အပိုင်း(၁၆)

2.5K 63 3
                                    


အမုန်းများကုန်လွန်သော်

အပိုင်း(16)

သူတို့ထမင်းလည်းစားပြီးကောစကားဘာညာပြောတဲ့အချိန်ထိ မသိသေးလောက်ဘူး သူမကို လာတောင်းရမ်းတဲ့ကိစ္စကို
မေမေတို့ကလည်း ပြောလိုက်ရောပေါ့ အချိန်တေ ကိုဆွဲနေတာ ..ဘာမှန်းမသိဘူး

"ကယ် မိုးခိုင်ရေ စားပြီးသောက်ပြီးကြပြီစိုတော့ စလိုက်ရအောင် "

"အင်းအင်း အဆင်ပြေသလို လုပ်ကြပါ"

"သမီးလေးကိုငါကတော့ အမြန်ဆုံး သားနဲ့သက်ဆိုင်စေ့ချင်တယ်ဟာ ပြီးတော့ ဟိုကိစ္စလည်းသိတယ်မလား ...သတင်းတေထွက်နေတော့ ကုမ္ပဏီက  ​လာတောင်းရမ်းတဲ့ ကိစ္စကလည်း ကုမ္ပဏီကြောင့်မဟုတ်ဘူးနော်"

"အမလေးသိပါတယ် ခင်လေးရယ် တို့ကသာနှမြောနေရတာ ကိုယ့်သမီးအကြောင်းလည်း သိတယ်မဟုတ်လား နဲနဲတော့သည်းခံ ပေးရမယ်ကွယ် ..မင်းထက်အကြီးစိုပေမဲ့ တဇွတ်ထိုးသမားကြီး ကိုယ့်သမီးက "မာမီ့ကိုယ်ပြောနေရင်းသူ့ဘက်လှည့် ပြီး​ ပြောတော့
"ဟုတ်ရပါတယ်ဗျ"
ချက်ချင်းယောက္ခမကြီး ကိုအမြန်ခေါင်းညိမ့်လိုက်ရတယ်။

"မေမေ မပိုးနဲ့ ယူခိုင်းမို့လား"

ဟာ အခုထိ"မ" ကသဘောမပေါက်သေးဘူးလား ကွာ ဒီလောက်ထိပြောနေတာကို အကောင်လိုက်ကြီးပြတာတောင်မြင်မာဟုတ်ဘူး

"သြော် မိရည်ရွယ်ရယ် ညည်းနဲ့တော့ခက်ရချည်ရဲ့ အခုထိမသိသေးဘူးလား "
ကျွန်တော့်ယောက္ခမသူမမေမေက ပြောတော့

"ဘယ်သိမာတုန်းမေမေကလည်း"

မာမီမျက်နှာကွက်ခနဲပျက်သွားတာသူတွေ့လိုက်ပါတယ် မာမီစိုးရိမ်တာသူသိပါတယ် စေ့စပ်ပွဲမဖြစ်သွားမာကိုအရမ်းစိုးရိမ်နေပုံရတယ်  သူ့သားထက် မိန်းကလေးကိုပိုပြီး စိတ်ပူနေတာ ကြည့်ယုံနဲ့သိတယ်

"အာ့စိုသမီးနဲ့ bossနဲ့ပေါ့ ဟုတ်လား"

"ဟဲ့ အလန့်တကြားနဲ့ ဖြေးဖြေးသာသာပြောစမ်းပါ မိန်းကလေးဖြစ်ပြီးညင်သာမူကိုမရှိဘူး"

"အာ မေမေကလည်းမဖြစ်နိုင်လောက်ဘူးလေ  "

"ကယ်ဘာလို့ မဖြစ်နိုင်ရတာတုန်း ပြောစမ်းပါအုန်းမိရည်ရွယ်"

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now