Part4

377 47 4
                                    

''မာမီ ဘာပြောလိုက်တာ. . . ''Jkတစ်ယောက်သူ့မာမီပြောစကားကြောင့် လုံးဝအံ့သြမိသည် သူအခုမှ ငယ်ငယ်လေးပဲရှိသေးတယ်မလား ဒါကိုမာမီက စေ့စပ်ဖို့တောင်လုပ်နေတာ ဘယ်လောက်စိတ်တိုဖို့ကောင်းလိုက်လဲ
''သားကြားတဲ့တိုင်းပဲ သားကိုGolden Company ရဲ့တစ်ဉီးတည်းသောသမီးနဲ့စေ့စပ်ပေးမယ်''
''မာမီ့အတွက် အကျိုးမြတ်ဘယ်လောက်ရမှာလဲ''
''ဘာပြောတယ်''
''ဟုတ်တယ်လေ မာမီလိုလူမျိုးကကိုယ့်အတွက်အကျိုးမြတ်မရပဲ ဘာမှမလုပ်ဘူးမလား''
''ဒါမာမီအတွက်မဟုတ်ဘူး သားအတွက်. . . သားရှေးရေးကောင်းအောင်မာမီခုလိုလုပ်နေတာ''
''ဟက်. . . ရီရတယ်နော်မာမီ. . . . မာမီပြောလိုက်ရင် မာမီအတွက်မဟုတ်ဘူး သားအတွက်သားအတွက်နဲ့ ပတ်ဝန်းကျင်ကကြားရင်တော့ ဒီကောင်လေးကို သူ့မာမီက ချစ်လိုက်တာလို့ထင်နေအုံးမယ်. . . . တကယ်တော့မာမီကကိုယ့်ကျိုးတွက်ကိုယ်လုပ်နေတာကို သိရဲ့လား မာမီသာ သားအတွက်ဆိုပြီးစဉ်းစားပေးရင် သားမသိပဲနဲ့ဒီလိုမျိုးစီစဉ်မှာမဟုတ်သလို သားသဘောထားကိုလည်းမာမီမေးမှာပဲ''
''မာမီကိုမျက်နှာပျက်အောင်မလုပ်ပါနဲ့သားရယ်. . . . . သူ့အဖေက မာမီတို့Companyမှာအရေးပါဆုံးသူပါ''
''ဟက် ပြောသားပဲ မာမီက မာမီ့ကိုယ်ကျိုးတွက်လုပ်နေတာပါလို့ ''
''သားဘာလို့မာမီ့ကိုဒီလိုတွေပြောနေရတာလဲ အခုသားပြောလိုက်တဲ့စကားက ဘယ်လောက်ထိရိုင်းလဲဆိုတာ သားသိလား''
''အခုလိုရိုင်းလာတာ မာမီ့ကြောင့်မို့ မာမီ့ကိုယ်မာမီအပြစ်တင်လိုက်ပါ''ထို့နောက်Jkသူ့မာမီရှေ့မှလှည့်ထွက်ပြီး ခြေလှမ်းသုံးလေးလှမ်း လှမ်းပြီးမှ တစ်ခုခုကို သတိရဟန်ဖြင့် အနောက်ပြန်လှည့်ကာ
'' ဪ  ဒါနဲ့ သားပြောပြီးသားနော် ဉီလေးရိန်ကိုသွားကြိုခိုင်းလိုက် သားသွားမကြိုနိုင်ဘူး ''
Jkတစ်ယောက်ထိုသို့ပြောခဲ့ကာ အပေါ်ထပ်ကသူ့အခန်းသို့ဝင်သွားလိုက်သည်. . . . . . . . . . . .
