အပိုင်း(၁)

19.1K 175 3
                                    


အမုန်းများကုန်လွန်သော်

အပိုင်း(၁)

'မေမေ'ရေ..မေမေရေ....မေမေရေ

"ဟဲ့အော်ကြီးဟစ်ကျယ်နဲ့ဘာဖြစ်ပြန်ပြီတုန်းဒီကောင်မလေးကတော့

"မောတာမေမေရယ်". ..

လျှာ​ကြောရှည်မနေနဲ့ ဘာ ပြောမှာတုန်း
....

ပြောမှာပေါ့'မေမေ 'ရဲ့....

"ပြောမယ်ဆို မြန်မြန်ပြော ငါ မအားဘူး" 

'ဟိုဘက်ခြံမှာလေလူသစ်တွေပြောင်းလာတယ်မေမေ   "

"တယ်ဒီကောင်မလေးကတော့ငါခေါက်ထည့်လိုက်ရ". ..
ပြောလည်းပြောလက်ကလည်း"ဒေါက်"ခနဲပဲ

"အမလေးသေပါပြီမေမေရာ"

"ဘာဖြစ်လို့ခေါက်တာတုန်းမေမေရဲ့"

"ညည်းနဲ့ဆိုင်လားအဲ့တာသူဘာသာ ပြောင်းပြောင်းမပြောင်းပြောင်း"

"ညည်းကိုတစ်ခါတည်းပြောထားမယ် နော်ဒီနေ့ကစပြီးသူများအိမ်က အသီးတွေသွားခူးစားဖို့မကျန်တော့နဲ့"

"မေမေကလည်းသမီးက သွားခူးစားတာ မဟုပ်ဘူး  သူတို့က သမီးကို မြူ စွယ် နေတာကို"..သံရှည်ဆွဲပီး ပြော လိုက်တော့...

"သွား...သွား နင်ငါ့နားမှာ ထပ်နေရင်ထပ်ခေါက်ခံရမှာဝေးဝေးသွားနေ"

သူမရဲ့ မိခင်ဒေါသ ထွက်လာပြီ
မဟုတ်ရင် လက်ထဲမှာ ကိုင်ထားတဲ့ကြက်မွေးက သူမှကိုယ်ပေါ်မှာ ပြန်ဝဲ နေမှာ သေချာတယ်လေ...
တစ်ခါတစ်လေ စဥ်းစားမိတယ် သူမရဲ့မိခင်ဒေါ်တင်မိုးခိုင်ဟာ အမေ ရင်းမှဟုတ်ရဲ့လားလို့ တောင်စဥ်းစားမိတာ

"ပြေး ပြီမေမေရေ့.."
ပြောလည်းပြောလူကလည်းအပေါ်ထပ်ရောက်သွားပြီ..

ဒါကတော့သူမရဲ့ချစ်သမီး "ရည်ရွယ်မိုးစက်"^ ^တကယ်ပဲ ဘွဲ့ရတော့မယ်အခုချိန်ထိ ကလေးလိုလိုကုလား လိုလို နဲ့နေတာ
ဘာအလုပ်မှလည်း မယ်မယ်ရရ ကူမလုပ်ဖူး မိခင်ကို....
ခုထိ လမ်း ထဲက ကလေး တွေနဲ့စော့တုန်း

."သား.ဘယ်တော့ဒီကိုပြောင်းလာမှာလည်း"

"မပြောင်းလာချင်ပါဖူးမာမီရယ်"

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now