Part15

255 40 5
                                    

''နေကောင်းပါရဲ့လား အန်တီ''

jkအမေတစ်ယောက် ဧည့်ခန်းထဲစယဖတ်နေရင်း

''ဟယ် သမီးလေး ရောက်လာပြီလား......လာ ဒီကို''

''အမယ်လေးနော် Companyရောက်သွားတော့မှပဲ ဒီမျက်နှာလှလှလေးကိုတွေ့ရဖို့ ခဲယဉ်းသွားပါလား''

''အန်တီကလဲ ဘယ်က မျက်နှာလှလှလေးကမှာလဲ အန်တီ့ကို မမှီပါဘူးနော်...''

''ဟား ဟား ဟား ပြောတတ်လိုက်တာ ဒီအဖွားကြီးက အသက်ကြီးနေပြီ ဘယ်နားကလှပါတော့မလဲ''

''ဒါနဲ့ သားရော သမီးဆီလာသေးလား''

''jeonလား.....အရင်ကတော့ဌာနကို ချောင်းပေါက်မတတ်လာပေမယ့် အခုတော့ ယောင်လို့တောင်မလာပါဘူး အန်တီ''

''ဟင် ဘာဖြစ်လို့လဲ''

''jeonက ဌာနကိုလာတယ်ဆိုတာ သမီးကို လာတွေ့တာမှ မဟုတ်ပဲ''

''သားက သမီးကို လာတွေ့တာမဟုတ်ရင် ဘယ်သူ့ကိုလာတွေ့တာလဲ''

''အင်းးးးးသမီးအထင် Kim Seokjinဆိုတဲ့ ဝန်ထမ်းကောင်လေးကိုဖြစ်မယ်''

''Kim Seokjin....သူက ဘယ်သူလဲ''

''သမီးကြားရသလောက် jeonနဲ့အဲ့ကောင်လေးနဲ့က အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလို့ကြားတယ်''

''သူငယ်ချင်း........မဖြစ်နိုင်တာ....သားမှာ သူငယ်ချင်းဆိုလို့Taehyungလေးနဲ့ အတွင်းရေးမှုးလီပဲရှိတာ ကျန်တဲ့သူတွေဆို အဖတ်တောင်လုပ်တာမဟုတ်ဘူး''

''သူများတကာတွေက သူငယ်ချင်းလို့ပြောပေမယ့် သမီးကတော့ မထင်ဘူး''

''ဘာကိုလဲ သမီး...''

''ဟို....ဒီလိုပြောရတာ အန်တီနဲ့jeonကြား သွေးကွဲစေချင်တဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး...jeonက အဲ့ကောင်လေးကို စိတ်ဝင်စားနေတယ်ထင်တယ်''

''ဘယ်လို....သားက ယောကျာ်းလေးတစ်ယောက်ကိုစိတ်ဝင်စားနေတယ်''

''အာ...အဲ့တာက အတိအကျမဟုတ်ပါဘူး..သမီးအထင်ကိုပြောပြတာပါ..ပြီးတော့ အဲ့လိုကိစ္စဆိုတာ အခုခေတ်မှာ သိပ်ပြီးတော့ အရေးမကြီးပေမယ့် ပတ်ဝန်းကျင်က အန်တီနဲ့jeonကို ရှုံ့ချမှာကို သမီးစိုးရိမ်တယ်''

တိတ်တခိုးချစ်ရသူWhere stories live. Discover now