''မင်းနဲ့ထမင်းအတူစားချင်လို့.....ပြီးတော့ မင်းကိုတွေ့ချင်လို့''
''ဟင်.........''
jinတစ်ယောက်jungkookရဲ့ မင်းကိုတွေ့ချင်လို့ဆိုတဲ့စကားကြောင့် သူ့ရင်ဘတ်ထဲက အကောင်ပေါက်လေးဟာ ပျော်မြူးနေသည့်ကို ထောက်ခံသည့်အလား အခုန်မြန်နေခဲ့တယ်....အသံဟာလဲ မသိမသာ တုန်ယင်နေခဲ့တယ်.....
တုန်ယင်နေသောအသံကိုထိန်းကာjinတစ်ယောက်
''ဘာဖြစ်လို့ မင်းကငါ့ကိုတွေ့ချင်ရတာလဲ''
''မင်းနဲ့ငါနဲ့က အထက်တန်းကျောင်းပြီးကတည်းက မတွေ့ဖြစ်ကြတာလေ...ပြီးတော့ ကျောင်းတုန်းက ငါစကားပြောတဲ့ တစ်ဉီးတည်းသောသူက မင်းဖြစ်တာမို့...ရှင်းရှင်းပြောရရင် မင်းကို လိုက်စနေပေမယ့် တကယ်ခင်တွယ်တယ်
အဲ့ဒါကြောင့်''*jungkook...မင်းကတော့လုပ်ချလိုက်ပြန်ပြီ...မင်းပြောချင်တာ ဒါမှမဟုတ်တာ...စောက်ရူးကောင်..*
''ဪ....အဲ့လိုလား''
''မင်းကရော ငါ့ကိုခင်တွယ်ရဲ့လား jin''
*ခင်တွယ်ရုံတင်မက ရင်ထဲကပါချစ်နေတာ အရူးကောင်ရဲ့...ဘယ်ချိန်ထဲက ငါ့နှလုံးသားကိုခိုးယူသွားလဲကိုမသိတာ...ငါသိလိုက်တဲ့ချိန်မှာ ငါ့နှလုံးသားရဲ့ ပိုင်ရှင်က jeon jungkookဆိုတဲ့ မင်းမှမင်း ဖြစ်နေပြီ''
''ခင်တွယ်တာပေါ့ကွ...မင်းနဲ့က တစ်ကျက်ကျက်ရန်ဖြစ်နေပေမယ့် အဲ့ဒါက သံယောဇဉ်ပိုတွယ်မိတယ်ထင်တယ်''
''အွန်...အဲ့လိုကြားရတာ ဝမ်းသာပါတယ်...
ဒါနဲ့ အဲ့ဒါက ဘယ်လိုလုပ်ရမှာလဲ..ငါကူလုပ်ပေးမယ်''''ရပါတယ်..ငါ့ဘာသာလုပ်ပါ့မယ်''
''မင်းဒီလိုလုပ်ပုံနဲ့ ညနေရောက်ရင်တောင်မပြီးဘူး...ပြီးတော့ငါလဲ ထမင်းစားရမယ့်ပုံမပေါ်ဘူး...ပြော ဘယ်လိုလုပ်ရမှာလဲ''
''Brandအမျိုးအစားကို သေချာခွဲပြီး သူ့brandအလိုက်ထုပ်ပိုးပြီး ပုံးထဲထည့်ရုံပါပဲ''
''Ok ငါသိပြီ''
jkတစ်ယောက် အပေါ်ကုတ်အင်္ကျီကိုချွတ်လိုက်ကာ ကြယ်သီးနှစ်လုံးကိုဖြုတ် အင်္ကျီလက်ကို တံတောင်ထိခေါက်တင်ပြီး အလုပ်ကူလုပ်ပေးနေခဲ့တယ်
———————————————————
YOU ARE READING
တိတ်တခိုးချစ်ရသူ
Romanceပထမဆုံးကျောင်းမှာစတွေ့ခဲ့တဲ့မင်းကိုကိုယ်ရူးရူးမူးမူးချစ်ခဲ့တယ်. . . . . ကိုယ်ဖွင့်မပြောပဲ တိတ်တဆိတ်နဲ့ပေါ့. . . . . . .