွားနေတဲ့လူတွေကို ကြည့်နေရင်းမှ မြင်ကွင်းထဲသိုရောက်လာသော အထက်တန်းကျောင်းဝတ်စုံနဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတော့ အတွေးတွေက အမှတ်တရ သိပ်များများစားစားမရှိတဲ့ သူနဲ့တွေ့ခဲ့တာကို ပြန်တွေးမိကာ ပြုံးခဲ့တယ်
အမှတ်တရဆိုရင် သူနဲ့တွေ့တိုင်း ရန်ဖြစ်ခဲ့တာတွေ သူ့ကို ရွဲ့ခဲ့တာတွေပေါ့.......
သူ့နဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က ကျောင်းပိတ်ပွဲအတွက် အတန်းထဲမှာ မုန့်လုပ်စားတဲ့နေ့ပေါ့အဲ့နေ့ကစပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြပြီး နွေရာသီကျောင်းပိတ်ရက်ရှည်ကိုရောက်ကာ အောင်စာရင်းကိုစောင့်မျှော်ခဲ့တာပေါ့......
ဒီလိုနဲ့ အချိန်တွေတစ်ဖြည်းဖြည်းကုန်လာတာနဲ့အမျှ အောင်စာရင်းထွက်တဲ့ရက်ကိုရောက်လာခဲ့တယ်....အောင်စာရင်းကို သွားကြည့်တော့အောင်မြင်သူစာရင်းထဲမှာ သူနဲ့ကျတော်ကြားထဲမှာ ခုံနံပါတ်အများကြီး ကျန်ခဲ့ပြီး သူနဲ့ကျတော်နဲ့က အပေါ်အောက်ပေါ့....
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .