အမုန်းများကုန်လွန်သော်
အပိုင်း (6)
ဘုန်းမင်းလည်းဆုံလည်ကုလားထိုင်ပေါ်မှာကျကျနနထိုင်ပြီး ဖောင်က ဓာတ်ပုံကို ကြည့်လိုက်တော့ မြင်ဘူး သလိုတော့ ရှိ တယ် ..သေချာအောင် မော့ကြည့်လိုက်တော့ ရင်းနှီး တဲ့မျက်နှာပိုင်ရှင် နဲ့ ဟိုတစ်ယောက် ....
"အဟမ်း ဟမ်း " ဘုန်းမင်းက ချောင်းဟန့်လိုက်တော့ ..
ရွယ်ရွယ်လည်း လူပ်စိလူပ်စိဖြစ်လာပြီ ...
ဟုတ်တယ်လေ သူကလှည့်ကြမှလူပြောင်းတာ ...ပြီးတော့လည်းပြောင်းလာတဲ့လူက မျက်နှာကြီးကခပ်တည် တည်နဲ့စိုတော့လူကနေရင်းထိုင်ရင်း နဖူးနား တစ်၀ိုက်ချွေးပြန်လာပြီ အောက်ပိုင်းကခြေဖျားတေအေးလာရော ....အမလေး ....အခု ချောင်းဟန့်သံ ကပါ အာဏာသံ နဲ့စိုတော့ လူက ထိုင်နေလို့သာ မတ်တပ်ရပ်နေရရင်တော့ခွေကနဲ နေမှာ ပြီးတော့လည်းဒါကသူပထမဆုံး အင်တာဗျူးဖြေဘူးတာလေ ...ဘုရား ဘုရား ..
ဘုန်းမင်းကြည့်လိုက်တော့ ပါးစပ်ကလည်း ဘာတေ ရွတ်နေလည်း မသိဘူး ပွစိ ပွစိနဲ့ .....
"မင်းနမည်ကရည်ရွယ်မိုးစက်နော် "
"ဟုတ် "
"အသက်က၂၂လား "
"ဟုတ်ကဲ့ရှင့် "
ရွယ်ရွယ် နဲနဲတင်းလာပြီ ..ဖောင်ထဲမှာ ရေးထားတာတေကိုနောက်တစ်ခါပြန်မေးစရာလား ..ဟိုးခနကတစ်ယောက်ကလည်းဒါတေ မေးပြီးပြီ ..ဘယ်နှစ်ခါတောင် ဖြေရမှာလည်း မသိဘူး ..."ဟိတ် ငါဒီမှာ မေးနေတယ် .."
သူမရှေ့ လက်ဖြောက်တစ်ချက် တီးလိုက်တော့ ..."ဟမ်ဟုတ်ဘာမေးလိုက်တာလည်းမသိဘူးရှင့်" ရှိသမျှသွာ အသကုန်ဖြီးပြီးမေးလိုက်တော့
"အသက် ၂၂စိုတော့ အလုပ်အတွေ့အကြုံတော့ရှိမှာပေါ့ လုပ်သက်ဘယ်နှစ်နှစ်ရှိလည်း "
"ကျွန်မ ဒါပထမဆုံး အလုပ်လျှောက်ဖူးတာပါ "
"မင်း အာ့စို ဘယ်နေရာအတွက်လာလျှောက်တာလည်း "
"ရှင် " မျက်လုံးအပြူသားနဲ့ လာမေး နေတော့ ဘုန်းမင်းသိလိုက်ပြီ အဓိပ္ပါယ်ကောက်လွဲသွားတယ်စိုတာ
YOU ARE READING
အမုန်းများကုန်လွန်သော်(complete)✅
Non-Fictionမမနဲ့မောင်လေးရဲ့ပေါ့ပေါ့ပါးပါးလေးပဲဖတ်ရမှာပါ စိုင်ရဲ့ပထမဆုံးအရေးအသားဆိုတော့သိတဲ့အတိုင်းမကောင်းမကန်းလေးပါ fbမှာတင်ထားပြီးပြီမို့ updateကမြန်ပါမယ် စာလုံးပေါင်းစစ်ပြီးတာနဲ့တစ်နေ့ ၃ပိုင်းဖြစ်ဖြစ် ၄ပိုင်းဖြစ်ဖြစ် upပေးမှာပါ အဟဲ