အပိုင်း(၁၈)

2.6K 70 3
                                    

အမုန်းများကုန်လွန်သော်

အပိုင်း ၁၈

"အဟက် ဘာတေ အဲ့လောက်တုန်လူပ်သွားရတာလည်း ဒေါ်ရည်ရွယ်  ဆေးထည့်ပေးမယ်ပေး"

"ကျစ် ဒီကောင်လေးတော့"

"ဘာလည်းမထည့်ချင်ဘူးလား"

"ငရဲကြီးမယ် ကိုယ့်ဘာသာကိုယ်ပဲလူးလိုက်မယ်"

"ခြေထောက်က အဆစ်လွဲသွားတာလားမသိဘူး ကျွန်တော်လုပ်ပေးမယ်"

"ရ ..ရတယ်  ကိုယ့်ဘာသာလုပ်ပါမယ်စို"

"ဒေါ်ရည်ရွယ်မိုးစက် ရုပ်ရုပ်မလုပ်လုပ်နဲ့ဖက်နမ်းပစ်မှာ  ဧည့်ခန်းထဲလည်းမသိဘူးနော် "

"ဟဲ့ ရည်ရွယ်မိုးစက် နင် သားဘုန်းကိုခြေထောက်ဆေးလူးခိုင်းစရာလား ငါ့နှယ်အေ ငရဲတေတော့ကြီးကုန်တော့မှာပဲ သားဘုန်းထထ သူ့ဟာသူ လိမ်းလိုက်မယ်"

"မေမေ့လူကတာ သမီးဘာသာသမီး လိမ်းပါမယ်စိုတာကို အဲ့မှာလေ ....."

"အဲ့မှာ ဘာဖြစ်တုန်း နင်သူများကိုချောက်ချဖို့မစဥ်းစားနေနဲ့ "

"နင့်ရုပ်ကိုကြည့်စမ်း စုပ်ဖွားပြီး လမ်းဘေးအမိူက်ကောက်သမားကတောင်နင့်ထက် ကြည့်ရကောင်းအုံးမယ် မိန်းကလေးဖြစ်ပြီး မျက်နှာပြောင်နဲ့ "

"မေမေရေ ကုမ္ပဏီသွားဖို့သွားပြင်ဆင်တော့မယ် ဘိုင့်ဘိုင့် "

"သားရေ အားနာလိုက်တာကွယ် သမီးပိုးလေးက နဲနဲနောက်ကြမယ်တဲ့ကွယ်"

"ရပါတယ်ဗျ "

"သားလေးအလုပ်မအားရင် နေ့လယ်ကြမှ သွားကြမယ်တဲ့ "

"ဟုတ်ရပါတယ်ဗျ ကျွန်တော်လည်း နေ့ခင်းကြ ပိုအလုပ်ရှင်းတယ်လေ ၁နာရီခွဲလောက် ဆိုင်ကိုပဲ သွားလိုက်မယ်နော်"

"အေအေသားလေ "

"ဒါနဲ့မရည်ရွယ်မိုးစက်က ဘာနဲ့သွားမှာလည်းမသိ ကျွန်တော်ကုမ္ပဏီကို တစ်ခါတည်းသွားမှာမို့ ခေါ်သွားလို့ရပါတယ် "

""မေမေရေ့ သမီးကို ကားခပိုပေးလိုက်ပါအုန်း ဒေါ်လာစျေးတေ တတ်နေလို့ ဆီစျေးတေပါ တတ်ကုန်ပြီတဲ့မေမေရေ taxiနဲ့ပဲသွားမှရမယ် ဒီနေ့တော့ "

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now