နောက်တစ်နေ့သာယာသောမနက်ခင်းတစ်ခုတွင်
At jin home
''သားမကြာခင် တက္ကသိုလ်ဝင်စာမေးပွဲဖြေရတော့မှာဆိုတော့ စာတွေရော ရနေပြီလား သား''
''ရနေပါပြီ အမေရယ် အကုန်လုံးကိုမျက်စိမှိတ်ပြီးဖြေလို့တောင်ရနေပြီ... ဪ ပြီးတော့လေ အမေ သားကိုမုန့်ဖိုးနည်းနည်းလောက်. . . . . ဒီနေ့ကျောင်းမှာ အတန်းပိတ်ပွဲရှိတော့ လိုအပ်တာလေးတွေစိုက်မလို့ လိုလိုမယ်မယ် ယူထားမလို့ပါ''
''ဟုတ်ပါပြီ အမေမုန့်ဖိုးထပ်ပေးပါ့မယ် ကျောင်းမှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်နေနော် သား''
''ဟုတ်ကဲ့ အမေ သွားတော့မယ်နော် တာ့တာ''
Jinတစ်ယောက်သူ့အမေကိုနှုတ်ဆက်ကာ ကျောင်းသို့သွားလိုက်သည်. . . . . .
ကျောင်းတက်ရက်နောက်ဆုံးရက်ဖြစ်တာကြောင့် အတန်းထဲတွင် သီချင်းများဖွင့်ကာ ကတဲ့သူများက ကသီချင်းဆိုတဲ့သူကဆို မုန့်လုပ်နေတဲ့သူကမုန့်လုပ်နေကြတာပေါ့. . . . ထိုအချိန်ထုံးစံတိုင်းပဲ ဂျွန်ဂျောင်ကုတို့ကတော့ အတန်းထဲခေါင်းမှောက်ကာအိပ်နေဆဲ
Jinတစ်ယောက်သူ့ခုံတွင်ထိုင်ကာ ခေါင်းမှောက်အိပ်နေသောJkကိုကြည့်လိုက်ရင်း
''သူ့ကြည့်လိုက်ရင် အမြဲတမ်းအိပ်နေတာပဲ''ထိုအချိန်လှုပ်လှုပ်ရွရွဖြင့်ခေါင်းမှောက်အိပ်နေရာမှ Jinဘက်သို့လှည့်ကာ အိပ်လိုက်သည်. . .
''အင်း. . . . . ဒီလိုကျတော့ အပြစ်ကင်းစင်တဲ့ကလေးလိုမျိုးပဲ. . . ဟွန့် ငါ့ထက်တော့မချောပေမယ့် ငါလောက်နီးနီးတော့ ချောပါတယ်လေ ဒါပေမယ့်မကောင်းတဲ့အကျင့်က အပေါက်ဆိုးတာနဲ့မာနကြီးပြီး စကားကိုဘုကလန့်ပြောနေတာတစ်ခုပဲ''
Jinတစ်ယောက်Jkမျက်နှာကိုကြည့်ပြီး တစ်ကိုယ်တည်းကြားရုံမျှအသံဖြင့်ပြောနေချိန် ဖျက်ခနဲဖွင့်လာသော သူ့မျက်လုံးများ. . . . . ကျတော်သူ့မျက်လုံးနဲ့ဆုံတွေ့ခိုက် ကျတော့ကမ္ဘာကြီးခဏရပ်တန့်သွားသလို ဝဲဘက်မှအကောင်ပေါက်ဟာလေး ဆူညံလို့နေခဲ့တယ် နောက်ပြီးသူ့မျက်ဝန်းများ အရမ်းလှတယ်. . . . ထိုအချိန်. . . . .
