Part10

310 42 2
                                    

''Kim Taehyung????? ''

''ဟျောင့် မင်းဘယ်သူ့အခန်းထဲပဲဝင်ဝင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလားကွ''

''ဟင်.... ဟေ့ကောင် ဒါတော့မင်းလွန်တယ်ကွာ
အဝေးကြီးကနေ ခရီးနှင်လာခဲ့ရပြီး ပင်ပန်းတာတောင် အနားမယူပဲ မင်းဆီအရင်ပြေးလာတာကို မင်းမိုလို့ ဒီစကားအရင်ပြောရလားကွ''

ဒေါက် ဒေါက် ဒေါက်

Taeတစ်ယောက် တံခါးကိုမှီနေရင်းဖြင့် တံခါးပြန်ခေါက်လိုက်ကာ

''ရပြီလား CEOဗျ.....ကျတော့်ကို အထဲဝင်ဖို့ ခေါ်ပါအုံး''

''ဟက်... လာထိုင်.....
ဒါနဲ့ မင်းက ဘယ်တုန်းကပြန်ရောက်တာလဲ''

''ဒီနေ့ပဲ​ပြန်ရောက်တာလေ ငါ့မှာ ဒီကချေမိုးနေတဲ့ ချစ်သူငယ်ချင်းလေးကို တွေ့ချင်လွန်းလို့ ရောက်ရောက်ချင်းပဲ လာခဲ့တာ အဲ့တာကို ငါ့ကို ဒီလိုကြိုဆိုရလား လဒရဲ့''

''မင်းအခန်းကလဲကွာ ပူလိုက်တာ အဲကွန်းလေးဘာလေးဖွင့်ပါအုံးကွ ဟူးးးးးးးး''

''မဖွင့်ဘူး......လကုန်ရင် ဒီcompanyက ဝန်ထမ်းတွေကို လစာပေးရသေးတယ် မလိုအပ်တဲ့နေရာမှ ပိုက်ဆံအကုန်မခံဘူး''

''ဟ မင်းကလဲကွာ ဒီcompanyရဲ့CEOဖြစ်တဲ့သူကလဲ ကပ်စေးနည်းလိုက်တာ
ဒါဆို ငါအမောပြေအောင် အအေးလေးဘာလေး တိုက်ပါလား''

''ဟျောင့် ဒါCompany ပြီးတော့ငါ့ရုံးခန်း မင်းသောက်ချင်ရင် အအေးဆိုင်သွားပေါ့ကွ''

''အေ ပြောမိတဲ့ငါကပဲ မှားတာ။ထားပါတော့လေ
ဒါနဲ့ ဟျောင့် ငါသတင်းကြားတယ် ''

''ဘာသတင်းလဲ''

''မင်းနဲ့Golden Companyက ဉက္ကဌ သမီးနဲ့ မိဘချင်းသဘောတူထားတာဆို
ငါ့ကောင်ကြီးတော့ နောက်ဆုံး မိန်းမရပြီ ဟက်''

''Shitကို မိန်းမရမှာ ငါအဲ့မိန်းမကို မယူဘူး စိတ်လဲမဝင်စားဘူး''

''မင်းမယူလို့မရဘူးလေ မင်းမာမီမားသားက အတင်းကြပ်လုပ်မှာပဲ''

''သူအတင်းကြပ်လုပ်တော့ရော ဘာအရေးလဲ ငါ့အကြောင်းလဲ မင်းသိရဲ့သားနဲ့ ငါကသူတို့စီစဉ်ထားတာကို မပျက်ပျက်အောင် ဖြတ်ပစ်မှာ''

တိတ်တခိုးချစ်ရသူWhere stories live. Discover now