အပိုင်း(၁၄)

2.6K 79 0
                                    

အမုန်းများကုန်လွန်သော်

အပိုင်း(14)

ကျစ် ခုထိအရိပ်ပြတာတောင်အကောင်မမြင်သေးဘူး ...ကိုယ်ဘာသာတင်ပေးတော့မယ်မရတော့ဘူး
ခါးအဖတ်ခံချင်နေပြီ ...

ဘာမပြောညာမပြောနဲ့ သူမလက် ကိုနောက်လှည့်ယူပြီး သူခါးပေါ်တင်ပေးတော့လက်ကလေးတွန့်သွားရှာတယ် ...ဟား ဘယ်လိုလေးလေးမှန်းမသိဘူး

အို သူများလက်ကိုရဲရဲတင်းတင်းနဲ့ဘာမှန်းမသိဘူး ဒီကောင်လေးက လေ ...ကျစ် ငါကကောဘာလို့ သွားကြီးဖြီးပြီးငြိမ်ခံနေရတာတုန်း ...

"ရပါတယ် ဒီတိုင်းပဲနောက်က ကိုင်ထားလိုက်မယ် "

"မရဘူးပြုတ်ကြလိမ့်မယ်"

မရဘူးစိုတော့ခါးအင်္ကျီစလေးကိုဖွဖွလေးလာကိုင်ရှာတယ် ...ကွာ ဒီတစ်ယောက်နဲ့တော့ အသဲယားစရာတေအရမ်းလုပ်ကိုက်စားပလိုက်ချင်စရာဒေါ်ရည်ရွယ်မိုးစက်ကတော့ ..

သူ့နောက်ကလိုက်လာတာရင်တထိပ်ထိပ်နဲ့ ဘယ်လို ဘယ်လိုရောက်သွားမှန်းမသိဘူး ..အာ ငါသူနဲ့တာ  တစ်နာရီထက်ဒီလိုပူးပူးကပ်ကပ်နေရရင် နှလုံးရပ်ပြီးသေမလားမသိ  စိတ်လျော့ စိတ်လျှော့ ရွယ်ရွယ်ရေ ...

စက်ဘီးကစီးချင်သေးတယ်  မှောင်နေပြီစိုတော့ တစ်မျိုးထင်မှာစိုးလို့ ပြန်ရအုံးမယ် ...
"မှောင်နေပြီစိုတော့ ပြန်ကြမယ်လေ "
ရွယ်ရွယ်ကပြောတော့

"အင်းပြန်မယ်လေ ကျေးဇူးပါ "

"သြော်အမ်အမ်"
ချစ်စရာ ကြောင်တောင်တောင်လေးနဲ့ အမ်အမ်လုပ်နေပုံလေးက လူကိုဒါတေနဲ့ ပြုစားနေလိုက် ..

"တက်လေ ပြန်မယ်စို"
ပြန်မယ်စိုပြီး မတတ်ပဲ သဲတေကိုခြေမလေးနဲ့စော့နေတာ သူ့ကိုသူကလေးမှတ်နေလားမသိ ...

"ဟို Bossရွယ်ရွယ် ဘာသာ ပြန်လိုက်ပါ့မယ်  "

နေပေါ့ သူ့မှာတော့မှောင်နေပြီမို့ ကြောက်မှာစိုးလို့ တူတူပြန်မို့ခေါ်တာကို မာနကြီးနေတာ ..

ရွယ်ရွယ်ပြောသာပြောရတာ သူမပြန်ရဲဘူး သရဲတေဘာတေကြောက် တယ် ...သူ့နားမှာနေပြီးရင်ခုန်နေရတာထက် သရဲ​ကိုရင်ခုန်ရတာမှတော်သေး ..
သူက မထင်ရင်မထင်သလို လူကလက်လာကိုင်လိုက် ပါးလာကိုင်လိုက်နဲ့ ဒီက အရူးမက ရင်တေလိုက်ခုန် ဟိုသရဲက ထိလို့ရတာမဟုတ်ဘူး ..မကြောက်ဘူး မကြောက်ဘူး ..ဖိုက်တင်း မိရည်ရွယ် သူမ ကိုယ့်ကို ကို အားပေးပြီး...
"အင်းအာ့စိုသွားပြီနော် "

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now