''ဟင်....ဘာစာအုပ်လေးပါလိမ့်''
''ဖတ်ကြည့်ရအောင်....jeonဘာတွေရေးထားမလဲ''
(ဒီနေ့ဟာ ကျတော့်ရဲ့ အပြုံးတွေ ပြန်အသက်ဝင်တဲ့နေ့
ဒယ်ဒီဆုံးပြီးကတည်းက ကျတော့်ရဲ့ အပြုံးတွေ ပျောက်ကွယ်သွားခဲ့တာ....ဒါပေမယ့် အဲ့အပြုံးတွေက သူနဲ့မတွေ့ခင်အထိပဲ....သူနဲ့ အထက်တန်းကျောင်းစတက်တဲ့နေ့မှာပဲ အခန်းရှေ့မှာ စတွေ့ခဲ့တယ်....ကျတော့်ကို အခန်းမေးနေတဲ့ သူ့ရဲ့ချစ်စရာကောင်းလိုက်တဲ့မျက်နှာလေး....ကျတော် သူ့ကို ဘုဆတ်ဆတ်ပြန်ဖြေလိုက်တိုင်း ပွစိပွစိဖြင့် ပြန်ပြောတတ်တဲ့ သူအကျင့်..အိပ်ချင်ယောင်ဆောင်ပြီး ကျတော့်ကို အပြစ်ပြောနေတဲ့ သူ့ရဲ့ စကားသံလေးကို ခိုးနားထောင်ပြီး သူစိတ်ဆိုးအောင် မထိတထိ ရန်စရတာလဲ နေ့စဉ်အလုပ်တွေထဲကတစ်ခုဖြစ်နေခဲ့တာ
သူလုပ်လိုက်တဲ့ အမူအကျင့်တစ်ခုချင်းစီတိုင်းက ချစ်ဖို့အလွန်ကောင်းတယ်....ပထမဆုံးတွေ့တဲ့ရက်ကတည်းက ကျတော်နှလုံးသားကို အပိုင်ယူသွားတဲ့ထိုလူသား...သူ့ကိုဖွင့်ပြောဖို့ ကြံလိုပ်တိုင်း jeon jungkookမပီသလောက်အောင် ကြောက်ရွှံ့နေခဲ့တယ်...ဒီလိုနဲ့ သူ့ကိုတိတ်တခိုးချစ်ခဲ့ရတာ...စာမေးပွဲတွေဖြေပြီးလို့ သူနဲ့ အမှတ်ကွာသွားတာကြောင့် ဝေးသွားခဲ့တာ
ကျတော်အားတဲ့ချိန်တိုင်း သူ့ကိုရှာပါသေးတယ် မတွေ့ခဲ့ဘူး....ဒါပေမယ့် မထင်ထားတဲ့ အချိန်နဲ့နေရာမှာ သူ့ကိုတွေ့ခဲ့တယ်...သူက ကျတော်ရဲ့Companyမှာ အလုပ်ဝင်နေတာတဲ့လေ)
''Companyမှာ အလုပ်ဝင်နေတယ်....''
''မဟုတ်မှလွဲရော...မဟုတ်လောက်ပါဘူး...''
(သူက ကျတော့်အနီးနားလေးမှာရှိနေတာကို ဘာလို့မသိခဲ့ရတာလဲ...ဒီလို့တွေ့ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို အရမ်းကျေးဇူးတင်မိတယ်
ဒီတစ်ခေါက် ဘယ်လိုအခက်အခဲ ဘယ်လိုအတားအဆီးရှိနေပါစေ ကျတော်ရဲ့ချစ်ရသူကို တစ်နေ့ကျဖွင့်ပြောမယ်....သူ့အတွက် ခုရထားတဲ့ ရာထူး စည်းစိမ် မှန်သမျှ စွန့်လွှတ်ရမယ်ဆိုရင်တောင် ဒီလူသားကို ပိုင်ဆိုင်ရဖို့အတွက် အကုန်စွန့်လွှတ်မယ်...ကျတော့်ဘဝအတွက် သူသာရှိရင်အကုန်ပြည့်စုံပြီ..သူမရှိရင် ကျတော့ဘဝကသေလူနဲ့ မခြားတာမို့
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .