Part11

271 40 5
                                    

''ဟာ ဟေ့လူ အင့်...သေတော့မှာပဲ....
အသက်ရှူလို့မရတော့ဘူး လွှတ်ပါအုံးဆို

Taeတစ်ယောက် ဘယ်လိုမှမနေနိုင်တဲ့အဆုံး အားအကုန်သုံးကာ သူ့ကိုလည်ပင်းညစ်ထားတဲ့jinရဲ့လက်ကို ဆွဲဖယ်လိုက်သည်

'' အဟွတ် ဟွတ် ဟွတ်.......
ဟူးးးး အခုမှပဲ အသက်ကိုဝအောင်ရှူရတော့တယ်''

''လုံခြုံရေး အမြန်လာပေးပါ ဒီမှာ သူခိုးဝင်နေလို့''

''ဘာ!!!သူခိုး?????....ဟေ့လူ မလွန်ဘူးလားဗျ.....တစ်ဖက်လူပြောတာကိုနားထောင်ပါအုံးဆို''

ထိုအချိန်....လုံခြုံရေးနှစ်ယောက်နှင့် ဝန်ထမ်းမလေးရောက်လာကာ

Taeတစ်ယောက် ဝန်ထမ်းမလေးအားပြောကာ

''ဟေ့ ပြောအုံး ငါသူခိုးမဟုတ်ဘူးဆိုတာကို''

''အာ....ဟုတ်ပါတယ် ဒီကလူကြီးမင်းရှင့် ဒီအကိုက သူခိုးမဟုတ်ပါဘူး''

''ဒါဆိုဘာလို့ သူကငါ့အခန်းထဲရောက်နေရတာလဲ''

''ဒါက ဒီလို...ငါခရီးကနေပြန်လာတော့ အရမ်းပင်ပန်းနေတာနဲ့ ဒီမိန်းကလေးပြောတဲ့ အခန်းနံပါတ်ကိုသေချာမကြားလိုက်တာ....အဲ့ဒါနဲ့ အပေါ်ကိုတက်လာတော့ အခန်းတံခါးတစ်ခုပွင့်နေတာနဲ့ ဒီကဝန်ထမ်းတွေက ဖွင့်ထားပေးတာမှတ်လို့ ဝင်လိုက်တာ....ပြီးတော့ မင်းစဉ်းစားကြည့်ပါလား ဒီလိုရုပ်ရည် ဒီလို ဝတ်စားပုံနဲ့ သူခိုးတော့ဖြစ်မလားကွ''

''ဒါတော့မင်းအပိုင်း ငါလဲ ဘယ်သိမလဲ မင်းကငါ့အခန်းထဲဝင်ပြီး ကုန်းကုန်းကွကွနဲ့ရှာနေတော့ သူခိုးမှတ်လို့ပေါ့....ပြီးတော့ သူခိုးဆိုတိုင်း စုတ်ပြတ်နေတဲ့ အဝတ်စားဝတ်နေမှာ မဟုတ်ပဲ''

''ထားပါတော့ အခုမင်းငါ့ကို မတောင်းပန်ချင်ဘူးလား''

''ဘာကိစ္စငါက တောင်းပန်ရမှာလဲ ငါမှ မမှားတဲ့ကိစ္စကို''

''ဟေး မင်းမမှားပေမယ့် ဒီမှာတွေ့လား မင်းအားကြီးနဲ့လည်ပင်းညစ်လို့ ငါ့ရဲ့ နုဖတ်တဲ့ အသားမှာ အစင်းရာထင်နေတယ်လေ ဒါမင်းတောင်းပန်ရမှာပေါ့''

''ဟက် ရူးနေလို့လား ငါကတောင်းပန်ရအောင်
အစကတည်းက မင်းမှားလာတာလေ မတောင်းပန်နိုင်ဘူး
ပြီးတော့ အခုချက်ချင်း ငါ့အခန်းထဲကထွက်သွားတော့''

တိတ်တခိုးချစ်ရသူWhere stories live. Discover now