အပိုင်း(၈)

3K 81 0
                                    

အမုန်းများကုန်လွန်သော်

အပိုင်း(8)

"ဟာ ရွယ်ရွယ်သွားတော့လေကြာနေလို့ Bossဆူနေအုံးမယ် "

"အာဟုတ်ပ ဟုတ်ပ လွန်းရယ် နေ့ခင်းထမင်းစားချိန်ကြမှပဲတွေ့တော့မယ်နော် "
သူမလည်းလွန်းကိုပြောပြီးပြီးခြင်း ကော်ဖီခွက်လေးကိုင်ပြီးအမြန်သွားရသည်မဟုတ်ရင် ဒေါသကုမ္မာရရဲ့အဆူအငေါက်တွေခံနေရအုန်းမည်  ...

ဒေါက် ဒေါက် ဒေါက်

သူမလည်း တံခါးကိုအသာလေးတွန်းဖွင့်ပြီး ကော်ဖီခွက်ကိုစားပွဲပေါ်အသာလေးတင်ပေးလိုက်တော့
မော့ကြည့်လာတဲ့ မျက်လုံးတစ်စုံ

လက်မှတ်ထိုးနေရင်း သူ့ရှေ့ ချလာတဲ့ အငွေ့တလူလူနဲ့ခွက်တစ်ခွက် ...
သြော်သူတောင်မေ့နေပြီ ...

"မင်းဘယ်လိုဖျော်လာတာလည်း ...ချိုအီနေတာပဲငါ့ကိုဆီးချိုဖြစ်အောင် လုပ်နေတာလား နောက်တစ်ခွက်သွားပြန်ဖျော် ..."

"ဟုတ် Boss"
ကျစ်တစ်ကယ်ဂဂျီဂဂျောင် bossပဲ...နောက်တစ်ခွက်သွားပြန်ဖျော် ရအုံးမယ် ...

"BOss ရပါပြီ ရှင့် "

"မင့်ငါ့ကို ရွဲ့နေတာလား ခါးလိုက်တာ ...."

"ဟို မဟုတ်ပါဘူးရှင်နောက်တစ်ခွက် ဖျော်ပေးပါ့မယ်ထပ်ပြီး .."

ဋ္ဌာနထဲမှာတော့" ဟဲ့ ကြည်ပြာ အသစ်၀င်လာတဲ့တစ်ယောက် အဆင်ကောပြေပါ့မလား မသိဘူးနော် "

"အမယ် ခိုင်ဇင်မတို့ ဒီတစ်ယောက်ကိုကြထူးထူးဆန်းဆန်းစိတ်တွေပူလို့ .."
ပြောလည်းပြောချင်စရာလေ ..အရင်လူတွေကတုန်းကတစ်ယောက်ကိုမှ အကောင်းမြင်ခဲ့တာမဟုတ် ..ဒီတစ်ယောက်ကြမှ

"ငါလည်းထူးထူးဆန်းဆန်းပဲဟ ဒီတစ်ယောက်ကြမှအကြည့်ရလွန်နေတယ် "

"အာ့စိုငါစရင်းဋ္ဌာနစီသွားအုံးမယ် ခိုင်ဇင်ရေ့  "

"အေအေ ဟိုတစ်ယောက်ကြောင်းပါ နားစွင့်ခဲ့အုန်း "

"အမလေး ခုမှ ပူပန်တတ်နေတာ "

သူမဒါနဲ့စို ၁၀ခွက်ကျော် ပြီ ခါးတယ်  လုပ်လိုက် ချိုတယ်လုပ်လိုက် ..ပေါ့တယ် ..ငန်တယ် နဲ့ မရှိတဲ့အရသာတွေပါ ပြောချပလိုက်တာ .....
ဒီတစ်ခါထပ်ဖျော်ခိုင်းရင်တော့ ...ပြောတော့မယ် မရတော့ ဘူး

အမုန်းများကုန်လွန်သော်(complete)✅Onde histórias criam vida. Descubra agora