''မင်းအကျင့်ကမပျောက်သေးဘူးနော် တစ်ဖက်လူကိုအိပ်ရတာအနှောက်ယှက်ဖြစ်အောင် အနားမှာလာပြီးပွစိပွစိနဲ့လာပြောနေတုန်းပဲ''
Jinတစ်ယောက်Jkစကားကြောင့် အတွေးများရပ်ပစ်ကာ
''မင်းလဲဘာထူးလဲ အဲ့အပေါက်ဆိုးတဲ့အကျင့်နဲ့ ငါ့ဆို အမြဲတမ်းကြည့်လို့မရပဲနဲ့အပြစ်ပြောနေတဲ့အကျင့်''
Jkသူ့အရှေ့က သူ့ကိုပြန်ရန်တွေ့နေတဲ့ကောင်လေးကို ကြည့်ပြီး မျက်နှာတည်ဖြင့်
''မင်းကိုကြည့်လို့မရဘူးလို့ဘယ်သူကပြောလဲ''
''ဟမ်. . . . . ဘာပြောတာ''Jin အံ့သြမိသည်*နေစမ်းပါအုံး ငါနားကြားမှားတာလား. . . . ပြီးတော့ သူ့မျက်လုံးကဘာလို့ ဝမ်းနည်းနေတဲ့ပုံပေါ်နေတာလဲ*
''Jinရေ. . . ငါတို့ဆရာမတွေကို မုန့်လိုက်ပို့မလို့ လိုက်ခဲ့ပါအုံး''Jinတစ်ယောက်အတန်းထဲက ကျောင်းသူရဲ့စကားကြောင့်Jkအားခုနကစကားကိုပြန်မေးမဲ့အတွေးများဖြတ်ကာ ကျောင်းသူဘက်လှည့်ရင်း
''အင်. . . .လိုက်ပေးမယ်လေ သွားကြတာပေါ့''
''ဒါနဲ့. . ဟို. . . . ဂျောင်ကုရော လိုက်အုံးမလား''
''မလိုက်ဘူး မင်းတို့ဘာသာသွား''
''ဪ. . အင့်ပါ. .  လာJinသွားကြရအောင်''
''အင်. . . . . . . ''
Jkတစ်ယောက်သူ့ရှေ့မှထွက်သွားသော Jinရဲ့ကျောပြင်ကိုကြည့်ကာ
''ဟူး. . . . . . . ငါတော့မိတော့မလို့. . . . . မင်းနဲ့တွေ့တိုင်းကမောက်ကမဖြစ်လာတဲ့ငါ့နှလုံးသားကို ဘယ်လိုလုပ်ရမလဲ......ဒီနေ့ပြီးရင် မင်းကိုငါအများကြီးလွမ်းနေရအုံးမယ်ကွာ. . . . . . . . ''
At airport
ကြော့ရှင်းလှပသော မိန်းမပျိုလေးတစ်ယောက် သူကတော့Golden Company ရဲ့တစ်ဉီးတည်းသော သမီးလေး ယွန်းဂျီဆွန်း. . .
''မမလေးဂျီဆွန်း ဟုတ်ပါသလားဗျ''
ဂျီဆွန်းတစ်ယောက်သူ့နာမည်ကိုခေါ်လာသောကြောင့် တပ်ထားသောမျက်မှန်ကိုချွတ်လိုက်ကာ ရှေ့ကသူကို တစ်ချက်ကြည့်လိုက်သည်
''ဘယ်သူလဲ ဉီးလေးကြီးက''
''ဉီးလေးက သခင်မကြီးJeonရဲ့ အိမ်ကDriverပါ ဉီးလေးရိန်လို့ခေါ်ပါတယ် မမလေးကို သခင်မကြီးက လာကြိုခိုင်းလိုက်လို့ပါ''
''ဉီးလေးနာမည်ကိုကျမမေးလို့လား ဘယ်ကလဲဆိုတာကိုပြောရင်ရပြီပေါ့ မလိုအပ်တာတွေလျှောက်ဖြေနေတယ်. . .''ဂျီဆွန်းတစ်ယောက် ဉီးလေးရိန်ကိုထိုသို့ပြောရင်း နောက်မှာပါလာသော ပစ္စည်းများကို မေးဆတ်ပြကာ
''အနောက်က ပစ္စည်းတွေသယ်လာခဲ့. . . သေချာသယ်လာနော် တန်ဖိုးကြီးပစ္စည်းတွေပါလာတယ်''
ထို့နောက် ခုနကချွတ်ထားသောမျက်မှန်ကိုပြန်တပ်ကာ ရှေ့မှ ထွက်သွားတော့သည်
''အင်း. . . . . ကောင်မလေးက မောက်မာပြီးရိုင်းစိုင်းလိုက်တာ လူကြီးကိုလူကြီးမှန်းမသိ. . . . . ဟူး. . . . . . ငါတော့အကိုလေးအစား ရင်မောတယ်''ဉီးလေးရိန်တစ်ယောက်ခေါင်းတစ်ခါခါဖြင့်ပြောရင်း ပစ္စည်းများသယ်ကာ ကားရှိရာသို့လျှောက်သွားခဲ့တယ်. . . . . . . . . . . . .

ဖတ်ပေးတဲ့တစ်ဉီးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🎋💚

တိတ်တခိုးချစ်ရသူWhere stories live. Discover now